Background
မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၂ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၇၃၀ဝ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ တန်ချိန် ၅၀ဝခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၁၆၀ ကျော်တင်ပို့ခဲ့သည်။
ဂျပန်ဘာသာဖြင့် Edamame ၊ တရုတ်ဘာသာဖြင့် Moa Dou လို့ ခေါ်တဲ့ ရွှေပဲသီး ခေါ် ပဲပုပ်ကြီး (Edible Soy Bean)ကို နိုင်ငံတကာ ဈေးကွက်၌ ဈေးကြီးပေးဝယ်ယူ စားသောက်နေကြသည်ကို တွေ့ရှိရသည်။ ပဲသီးအေ တာင့်လိုက်ကို ဆားအနည်းငယ်ထည့်ပြုတ်ပြီး သရေစာအဖြစ် သော်လည်းကောင်း၊ အစာမစားမီ နှုတ်မြိန်စေရန်သော်လည်းကောင်း စားသုံးကြသည်။ တရုတ်လူမျိုးများသည် ရွှေပဲသီးကို အသားငါးများ သို့မဟုတ် အခြား အသီး ရွက်များနှင့် ရောနှော ချက်ပြုတ်စားသောက်ကြသည်။ အစေ့ ၅၀ ပါ တစ်ထုပ်ကို အမေရိကန်နိုင်ငံဈေးကွက်၌ ၂ ဒသမ ၉၅ ဒေါ်လာ ဈေး ပေါက်ပြီး တရုတ်ဈေးကွက်၌ ၃ ဒသမ ၀၈ ဒေါ်လာ၊ အစေ့ ၅၀၀ ပါ (လေးေ အာင်စ)တစ်ထုပ်ကို ၁၂ ဒသမ ၉၅ ဒေါ်လာ ပေါက်ဈေးရှိ ကြ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ဧရာကုန်သွယ်မှုဗဟိုဌာနတာဝန်ခံသည် ကုန်သွယ်မှုသတင်းအချက် အလက်ဖြန့်ဝေပေးရေးနှင့် ကုန်သွယ်မှုနှင့်ပတ်သက်သော ဝန်ေ ဆာင်မှုလုပ်ငန်းများကို ဒေသတွင်းထုတ်ကုန်လုပ်ငန်းရှင်များနှင့် ပိုမိုထိရောက်စွာ၊ ပိုမိုနီးကပ်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဇူလိုင် ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်သို့ သွားရောက်၍ ဒေသ တွင်း ထုတ်ကုန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းက ကြီးမှူးကျင်းပမည့် YSX EXPO 2019 ကို စက်တင်ဘာ ၁ရက်တွင် ရန်ကုန် မြို့ရှိNovotel Yangon Max Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အခမ်းအနားအတွင်း ပြခန်း (Exhibition Booth)များ ပါဝင်ပြသပေးမည့်အပြင် အခြားသော စတော့ရှယ်ယာနှင့် ပတ်သက်သော ဗဟုသုတ များကို မျှဝေပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် စတော့ရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအတွက် Securities အေ ကာင့်များ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကံစမ်းမဲများစွာကိုလည်း ပါဝင်ကံစမ်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အစုရှယ်ယာဈေးကွက်ကို စိတ်ပါဝင်စားသူများအားလုံး ပါဝင်တက်ရောက်နိုင်ပြီး တက်ရောက်ရန် စာရင်းပေးသွင်းလိုပါက
ပြည်တွင်းရွှေဈေးနှုန်းနှင့် နိုင်ငံတကာရွှေဈေးမှာ ယခုတစ်ပတ်အတွင်း ဈေး ထပ်မံမြင့်တက်ခဲ့သည်။ ယခင်ရက်သတ္တပတ်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁၄၇၀၀၀ရှိခဲ့ရာမှ ယခုရက်သတ္တပတ်မှာတော့ ကျပ် ၁၁၅၁၀၀၀ သို့ မြင့်တက် ခဲ့ခြင်းဖြစ်သည်။ "အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ထပ် တရုတ်ကုန်စည် အမေရိကန်ဒေါ်လာ ၃၀၀ဘီလျံဖိုးအပေါ် ထပ်တိုးခွန် ၁၀ရာခိုင်နှုန်းချမှတ်မယ်လို့ ကြေညာ ချိန်မှာပဲ ရွှေက တစ် ရှိန်ထိုးပြန်တက်သွားတယ်။ နောက်ပြီး ဗြိတိန်ကလည်းဝန်ကြီးချုပ် သစ်တက်လာသလို သုံးလအတွင်း အီးယူကထွက်ကိုထွက်မယ်လို့ ကြေညာတာ လည်းရှိတော့ ရွှေကို ပင့်တင်လိုက်သလိုဖြစ်သွားတယ်။ ကမ္ဘာ့စီးပွားရေးလော က မှာလည်း အကျပ်အတည်းဖြစ်နေချ
၂၀၁၉ ခုနှစ်သည် Mekong – Japan Exchange Year 2019 (မဲခေါင်-ဂျပန်ချစ်ကြည်ရေးနှစ်) ဖြစ်သည်နှင့်အညီ မဲခေါင်ဒေသတွင်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများနှင့် ဂျပန် နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်နိုင်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများဖလှယ် သည့်အနေဖြင့်၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစတင်၍ အဆိုပါနိုင်ငံများတွင် ချစ်ကြည်ရေးအထိမ်း အမှတ်ပွဲများကို ကျင်းပလျှက် ရှိပါသည်။
ဇူလိုင်၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၅၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှု များမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၄၈၆၀ တန်ချိန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၃၆၀ကျော်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၅၀ ကျော်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခု တစ်ပတ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀ ကျော်တင်ပို့ခဲ့သည်။
ပန်းနုရောင်ဆုံဆီ ထုတ်လုပ်မှုကို သမစလမ်း၊ စက်မှုဇုန် မုံရွာမြို့၌ ၂၀၁၃ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပန်းနုရောင်ဆုံဆီကနွားဖြင့်ကြိတ်သည့် မိရိုးဖလာနည်း ကိုလည်း မပယ်ရှားဘဲ စက်ဖြင့်ပြောင်းလဲကြိတ်ခဲ့ကြောင်း၊ ယခင်က မြေပဲသာမက နှမ်းဆီ၊ ကြယ်ပဲဆီနှင့် မုံညှင်းဆီတို့ကိုပါ ထုတ်လုပ် ရောင်းချခဲ့ကြောင်း၊ ထိုဆီများမှာ ဈေးနှုန်းများပြားကာ အရောင်း အဝယ် မဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ မြေပဲဆီ တစ်မျိုးတည်းကိုသာ လက်လီရောင်းချနေကြောင်း သိရပါတယ်။
ဆီကြိတ်တဲ့ ကျည်ပွေ့ကို ရှားသားနဲ့ပြုလုပ်ပြီး ဆီဆုံကို
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုး ရေးလုပ်ငန်းဖြစ်ပြီး ဂျုံရိုးဦးထုပ်လုပ်ငန်းမှာအသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ကျေးရွာတစ်ရွာလုံးနီးပါးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ် သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှ တရားဝင် တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင် တင်ပို့ နိုင်ဖို့လုပ်နေရာမှ အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရာ