Main menu

Background

Friday, 15 Jun 2018

စစ်ကိုင်းတိုင်းဒေသကြီး စပါး၊ဆန်  ပိုလျှံခရိုင်များဖြစ် ကြသော  ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကသာခရိုင်၊  ကန့်ဘလူ ခရိုင်များရှိ ဇွန် ၈ ရက် ပထမပတ် စပါး၊ဆန်ဈေး အရောင်း အဝယ်ဖြစ်မှုမှာ ယခင်လ နောက်ဆုံးပတ် အတိုင်း အရောင်း အဝယ်အေးနေပြီး ပုံမှန်အတိုင်းသာ ဖြစ်နေပါတယ်။  ယခုလ ဇွန်လ ၈ ရက် ပထမပတ် ရွှေဘိုခရိုင်တွင် ဖြစ်ပေါ်နေသော စပါး၊ဆန်ဈေးတို့မှာ ရွှေဘိုပေါ်ဆန်းစပါးတင်း ၁၀၀ လျှင် ကျပ်  ၁၄၀၀၀၀၀ - ၁၄၅၀၀၀၀ ၊ ပေါ်ဆန်းဆန်  တစ်အိတ်လျှင် ကျပ်၄၇၀၀၀ -၄၈၀၀၀ ဖြင့် ယခင်တစ်ပတ်အတိုင်း အပြောင်း အလဲမရှိဈေးငြိမ်နေပါတယ်။ ရွှေဘိုခရိုင်  စပါး၊ဆန်ဈေးမှာ ယခင်လနောက်ဆုံး ပတ်အတိုင်းဈေးငြိမ်လျက်ရှိပြီး အရောင်း အဝယ်အေးနေကြောင်းသိရပါတယ

Friday, 15 Jun 2018

ပြည်ကြက်သွန်နီဈေးကွက်အတွင်း ယခုတစ်ပတ်၌လည်း ဝင်ရောက်မှုဆက်လက်နည်းသွားတာတွေ့ရပါတယ်။  ယခင် တစ်ပတ်မုန်တိုင်းမိုးကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်ကာ  ကုန်ပစ္စည်းလက်ကျန်နှင့် အရောင်းအဝယ်ဖြစ်ခဲ့သည့် အတွက် ယခုတစ်ပတ်တွင်လည်း  ပစ္စည်းဝင်ရောက်မှုနည်းသဖြင့် ဈေးနှုန်းအနည်း ငယ်မြင့်တက်သွားကြောင်း  သိရပါတယ်။ အရောင်းအဝယ်အနေဖြင့်  ပုံမှန်ဈေးကွက်ဖြစ်သော ဒေသတွင်း ဝယ်လက်များ၊  အိတ်ဆွဲသမားများနှင့်ဧရာဝတီတိုင်း၊ ရခိုင် ပြည်နယ်တို့သို့ နယ်ကျော်တင်ပို့မှုဖြင့်အရောင်း အဝယ် ပုံမှန်ဖြစ်နေတာတွေ့ရပါတယ်။

Friday, 15 Jun 2018

မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၄၂ တန်ကို ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။   ဒီတစ်ပတ်စင်ကာပူနိုင်ငံသို့ ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံသို့ တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ်က တင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန် ၂၉၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ တန်ချိန် ၅၀ ကျော် တင်ပို့မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းသီး(အသစ်)က တစ် တန်ကို ပျမ်းမျှ  အမေရိကန်ဒေါ်လာ ၃၈၀-၄၀၀ ဝန်းကျင်ရရှိခဲ့ပြီး မန်ကျည်းသီး (အဟောင်း)က တစ်တန်ကိုပျမ်းမျှ အမေရိကန်ဒေါ်လာ၂၀၀၀န်းကျင်  ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မန်ကျည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၈၅၂၆၀ ဝင်ငွေ ရရှိခဲ့တယ်လို့သိရပါတယ်။    

Friday, 15 Jun 2018

ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ကျောက်ပန်းတောင်း၊ ကြံခင်း၊ ဟင်္သာတနှင့် ဒေသတွင်းမှ မန်ကျည်းမှည့်များ  ဝင်ရောက်လျက်ရှိပါတယ်။ အရောင်းအဝယ် အနေဖြင့် နယ်တင်ပို့မှုများ ဆက်တိုက်ရှိနေတာကြောင့် မန်ကျည်းမှည့်ဈေးကောင်း ရလျက်ရှိကြောင်း သိရပါတယ်။

Friday, 1 Jun 2018

မေ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း ၂၆၉ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ ပါတယ်။ ဒီတစ်ပတ် မလေးရှားနိုင်ငံသို့ ၁၄၄တန်၊ ထိုင်းနိုင်ငံသို့ တန်ချိန် ၁၀၀နဲ့ အင်ဒိုနီးရှားနိုင်ငံသို့ ၂၅ တန် တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာလည်း မလေးရှားနိုင်ငံသို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်း ပတ်ကတင်ပို့ခဲ့တဲ့ မန်ကျည်းတန်ချိန်၄၃၀ နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ မန်ကျည်း ၁၆၁ တန် တင်ပို့မှု လျော့နည်း ခဲ့တယ် လို့ သိရပါ တယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၉၄၂၅  ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

