Background
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ အရောင်းအဝယ်အေးတဲ့အတွက် ဆန်ချောဈေးငြိမ်နေပြီး ဆန်ကြမ်း ဈေးအကျဘက်ရောက်နေကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်လက်ကားဈေးနှုန်း များအရ ဖျာပုံပေါ်ဆန်းထိပ်စတစ်အိတ်ကျပ် ၅၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၁၀ဝဝ၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်း ဆန်ထိပ်စတစ်အိတ်ကျပ် ၅၆၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၄၀ဝဝ၊ ကျိုက်လတ်ပေါ် ဆန်းဆန်ထိပ်စတစ်အိတ်ကျပ် ၅၀ဝဝဝနဲ့လတ်စတစ်အိတ်ကျပ် ၄၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၆၁၀ဝ၀ - ၆၃၀ဝဝ၊ ပေါ်ဆန်း(ရှယ်) တစ်အိတ်လျှင် ကျပ် ၅၀ဝဝဝ - ၅၃၀ဝ၀ ရှိပြီး ယခင်တစ်ပ တ်ဈေးအတိုင်း အပြောင်းအလဲမရှိကြောင်း သိရပါတယ်။ယခု တစ်ပတ်မှာ ဆန်အဝင်နည်းသလိ
အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် တန်ချိန် ၆၃၉၀ ခန့်တင်ပို့ ခဲ့ကြောင်း သိရပါ တယ်။မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့မှုမှာ ဧည့်မထဆန် တန်ချိန် ၅၈၂၀ကျော်နဲ့ ကောက်ညှင်းဆန် တန်ချိန် ၁၀ဝ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဧည့်မထ ဆန် ၁၆၇ တန်နဲ့ ငစိန်ဆန် တန် ချိန် ၃၀ဝ၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် ၂ တန်ကျော် တင်ပို့ခဲ့တာဖြစ် ကြောင်းနဲ့ ယခုတစ်ပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ဆန်တင်ပို့မှုမရှိကြောင်းသိရပါတယ်။ နယ်စပ်စခန်းများမှ ယခုတစ်ပတ် ဆန်တင်ပို့မှု
စီးပွားရေးလုပ်ငန်းများ သို့မဟုတ် ကုမ္ပဏီများသည် အရှေ့တောင်အာရှဒေသတွင်ရှိသော စီးပွားရေးတိုးတက်မှု အလားအလာကောင်းများကို ရယူအသုံးချရန် စိတ်အားထက်သန်နေကြသည်။ သို့သော်လည်း ၎င်းတို့သည် အရှေ့ တောင်အာရှဒေသတွင် လုပ်ငန်းတိုးချဲ့ရန်အတွက် အဓိကအခက်အခဲ(၃)မျိုးကို ရင်ဆိုင်နေရကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ပထမအချက်မှာ စည်းမျဉ်းစည်းကမ်း နှင့် လုပ်ထုံးလုပ်နည်း အဟန့်အတားများ (Rules and regulatory barriers) ကို ကျော်လွှားရန် ခက်ခဲခြင်းဖြစ်သည်။ ဒုတိယအခက်အခဲမှာ သင့်လျော်သောစီးပွားရေးလုပ်ငန်း မိတ်ဖက်များ (Business partners) ရှာဖွေရန် မလွယ်ကူခြင်း ဖြစ်သည်။ တတိယအ ချက်မှာ လုပ်ငန်းတိုးတက်မှုကို
ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ လုံးဆန်(အဖြူ)ဈေးကျလာပြီး (အနီ)ဈေးအနည်းငယ်ပြန်မြင့် လာတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ် တောင်ကုတ်ဘက်မှာ မြေပဲဆန်ဆီဆန်မှာ တစ်နေ့လျှင် အိတ် ၂၀၀ လောက်ဝင် ရောက်မှုရှိသဖြင့် ဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။မိုးမြေပဲအသစ်များ ဈေးကွက်သို့ ဝင်ရောက်မှုမရှိသေး လို့ အခြားနယ်မှ မြေပဲဆန်များနှင့် လှောင်မြေပဲဆန်များ ကြောင့် ပြည်ဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။ ရခိုင်ဘက်မှ ဝင်ရောက်လာတဲ့ ဆီဆန်များကို ပြည်ပွဲရုံများတွင် လုံးဆန်နှင့်ဆီဆန်ကိုပြန်လည် ရွေးပြီးခွဲခြား ၍ ရောင်းချတာ တွေ့ရပါတယ်။ မြေပဲဆီဆန်ဈေးမှာ တစ် ပိဿာလျှင် ကျပ် ၂၂၀
ကလေးဒေသထွက်နာနတ်သီးများသည် ကျောက်ပန်းတောင်း မြို့နယ်ရှိ သစ်သီးကုန်စည်ပွဲရုံများတွင် ဝင်ရောက်လျက်ရှိရာ အညာဒေသရှိ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ညောင်ဦး၊ တောင်သာ၊ နွားထိုးကြီး၊ ဆိပ်ဖြူ၊ စလင်းမြို့နယ်များမှ လက်လီဆိုင်များက ဝယ်ယူသည့်အတွက် အရောင်းသွက်နေကြောင်း သိရသည်။''အသစ်စပေါ်တာကတော့ ဇွန်လလယ်ကစတာပါ။ သကြားနာနတ် တစ်လုံးကိုကျပ် ၁၂၀၀ ရှိတယ်။ တစ်ပတ်ကို နာနတ်သီးအလုံး ၃၀၀ ပဲ ရောင်းရတာ။ ယခုတော့ နာနတ်သီး တစ်လုံးကိုကျပ် ၇၀၀ ရောင်းတယ်။ ဈေးကလည်းကျသွားတော့ အဝယ် လိုက်တာပေါ့။ တစ်ပတ်ကိုအလုံး ၈၀၀ နီးပါးရောင်းရတယ်''ဟု ကျောက်ပန်းတောင်းမြို့ လက်ကားရောင်းသူတစ်ဦး ကပြောပါသည်။နာနတ်သီးတွင် ခါးပတ်နာနတ်နှင့်သကြားနာနတ်ဆို
