Main menu

Background

Tuesday, 8 Oct 2019

     စတုတ္ထစက်မှုတော်လှန်ရေးတွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ ပါဝင်နိုင်ရန် ဆောင်ရွက်ရမည့် နည်းလမ်းခြောက်ခု နှင့်ပတ်သက်၍ Enhanced Integrated Framework (EIF)မှ  Ratnakar Adhikari က  ဆောင်းပါးတစ်ပုဒ်အကြံပြုရေးသား ဖော်ပြထားသည်။ အဆိုပါဆောင်းပါးတွင် စတုတ္ထစက်မှုတော်လှန်ရေး ခေတ်တွင် စက်ပစ္စည်းများ၊ စက်ရုပ်များက လူသားတို့နေရာ တွင် အစားထိုးဝင်ရောက်သွားပြီး  အလုပ်လက်မဲ့ဦးရေများပြား လာမည်ဟု တချို့က  ယုံကြည်ကြကြောင်း၊ တချို့ကလည်း ဖွံ့ဖြိုးမှု   အနည်းဆုံးနိုင်ငံများအတွက် ကြီးမားသည့် အလား အလာကောင်းဖြစ်သည်ဟု   ရှုမြင်ကြကြောင်း မိတ်ဆက် ရေးသားဖော်ပြထားသည်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအနေဖြင့်   စတ

Tuesday, 8 Oct 2019

     လက်ကိုင်ဖုန်းနှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့် အရောင်းပြေစာတွင်  အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်မှုများအပေါ် ပြီးခဲ့သည့်ဇွန်လမှ စတင်ကာ ဒဏ်ငွေရိုက်အရေးယူလျက်ရှိရာ ယင်းဒဏ်ရိုက်မှုမှ သြဂုတ်လအထိ ကျပ်သန်း ၆၀ နီးပါးရရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ ယင်းဌာနအနေဖြင့် ပြီးခဲ့သည့်  ဇွန်လမှစတင်၍ အဆိုပါပျက်ကွက်မှုများ အပေါ် ဒဏ်ငွေရိုက်အရေးယူခဲ့ရာတွင် သြဂုတ်လအထိ ဒဏ်ရိုက်မှု ၅၉၆ မှု ရှိခဲ့ပြီး ဒဏ်ကြေးငွေအနေဖြင့် ကျပ် ၅၉ ဒသမ ၇၆၂ သန်းခန့်ရရှိခဲ့ကြောင်း သိရ သည်။ ပြေစာပေါ်တွင် အခွန်တံဆိပ် မကပ်နှိပ်ခြင်းအား သတင်းပေးတိုင်ကြားလာသည့်အမှု  ၃၀ မှု ရ

Tuesday, 1 Oct 2019

     ဧရာဝတီတိုင်းဒေသကြီး ဆန်၊ စပါးဈေးကွက်၌ စက်တင်ဘာလအတွင်း ဈေးနှုန်းကျဆင်းကာ  အရောင်းအဝယ် အေးလျက်ရှိပြီး ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်တို့တွင် ပေါ်ဆန်းစပါးဈေးနှင့် ဧည့်မထ မိုးစပါး ဈေးများ ကျဆင်းလျက်ရှိသည်။ ပုသိမ်ခရိုင်တွင် ပေါ်ဆန်းစပါး ၄၆ပေါင်တင်း ၁၀၀ ကို ကျပ်ကိုးသိန်းခွဲ၊ ၁၀ သိန်းဝန်းကျင်မှ ယခုကျပ် ရှစ်သိန်းခွဲ၊ကျပ်ကိုးသိန်း  မိုးဧည့်မထစပါး ၄၆ ပေါင်တင်း ၁၀၀ ကို ကျပ် ၅၅၀၀၀၀၊  ကျပ် ၅၉၀၀၀၀ မှ ယခု ကျပ် ၅၃၀၀၀၀၊ ကျပ် ၅၄၀၀၀၀ ခန့်ဈေး၊ မြောင်းမြခရိုင် ပေါ်ဆန်းစပါး ၄၆ ပေါင်တင်း ၁၀၀ ကို  ကျပ်  ၈၈၀၀၀၀-၉၃၅၀၀၀ မှ ယခု ကျပ် ၈၃၀၀၀၀- ၈၅၀၀၀၀ နှင့် မအူပင်ခရိုင်တွင် ပေါ်ဆန်း စပါ

Tuesday, 1 Oct 2019

     ဒေသငါးမျိုးများ မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန်နှင့် စီးပွားဖြစ် ငါးမျိုး သစ်များ ဖော်ထုတ်မျိုးပွားနိုင်ရေးအတွက် သုတေသနပြုမှုများ အရှိန်မြှင့်ဆောင် ရွက်နေကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ လက်ရှိတွင် သုတေ သန လုပ်ငန်းများအတွက် ရေချိုငါးများ သားဖောက် ခြင်း လုပ်ငန်းကိုလည်းကောင်း၊ ဒေသတွင်း ငါး၊ ပုစွန်ကျန်းမာမှုအတွက် အထောက်အကူ ပြုစေမည့် ငါးလုပ်ငန်း စခန်းအတွင်းရှိ ငါး၊ ပုစွန်ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဓာတ်ခွဲခန်းကို လည်းကောင်း ဆောင်ရွက်လျက်ရှိ ကြောင်း ယင်းဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က စက်တင်ဘာ ၂၄ ရက်တွင် ပြောသည်။

Pages