Background
မြန်မာနိုင်ငံ၏ GDP သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် သော “Myanmar- Japan- US Forum Fostering Responsible Investment Forum” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ (YCDC) က လက်ရှိလုပ် ကိုင်လျက်ရှိသည့် ရန်ကုန်မြို့ ရေပေးေ၀ သည့် လုပ်ငန်းကို ပုဂ္ဂလိကသို့ လွှဲပြောင်း လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး က ပြောသည်။ သြဂုတ် ၁၉ ရက်က မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေဖြန့်ဖြူးမှုလုပ်ငန်းအား ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်းကို မြို့နယ်၊ ရပ်ကွက် အလိုက် စမ်းသပ်ဆောင်ရွက် မည်ဖြစ်ပြီး ရေအလေအလွင့် လည်း နည်းပါးသွားနိုင်ကြောင်း ရန်ကုန် မြို့တော်ဝန်က ပြောသည်။ "အစိုးရဝန်ထမ်း မလုံမလောက် နဲ့ ထိန်းနေရင် အစိုးရ ဝန်ထမ်းနဲ့ ရေ မသမာမှ
မြန်မာ့ပင်လယ်ပြင်တွင် ငါး သယံဇာတ ထိန်းသိမ်းရေး အစီအစဉ် အရ ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ငါးမဖမ်းရရာသီ သတ်မှတ် ၍ ပိတ်ပင်တားဆီးမှုများ ဆောင်ရွက်ခဲ့ သည်။ ယခင်နှစ်များက ငါးဖမ်း ရာသီ ပိတ်ပင်မှု ဆောင်ရွက်ထားစဉ်ကာလအတွင်း ပြည်သူများ၏ ငါးရိက္ခာစားသုံး မှုအပေါ်ထိခိုက်မှု မရှိစေရေး၊ ငါးဖမ်း လုပ်သားများ၊ ငါးတင်၊ ငါးချဆိပ်ခံ တံတားလုပ်သားများ၊ အအေးခန်းစက်ရုံ လုပ်သားများ၊ ဝယ်ရောင်း လုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်ပတင်ပို့မှုလုပ်ငန်းများတွင် အခက်အခဲများဖြစ်ပေါ်မှု မရှိစေရေးအတွက် ငါးဖမ်းရေယာဉ်အချို့ကို ရာခိုင်နှုန်း သတ်မှတ်ချက်ဖြင့် ဖြေလျှော့ ဖမ်းဆီးခွင့်ပေးခဲ့သော်လည်း ယခုနှစ်မှ စတင်၍ ငါ
လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းရင်းပင် စား သုံး၍ရသော သီးနှံပင်များလည်း တဖြည်းဖြည်းထွန်းကားလာခဲ့ပါ တယ်။ သီးနှံသစ်ပင်များနှင့်အတူ ပြိုင်တူမွေးဖွားပေါ်ပေါက်လာသော ဖွားဖက်တော်များမှာ သီးနှံသစ်ပင်များကို ၎င်းတို့၏ အစာအဖြစ် စားသောက်ကြသော ပိုးမွှားမျိုးစုံတို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သီးနှံ သစ်ပင်တို့ကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ရှိပါတယ်ဟု ဆိုပါတယ်။ မြန်မာနိုင်ငံ မှာတော့ သီးနှံသစ်ပင် များကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာတွင် ပိုးမွှားများဖျက်ဆီးစားသောက်မှု ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရခြင်းဟာ (
မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ကမ္ဘာ့ဘဏ်၏ အဖွဲ့ဝင် ဖြစ်သော အပြည်ပြည်ဆိုင်ရာငွေကြေး အဖွဲ့အစည်း (IFC) တို့မှ လာမည့်နှစ် အနည်းငယ်အတွင်း ဘဏ်၏ လုပ်ကိုင် ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင် နိုင်စေရေးအတွက် အကြံပေးအတိုင် ပင်ခံ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ သြဂုတ် ၁၄ ရက်တွင် နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ် ရေးထိုးကြသည်။ ဤသဘောတူညီချက်၌ မြန်မာ နိုင်ငံသားများဘဏ်၏ လုပ်ငန်းရည် ရွယ်ချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြု၍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အား ပြီးမြောက်စေရန်အတွက် IFC သည် မြန်မာနိုင်ငံသားများဘဏ်နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် အစားအသောက်များတင်သွင်းမှုအပေါ် မတင်သွင်းမီ၊ တင်သွင်းစဉ်အချိန်နှင့် တင်သွင်းပြီးနောက် လုပ်ငန်း စဉ်တစ်လျှောက် ဆောင်ရွက်ရမည့် အစားအသောက် ဘေးကင်းလုံခြုံ စိတ်ချစေရေး ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲမှုစနစ်တို့ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အောက်ပါ အတိုင်း လုပ်ငန်းရပ်များ သတ်မှတ်အကောင်အထည်ဖော် ဆောင် ရွက်ထားရှိပါသည် -
စားသောက်ကုန်များ မတင်သွင်းမီ ကြိုတင် ဆောင်ရွက် ရမည့် လုပ်ငန်းရပ်များ
(၁) ကုန်တင်ပို့သည့်နိုင်ငံ အစိုးရအဖွဲ့များမှ ဆောင်ရွက်ရမည့် အချက်များ
ကရင်ပြည်နယ်သည် စိုက်ပျိုး ရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေး ကဏ္ဍတွင် ဆန်စပါး၊ ရော်ဘာ၊ သီးနှံ အမျိုးမျိုး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့်အပြင် ဆေးဖက်ဝင်သီးနှံတွင် ပါဝင်သည့် ဝဥသီးနှံကို စိုက်ပျိုးလျက် ရှိသည်။ စိုက်ပျိုးပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်တွင် ဥများကို တူးဖော်နိုင်ခြင်း၊ ပြည်ပဈေးကွက်ဝင် ဖြစ်ခြင်းနှင့်အညီ ဆေးဖက်ဝင် သီးနှံတစ်မျိုးဖြစ်သည့်အတွက် အကျိုးအမြတ်ကို မျှော် ကိုးပြီး စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာပြီး အရောင်းအဝယ်လည်း သွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်း ကမ္ဘာ့ဈေးကွက်၌ နာမည်ရပြီးဖြစ်သော သဘာ၀ တန်ဖိုးနည်းကျောက် ကိုးမျိုးထွက်ရှိပြီး အင်ကြင်း ကျောက်၊ ထန်းကျောက်ဖြင့် ပြုလုပ်ထားသည့် လက်မှုအနုပညာပစ္စည်း များ သည် အသက်ရှည် ခြင်း၊ လာဘ်လာဘကောင်းခြင်း၊ ကိုယ်ခံစွမ်းအား ကောင်းခြင်း စသည့်အယူအဆများကြောင့် ဈေး ကွက်တွင် လူကြိုက်များပြီး အရောင်းသွက်လျက် ရှိကြောင်း သိရသည်။ အင်ကြင်းကျောက်သည် ရှေးကာ လသစ်ပင်ကြီးများ လဲပြိုကျပြီး နွံမြေ (သို့မဟုတ်)ဆီနှင်းထူထဲပိတ်လှောင်မိပြီး နှစ်သန်း ပေါင်းများစွာ ပြင်ပလေနှင့်ထိတွေ့မှု မရှိသည့် အခြေအနေမှ ကျောက်သားအဖြစ် ပြောင်းလဲသွား ခြင်းဖြစ်သည်။ မည်သည့်အပင်မျိုးမဆို နှစ်ကာလ ကြာမြ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးတွင် သြဂုတ် ၁ ရက်မှ ၁၄ ရက်အထိ ငါးမျိုးစုံပိဿာချိန် ၂၂၃၉၃၉၇ နှင့် ပုစွန်ပိဿာချိန် ၁၁၂၅၃ ဝင်ရောက်ခဲ့သည်။ ငါးအဝင်နှင့်ဈေးနှုန်းများမှာ ငါးခူ၊ ငါးကျည်း တစ်ပိဿာ ကျပ် ၆၅၀၀-၁၂၀၀၀ ဈေးနှင့် အဝင် ၁၅၅၇ ပိဿာ၊ ငါးရံ့တစ်ပိဿာကျပ် ၆၀၀၀-၁၀၀၀၀ ဈေးနှင့် အဝင် ၁၁၇၀ ပိဿာ၊ ငါးရှဉ့်တစ်ပိဿာ ကျပ် ၆၀၀၀-၁၀၀၀၀ ဈေး နှင့် အဝင် ၁၂၇၉ ပိဿာ၊ ငါးမြစ်ချင်းတစ် ပိဿာ ကျပ် ၃၀၀၀-၄၀၀၀ ဈေးနှင့် အဝင် ၆၇၈၃၈၈ ပိဿာ၊ ငါးကြင်းတစ်ပိဿာ ကျပ် ၄၀၀၀-၆၅၀၀ ဈေးနှင့် အဝင် ၅၄၅၁၇၀ ပိဿာ၊ ငါးခေါင်းပွတစ်ပိဿာ ကျပ်(၂၅၀၀-၃၈၀၀) ဈေးနှင့် အဝင် ၁၄၁၇၆၀ ပိဿာ၊ ငါးသေ လာက် တစ်ပိဿာကျပ် ၈၀၀၀-၁၃၀၀၀ ဈေးနှင့်