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ အမယ်သစ်ပို့ကုန်အဖြစ် ဒူးရင်းသီးကို တရုတ်နိုင်ငံသို့ ၂၀၁၈ ခုနှစ် ဇူလိုင်လမှ စတင် တင်ပို့နိုင်ခဲ့ပြီး အရေအတွက် အားဖြင့် ၅ဒသမ၂ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၆၀၉ ခန့် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ဒူးရင်းသီး ပို့ကုန်လိုင်စင်ဈေးမှာ တစ်တန်လျှင် ၁၂၇၁ အမေရိကန် ဒေါ်လာဖြစ်ပါတယ်။ ဒူးရင်းသီးကို ပြည်တွင်းမှာ တစ်တန်ကို ကျပ် ၁၁ သိန်းခန့်ဝယ်ယူရပြီး တစ်ဖက်တရုတ်နိုင်ငံမှာ တစ်တန်ကို ကျပ် ၃၅ သိန်းခန့် ဈေးရရှိကာ တရုတ်နိုင်ငံ ကွမ်းတုံမြို့အထိ သယ်ယူတင်ပို့ရောင်းချတယ်လို့ လည်းသိရှိရပါတယ်။ဒူးရင်းသီးဟာဆိုရင် မြန်မာနိုင်ငံမှာသာမက ထိုင်း၊ မလေးရှားနိုင်ငံတို့မှလည်း အများဆု
ဇွန်လ ၁၀ ရက်မှ ၁၆ ရက် သီတင်း ပတ်အတွင်း ချင်း ၃၅၂ တန်ကို ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် သီရိလင်္ကာနိုင်ငံသို့ တန်ချိန်၃၀၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၁၈၇ တန်နဲ့စင်ကာပူ နိုင်ငံသို့ ၁၃၅ တန် တင်ပို့ ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ ချင်းတန်ချိန် ၇၇၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၄၂၀ ကျော်တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ချင်းစိုတစ်တန်ကို ပျမ်းမျှအမေ ရိကန်ဒေါ်လာ ၇၀၀ ကျော်ရရှိခဲ့ပြီး ချင်းစိုတစ်တန် ပျမ်းမျှ အမေရိကန် ဒေါ်လာ ၂၀၀ ဝန်းကျင်ရရှိခဲ့ပါတယ်။ ဒီတစ်ပတ် ချင်းတင်ပို့မှုမှအမေရိကန်ဒ
ဇွန်လ ၁၀ ရက်မှ ၁၆ရက်အထိ သီတင်းပတ်အတွင်း နနွင်း ၁၆၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် စင်ကာပူနိုင်ငံသို့ ၂၉ တန်၊ ဂျော်ဒန်နိုင်ငံသို့ ၅၈တန်နဲ့အိန္ဒိယသို့ ၇၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့နနွင်းတန်ချိန် ၂၆၀ ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၁၀၀ကျော် တင်ပို့မှုလျော့နည်းခဲ့တယ်လို့သိရပါတယ်။ နနွင်းတစ်တန်ကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅၀၀-၅၁၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ဒီတစ်ပတ် နနွင်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၂၃၀၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း( DOT )
ပြည်မန်ကျည်းမှည့်(ပွဲရုံ) တွင် မန်ကျည်းမှည့်ဝင်ရောက် မှုဆက်တိုက်ရှိနေပြီး ရွှေတောင်၊ ကျီးသဲ၊ မြန်အောင်၊ ထုံးဘို တို့မှ အစေ့မပါ မန်ကျည်းမှည့်တွေ ဝင်ရောက်နေပါတယ်။အရောင်းအဝယ်အနေနဲ့ကတော့ ပြည်မှာမိုးဆက် ရွာပြီး မိုးကောင်းနေပေမယ့် ရခိုင်နှင့် ရန်ကုန်တို့မှ မန်ကျည်း မှည့် အဝယ်ရှိတာကြောင့် ပြည်မန်ကျည်းမှည့် ပွဲရုံသမားများ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။
ပြည်မန်ကျည်းမှည့်(ပွဲရုံ) တွင် မန်ကျည်းမှည့်ဝင်ရောက် မှုဆက်တိုက်ရှိနေပြီး ရွှေတောင်၊ ကျီးသဲ၊ မြန်အောင်၊ ထုံးဘို တို့မှ အစေ့မပါ မန်ကျည်းမှည့်တွေ ဝင်ရောက်နေပါတယ်။အရောင်းအဝယ်အနေနဲ့ကတော့ ပြည်မှာမိုးဆက် ရွာပြီး မိုးကောင်းနေပေမယ့် ရခိုင်နှင့် ရန်ကုန်တို့မှ မန်ကျည်း မှည့် အဝယ်ရှိတာကြောင့် ပြည်မန်ကျည်းမှည့် ပွဲရုံသမားများ အရောင်းအဝယ် ဖြစ်လျက်ရှိနေကြောင်း သိရပါတယ်။