Thursday, 17 May 2018

မနှစ်ကတော့  ရှမ်းနနွင်းကအရောင်းအဝယ်သွက်ခဲ့ပြီး  ချင်းက အရောင်း အဝယ် အေးခဲ့ပါတယ်။ ဒီနှစ်ကတော့ ချင်းက ရောင်းကောင်းနေပြီး နနွင်းကတော့ ပြန်ပြီးအရောင်းထိုင်းနေ ပါတယ်။  ပြည်ပဝယ်လက်တွေမရှိဘဲ   ပြည်တွင်းသုံးမှာ တောင် အမှုန့်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်သာ ဝယ်ယူမှုရှိနေတယ်လို့လည်း ဈေးကွက်က  သိရပါတယ်။ မနှစ်ကလို ပြည်ပဝယ်လက်တွေ အလုံးအရင်းနဲ့ ဝယ်ယူ တာမရှိပေမယ့်  သူဟာနဲ့သူရောင်းနေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဝယ်လက်က တော့ ချင်းဝယ်ရင်း နနွင်းကိုလည်း လိုသလောက်ဝယ်ယူပြီး   မော်လမြိုင်နဲ့ ပြည်က တော့ အမှုန်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်  ဝယ်ယူနေလို့ တစ်လလုံးမှာ တန်ချိန်ငါးရာခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့

Thursday, 17 May 2018

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၇၈၈၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) တန် ၂၈၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့၃၁၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈ တန် လျော့နည်းတင်ပို့ခဲ့ ပါတယ်။ရှမ်းစ နနွင်းက ပုံမှန်အရောင်းအဝယ်ရှိပြီး ဟိုပုံးနနွင်းကို အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေကသာ  ဝယ်ယူကြတာလို့  သိရပါတယ်။  အောင်ပန်းဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး နနွင်းဈေးတွေ ကွာခြားတယ်လို့ ပွဲရုံတွေက  သတင်းရရှိ ပါတယ်။                                                                                    

Thursday, 17 May 2018

ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ ဈေးတက်လာပါတယ်။ သြင်္ကန်အလွန်ကာလ မှာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေ ဝယ်လိုအား များလာတာက တစ်ကြောင်း၊ ပစ္စည်းလက်ကျန်နည်းတာက တစ်ကြောင်းနဲ့ အကြောင်းတွေစုပြီး ဈေးတက်လာတာ ဖြစ်တယ်လို့  သိရပါတယ်။ ပြည်တွင်းသို့ ဝယ်လက်တွေအပြင် အိမ်နီးချင်းပြည်ပ နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ကလည်း ဝယ်လိုအားကောင်း လာပါတယ်။ မနှစ်က ချင်း (စို)ဈေးက တစ်နှစ်ပတ်လုံးမှာ အမြင့်ဆုံး  ကျပ် ၄၀၀ မှ ၄၅၆ ကျပ်ဈေး ထိသာရခဲ့ပြီး အရောင်းအဝယ်ကလည်း ပါးခဲ့တာ (၂)နှစ်၊ (၃)နှစ်ခန့်  ရှိလာတာကြောင့်  တောင်သူတွေက ချင်းအစား မနှစ်ကဈေးအနည်းငယ် ကောင်းခဲ့ တဲ့ ကြက်သွန်ဖြူဘက်ကို လှည့်ခဲ့ပါတယ်။ ဒါကြောင့် ဒီန

Thursday, 17 May 2018

ရှမ်းကြက်သွန်ဖြူအသစ်တွေကတော့ သြင်္ကန်မတိုင်မီ မှာ ဈေးကွက်ကို  စပြီးဝင်ရောက်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ တောင်ကြီးခရိုင်က အထွက်နည်းပြီး  အောက်တိုဘာလမှာ စိုက်တဲ့ကြက်သွန် တွေက သိပ်ပြီး မကောင်း ဘဲ   နိုဝင်ဘာလမှာ စိုက်တဲ့  ကြက်သွန်တွေသာ  ကောင်းတယ်လို့ သိရပါတယ်။ အထွက်နှုန်းကတော့   အရင်နှစ်တွေကလောက် မဖြစ်ဘူးလို့ လည်း ဆိုပါတယ်။

Thursday, 17 May 2018

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ကြက်သွန်ဖြူအိတ်များ ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြူကုတ်စများကတော့ ပုံမှန်ဝင်ရောက်နေပြီး   မေလ(ဒုတိယပတ်)မှာတော့  ရှမ်းစ တွေဈေးကျပြီး ဝင်ရောက်လာပါတယ်။ သို့သော် ပွဲရုံများမှ တစ်ဆင့် ပြန်ရောင်းချသူများနှင့် စားသုံးသူများသုံးစွဲဝယ်ယူရာ တွင် ဈေးနှုန်းမှာအနည်းငယ်သာကျပြီး ဈေးနှုန်းကွာဟလျက်ရှိ ကြောင်းသိရပါတယ်။  ယခုတစ်ပတ်ရဲ့ ကြက်သွန်ဖြူဈေးနှုန်း တွေကတော့ (ပွဲရုံဈေး) ရှမ်းစတစ်ပိဿာလျှင် ကျပ် ၁၅၀၀နှင့် (ကြူကုတ်စ) ဈေးမှာ ကျပ် ၁၂၅၀ ဈေးတို့ဖြင့်ရောင်းချလျက်ရှိ နေပါတယ်။ ဒေသတွင်းလက်လီဈေးများမှာတော့(ကြူကုတ်စ) တစ်ပိဿာ ကျပ် ၁၅၀၀နှင့် (ရှမ်းစ)ကိုတော့ ကျပ် ၂၀၀၀ ဈေး တို့ဖြင့်ရောင်းဝယ်လျက

Pages