Background
ဇူလိုင်၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၅၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှု များမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၄၈၆၀ တန်ချိန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၃၆၀ကျော်နှင့် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၅၀ ကျော်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခု တစ်ပတ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀ ကျော်တင်ပို့ခဲ့သည်။
ပန်းနုရောင်ဆုံဆီ ထုတ်လုပ်မှုကို သမစလမ်း၊ စက်မှုဇုန် မုံရွာမြို့၌ ၂၀၁၃ ခုနှစ်ကတည်းက ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပန်းနုရောင်ဆုံဆီကနွားဖြင့်ကြိတ်သည့် မိရိုးဖလာနည်း ကိုလည်း မပယ်ရှားဘဲ စက်ဖြင့်ပြောင်းလဲကြိတ်ခဲ့ကြောင်း၊ ယခင်က မြေပဲသာမက နှမ်းဆီ၊ ကြယ်ပဲဆီနှင့် မုံညှင်းဆီတို့ကိုပါ ထုတ်လုပ် ရောင်းချခဲ့ကြောင်း၊ ထိုဆီများမှာ ဈေးနှုန်းများပြားကာ အရောင်း အဝယ် မဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ မြေပဲဆီ တစ်မျိုးတည်းကိုသာ လက်လီရောင်းချနေကြောင်း သိရပါတယ်။
ဆီကြိတ်တဲ့ ကျည်ပွေ့ကို ရှားသားနဲ့ပြုလုပ်ပြီး ဆီဆုံကို
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုး ရေးလုပ်ငန်းဖြစ်ပြီး ဂျုံရိုးဦးထုပ်လုပ်ငန်းမှာအသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ကျေးရွာတစ်ရွာလုံးနီးပါးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။
၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ် သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှ တရားဝင် တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင် တင်ပို့ နိုင်ဖို့လုပ်နေရာမှ အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရာ
ဆိုဒါအချိုရည်က အဝလွန်မည့်အန္တရာယ်ရှိရုံမျှမက ကင်ဆာဖြစ်မည့် အန္တရာယ်ပါရှိကြောင်း လေ့လာချက်တစ်ခုအရ သိရကြောင်း ဘလွန်းဘတ်သတင်းတွင် ဖော်ပြသည်။ အကြမ်းဖျင်းအာဖြင့် ကုတ်ဘူးတစ်ဘူး၏ သုံးပုံ တစ်ပုံရှိသော ဆိုဒါ ၃ ဒသမ ၄ အောင်စကို နေ့စဉ်သောက်သုံးပါက တချို့သော ကင်ဆာအမျိုးအစားကို ဖြစ်နိုင်သော အန္တရာယ် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင်ဖော်ပြသည်။ ရင်သားအကျိ တ်ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားပြီး ၂၂ ရာ ခိုင်နှုန်းရှိသည်။ အချိုရည်မပါသောအသီးဖျော်ရည်ကို အလားတူပမာဏအတိုင်း သောက်သုံးပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများ ကြောင်း သုတေသီများက တွေ့ရှိထားသည်။
