Main menu

Background

Thursday, 5 Dec 2019

       စစ်ကိုင်းတိုင်းဒေသကြီး  စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ်သည် ငွေထည်၊ ကြေးထည်၊ ကြိမ်ထည်၊ အိုး၊ ဂီတာ၊ ကျောက်စိမ်းအချောထည်၊ ကျောက်လူသုံးကုန်ထုတ်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းစသည်ဖြင့် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းပေါင်း ၇၀ ခန့်ရှိရာ လက် ရက်ကန်း၊ စက်ရက်ကန်း၊ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်လွန်းရာကျော် ချိတ် လုပ်ငန်းများဖြင့် စီးပွားဖြစ်ထွန်းနေသော စစ်ကိုင်းမြို့နယ်၊ စိန်ကုန်း တိုက်နယ်၊  ရန်နိုင်ရပ်ရှိ  ပန်းဝတ်ရည်  ရက်ကန်းလုပ်ငန်းပိုင်ရှင် ဦးမောင်အေးနှင့်တွေ့ဆုံ၍  ရက်ကန်းလုပ်ငန်းအကြောင်းအား လေ့လာတင်ပြရခြင်းဖြစ်သည်။ စစ်ကိုင်းမြို့နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းများ၏ ချည်ထည်၊ ဖဲပိုး၊ ပိုးစစ်အထည်တို့အား

Thursday, 5 Dec 2019

      လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်း ကျားဖောင် ငါးဖမ်းရေလုပ်ငန်း၏ လူကုန်ကူးမှုဖြစ်ရပ် ကြောင့် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိခိုက်မည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ   အီးယူနိုင်ငံနှင့် အနောက်နိုင်ငံများက  စီးပွားရေး  ပိတ်ဆို့မှုလုပ်ရန် မျက်စောင်းထိုး နေခြင်းများရှိသည့်အတွက် ယင်းဖြစ် ရပ်ကြောင့် ဖြေလျှော့ပေးနေမှုများ ရုပ်သိမ်းမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ “အခုလတ်တလော ဖျာပုံမှာဖြစ် သွားတဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး အမှန်အမှားကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့   ဦးဆောင်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် အဲ

Thursday, 5 Dec 2019

           လက်ရှိ ကျားဖောင်လုပ်ငန်းတွင် လူအများအပြား လုပ်ကိုင်နေသောကြောင့် အဆိုပါလုပ်ငန်းမရှိသင့်ဟု ပြောဆို‌သော နိုင်ငံရေးသမား မဲမရနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန် တွေ့ဆုံပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးအရပဲ ဖြစ်စေ၊ လုပ်ငန်း ခွင်သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်လား မရှိသင့် သလားဆိုတာတော့ အားလုံးဝိုင်းစဉ်းစားကြပါ။ လိုင်စင်ထုတ် ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား၊ မပြုဘူးလား ဆို

Thursday, 5 Dec 2019

      မြန်မာနိုင်ငံတွင် ၂၀၁၉-၂၀၂၀ ခုနှစ် မိုးစပါးများစတင် ထွက်ရှိနေပြီဖြစ်ရာ အောက်တိုဘာ ၃၁ ရက်ထိ  စိုက်ဧက ၁၄ ဒသမ ၉၇၆ သန်းအပေါ်  ဧက သုည ဒသမ ၉၈၄သန်း ရိတ် သိမ်းနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှ အထွက်နှုန်း ၇၃ ဒသမ ဝ၄ တင်းဖြင့် စပါးတင်း  ၇၁ ဒသမ ၈၉၈ သန်း ထွက်ရှိနေပြီဖြစ် သည်။ တရုတ်နိုင်ငံ၏ ဆန်ဝယ်ယူမှုနည်းသွားသည့်အတွက် ပြည်တွင်းစပါးဈေးများ ထိုးကျလျက်ရှိရာ   မြန်မာနိုင်ငံကနေ ပြည်ပသို့ စပါးတင်ပို့ခွင့်ကို  တန်ချိန်  နှစ်သိန်းကနေ ငါးသိန်း ကြားအထိ တင်ပို့ခွင့်ပြုရန်   ရှိနေကြာင်းနှင့်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ စပါးတင်ပို့ခွင့် လာ လျှောက်သည့်ကုမ္ပဏီများအား   စိစစ်ပြီး   ဦးဆောင်အဖွဲ့သ

Wednesday, 4 Dec 2019

      စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တရားဝင် ရာနှုန်းပြည့်လုပ်ကိုင်ခွင့်လိုင်စင် ရရှိပြီးနောက် အာမခံ ဝန်ဆောင်မှုကို ပထမဦးဆုံး ဝယ်ယူသူရရှိခဲ့ကြောင်း နိုင်ငံ ခြားအသက်အာမခံကုမ္ပဏီ AIA Myanmar မှ နိုဝင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။ ပြည်တွင်းဈေးကွက်တွင် အာမခံလုပ်ငန်းများလုပ်ကိုင်ခွင့်ပြုရေးအတွက် နိုင်ငံခြားသားရာနှုန်းပြည့် ပိုင် အသက်အာမခံကုမ္ပဏီငါးခု၊ အသက်နှင့် အထွေ ထွေ အာမခံလုပ်ငန်းဖက်စပ်ကုမ္ပဏီခြောက်ခုတို့ကို နိုဝင်ဘာ၂၈ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် လုပ်ငန်းလိုင်စင်ပေးအပ်ခဲ့သည်။

Wednesday, 4 Dec 2019

       ပြည်တွင်း၌ အဓိကမွေးမြူသည့် ငါးသုံးမျိုး၏ ဈေးကွက်တည်ငြိမ်မှု အား နည်းရခြင်းမှာ ညီနောင်အသင်း အချင်း ချင်း ညှိနှိုင်းဆောင်ရွက်မှု အားနည်းနေ ခြင်းကြောင့်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဇော်လင်းက ပြောသည်။ နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၌ ပြုလုပ်သည့် သားငါးကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲတွင် ယင်းသို့ပြောဆိုခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ငါး သုံးမျိုးမှာ ငါးမြစ် ချင်း၊ ငါးတန်၊ ငါးမုတ်တို့ဖြစ်ပြီး ယင်းငါး များသည် ပြည်ပတင်ပို့မှုနှင့် ပြည်တွင်း စားသုံးမှုတို့တွင်များစွာ အရောင်းအဝယ် ဖြစ်သော်လည်း ငါးဈေးကွက်မှာ မတည် ငြ

Thursday, 28 Nov 2019

       ဂလောင်ဂလင်ဆိုတဲ့ ခလောက်သံလေးနဲ့ အတူ ယခင်ကတောင်ပေါ်လမ်းကနေ တရားမဝင် သွားနေတဲ့ ကျွဲ၊ နွား (အရှင်)တွေဟာ လယ်ယာမြေ တွေစိုက်ပျိုးထွန်ယက်ရာမှာ လိုအပ်မှုအခြေအနေ တွေအရ တားမြစ်ပိတ်ပင်ထားခဲ့တော့ အဲဒီအခွင့် အရေးကိုအရယူပြီး ဈေးကွက်ရှိရာ တစ်ဖက်နိုင်ငံ သို့ လက်နက်ကိုင်အဖွဲ့အစည်းတွေက မှောင်ခို တင်ပို့ရင်း အကျိုးအမြတ်တွေရ၊ တစ်ဖက်နိုင်ငံက လည်း ဈေးကွက်နှိမ်ဝယ်ရင်း အကျိုးတွေဖြစ်ထွန်း နေလိုက်တာ စားကွက်တစ်ခုလို အချိန်အတော် ကြာခဲ့သည်။ ဒီလိုအခြေအနေတွေ  ပြောင်းလဲပြီး ယခု အစိုးရ သက်တမ်းကာလမှာ နိုင်ငံတော်က ရသင့် သည့် အခွန်အခ များရရှိစေရန်၊ နယ်စပ်ဖြတ်ကျော် ကူးစက်ရောဂါများ ထိန်းချုပ်နိုင်ရန်၊ ပြည်သူများ အနေဖြင့်

Thursday, 28 Nov 2019

       စင်ကာပူ စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ Yoma Strategic Holdings Ltd  နှင့် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ဝင်ကုမ္ပဏီ  First  Myanmar  Inve-stment Public Co.Ltd.

Thursday, 28 Nov 2019

     ပြည်ပနည်းပညာကိုအခြေခံ၍ ဒေသတွင်းရှိ ဖားများအား စမ်းသပ်မွေး မြူခြင်းနှင့် နည်းလမ်းများ မျှဝေခြင်းတို့ ကို  လုပ်ဆောင်နေကြောင်း  ဖားသား ပေါက်   စမ်းသပ်မွေးမြူထုတ်လုပ်သူ ဦးမိုးရဲဝင်းက ပြောသည်။ ထိုကဲ့သို့ မွေးမြူခြင်းနှင့် နည်း လမ်းမျှဝေခြင်းတို့ ပြုလုပ်ရခြင်းမှာ ဈေး ကွက်မပျောက်စေရန်၊ ဈေးကွက်ပျက် ခြင်းမှ ကာကွယ်နိုင်စေရန်နှင့် ပြည်ပမှ တင်သွင်းစားသုံးနေသည်ကို ပြည်တွင်း ၌ မွေးမြူ၍ ဈေးကွက်တစ်ခုဖြစ်လာစေ ရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Thursday, 28 Nov 2019

         ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီးဌာနနှစ်ခု ပူးပေါင်းမည်ဆိုသည့် သတင်းထွက် ပေါ်လာသည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအဖြစ် ပြင်ဆင်ဖွဲ့စည်းမည်ဟူသော သတင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက တာဝန်ပေးချက်အရ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ယင်းဝန်ကြီး ဌာနနှစ်ခုပူးပေါင်း ဖွဲ့စည်းမည်ကို ပြည်ထောင်စုလွှတ်တော်တွင် နိုဝင် ဘာ ၁၅ ရက်ပုံမှန်အစည်းအဝေးပဉ္စမနေ့တွင် ရှင်းလင်းတင်ပြခဲ့ သည်။ ရှင်းလင်းတင်ပြရာတွင် လက်ရှိစက်မှုဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ သည် နိုင်ငံပို

Pages