ပြည်တွင်းရှိ ကျောက်မျက်ဈေးကွက်အတွင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ် လုပ်ထားသည့် မိုးကုတ်ကျောက်မျက် ရတနာများကို Limited Edition ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုးကုတ်ဆူးလေ ကျောက်မျက်ရတနာ အရောင်းဆိုင်မှ သိရသည်။ ကျောက်မျက်ရတနာ ဝတ်ဆင် ကြသူများအနေဖြင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ဒီဇိုင်းထွင်၍ ဝတ်ဆင်လာကြသလို ပန်းပွင့်ပုံစံဒီဇိုင်းများ၊ ဖန် စီဆန်ဆန်ဒီဇိုင်းများကိုလည်း ဝတ်ဆင်လာကြကြောင်း သိရသည်။
၁၀၀ ဂရမ်အောက် ကဏန်းများ ပြည်ပသို့ တင်ပို့နေမှု များကြောင့် ပြည်တွင်း၌ ကုန်ကြမ်းများ ရှားပါးလာကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ဇူလိုင် ၉ ရက်တွင်ပြောသည်။ "အခုနောက်ပိုင်းမှာ ကဏန်းပျော့လုပ်ငန်းတွေ အတွက် ကုန်ရှားလာတယ်။ အခွံမာကဏန်းတွေ ပြည်ပကို တင်ပို့တဲ့အခါမှာ ၁၀၀ ဂရမ်အရွယ်အစားရှိတဲ့ ကဏန်းတွေကိုပါ ပြည်ပတင်ပို့တာတွေ လုပ်ကိုင်လာကြတော့ ကုန်ရှား လာတယ်။ ငါးဦးစီးအနေနဲ့အရင်တုန်းကတော့ ၁၀၀ ဂရမ်အောက် ဆိုရင် မဖမ်းရဘူး၊ မရောင်းရဘူး၊ ပြည်ပ မတင်ပို့ရဘူးဆိုပြီး သတ်မှတ်ထားပေမယ့် ၂၀၁၀ ခုနှစ်မှာ ဒီလုပ်ငန်းတွေကို ဖွင့် ပေးလိုက်တော့ ဒရဟော ထွက်ကုန် တဲ့ အတွက် ကဏန်းပ
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် အောင်မြင်မြို့တွင် တံခွန်စက်မှု လက်မှု လယ်ယာသုံးစက်ကိရိယာများထုတ်လုပ်ဖြန့်ချိရေးမှ ထုတ်လုပ်သော ပြောင်း အခွံခွာရန်မလိုသော ပြောင်းခြွေလှေ့သန့်စင်စက်ကို ပြောင်း စိုက်တောင်သူများ ဝယ်ယူနိုင်ပြီဖြစ်သည်။တံခွန်စက်မှုလက်မှုမှ ထုတ်လုပ်လျက်ရှိသော ပြောင်းဖူးခြွေလှေ့စက်မှာ မြင်း ကောင်ရေ(၂၅-၂၈) ကောင်အားပေးစက်တပ်ဆင်ထားသည်။စက်စွမ်းအားအနေဖြင့် တစ်နာရီလျှင် ပြောင်း ဖူးဆန်တင်း(၁၀၀ မှ၁၅၀အထိ) ခြွေနိုင်ပြီး ရွှေ့ပြောင်းရ လွယ်ကူသော ဘီးတပ်ခြွေလှေ့စက်ဖြစ်သည်။ ပြောင်းခြွေလှေ့စက်၏ တန်ဖိုးမှာ အားပေးစက်အပါအဝင် ကျပ်သိန်း ၃၄ ဝန်းကျင်သာရှိသော ပြည်တွင်းထုတ်စက်ဖြစ် သည်။
ယခုအခါတွင် စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန် တိုးမြှင့် ရေးအတွက် သီးနှံများကို အရှိန်အဟုန်မြင့်တိုးမြှင့်ဆောင်ရွက်နေကြရသည်။ အထွက်ကောင်းသော သီးနှံများမျိုးများရွေးချယ် စိုက်ပျိုးလာကြသည်။ သီးထပ်သီး ညှပ်သီးနှံပုံစံများ စိုက်ပျိုးလာကြသည်။ ဤသို့ စိုက်ပျိုးလာသည်နှင့်အမျှ သီးနှံများနှင့် ယှဉ်တွဲပါလာသည့် ဖွားဖက်တော်များမှာ သီးနှံများကို ဖျက်ဆီးမည့် ပိုးမွှားရောဂါများပင် ဖြစ်သည်။သီးနှံထုတ်လုပ်သူများကလည်း စပါး၊ ပဲ မျိုးစုံ၊ ဆီထွက်သီးနှံ ဟင်းသီးဟင်းရွက်သစ်သီးဝလံ၊ စားဖိုဆောင်သီးနှံစသည့် လူသားတို့ အတွက် အဓိကရိက္ခာများကို ထုတ်လုပ်ကြသည်။ ဤသို့ထုတ်လုပ်ကြရင်းပင် မိမိတို့၏သီးနှံများ အရောင်းအသွေးလ
CB ဘဏ်၏ Credit Card ကိုင်ဆောင်သူများသည် ဇွန်လမှစတင်ကာ နိုဝင်ဘာလကုန်အထိ အတိုးမဲ့အရစ်ကျ ဈေးဝယ်ခြင်းအစီအစဉ် (သုည ရာခိုင် နှုန်း IPP)ဖြင့် Shop. com.