Main menu

Background

Tuesday, 26 Dec 2017

         ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်နှစ်ကြိမ် စလုံးမှာ နယ်မြေချဲ့ထွင်ဖို့အတွက်ချည်းကြောင့် ဖြစ်ခဲ့ပါတယ်။ နယ်မြေချဲ့ထွင်တယ်ဆိုတာလည်း အချုပ်အချာအာဏာ သက်ရောက်ဖို့ဆိုတာထက် သူတို့ရဲ့ ထုတ်ကုန်တွေရော င်းဖို့နဲ့ ကုန်ကြမ်းတွေ သူတို့ဆီကရယူဖို့ဆိုတဲ့ မဟာရည်မှန်းချက်က အဓိကဖြစ်ပါတယ်။ အတိုဆုံးပြောရရင် ကုန်သွယ် ရေးအတွက် စစ်ခင်းခဲ့ကြတာဖြစ်ပါတယ်။ ဒီဘက် ခေတ်သစ်မှာလည်း စစ်အင်အားသုံးပြီး သိသိသာသာ ကြီး နယ်မချဲ့တော့ပေမယ့် နည်းပညာရဲ့ ပံ့ပိုးမှုတွေနဲ့ ကြော်ငြာရဲ့အစွမ်းပကားတွေကြောင့် နယ်မြေတင်မက စားသုံးသူများရဲ့ နှလုံးသားတွေကိုပါ သိမ်းပိုက်တဲ့ခေတ်ကြီးကို ရောက်ရှိလို့နေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံကို  ရွှေနိ

Tuesday, 26 Dec 2017

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် ကုန်သွယ်မှု  တိုးတက်မြင့်မားရေး၊ အလုပ်အကိုင် အခွင့် အလမ်းရရှိစေရေးနှင့်  နိုင်ငံတော်အခွန်အခ ရရှိစေရေးတို့ အတွက် တစ်ဖက်နိုင်ငံ ဈေးကွက်ရှိသော သကြားကို Re-export စနစ်ဖြင့် တင်သွင်းတင်ပို့ခြင်းအား ၂၀၁၅ ခုနှစ် စက်တင်ဘာလ မှ စတင်၍ခွင့်ပြုပေးခဲ့ပါသည်။ ခွင့်ပြုပေးစဉ်က Re-export လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများအတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ် နည်း စည်းမျဉ်းစည်းကမ်းများအား ဥပဒေနှင့်အညီ သတ်မှတ်ဆောင်ရွက် စေခဲ့ပါသည်။

Thursday, 21 Dec 2017

     ဒီဇင်ဘာလ ၃ ရက်မှ ၉ ရက် အထိ သီတင်းပတ်အတွင်း  အမေရိကန် ဒေါ်လာ ၈၈၉၆၁၂ တန်ဖိုးရှိ နို့ဆီ ၆၇၉ ဒသမ ၇၀၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်  တီးပေါ့နို့ဆီ ၂၄၁ ဒသမ ၉၄ တန်၊ အိုကေ နို့ဆီ  ၂၁၈ ဒသမ ၈၈ တန် နဲ့ ဒွန်းနို့ဆီ ၂၁၈ ဒသမ ၈၈တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ နို့ဆီတန် ချိန် ၃၅၀ ကျော်နဲ့နှိုင်းယှဉ်ရင်  ဒီတစ်ပတ်မှာ နို့ဆီ တန်ချိန် ၃၂၀ ကျော် ပိုမို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ နို့မှုန့်က ဒီတစ်ပတ်မှာ နယူး ဇီလန်နိုင်ငံမှ ၆၁ ဒသမ ၂တန်၊ မလေးရှားနိုင်ငံမှ ၇၇ ဒသမ ၁၇၉တန်နဲ့ ပိုလန် နိုင်ငံမှ ၂၂ တန်၊ စုစုပေါင်း ၁၆၀ ဒသမ ၃၇၉တန် တင်သွင်း ခဲ့တယ်

Thursday, 21 Dec 2017

       မော်လမြိုင်ဘိလပ်မြေဈေးကွက်မှာ ရာသီဥတုသာယာတာကြောင့် အရောင်းအဝယ်သွက်တယ်လို့ သိရပါတယ်။ဒီတစ်ပတ် ဆင်မြန်မာက ကျပ် ၃၀၀ ဈေးကျခဲ့ပြီး စိန်ဘိလပ်မြေက၂၇၅ ကျပ်ဈေးမြင့်ကာ အရောင်းအဝယ်ဖြ စ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်မြန်မာ ကျပ် ၄၆၅၀၊ ဆင်(ထိုင်း) ကျပ် ၅၅၅၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၈၅၀၊ စိန် (ထိုင်း) ကျပ်၅၅၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရှိရပါတယ်။ မန္တလေဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ်အရောင်းအဝယ်သွက်ပြီး ဈေးငြိမ်တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ခရောင်း ဘိလပ်မြ

Wednesday, 20 Dec 2017

        ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက မြင့်တက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများ သည် ယခုတစ်ပတ်တွင် ဈေးအမြင့်ဖြင့်ပင် ဈေးငြိမ်နေကာ အရောင်းအဝယ်သွက် နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ပြည်တွင်းငွေ လဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်ကထက် တစ်ကျပ် ခန့် မြင့်တက်လာသော်လည်း တစ်ပတ်အတွင်းတွင် ယင်းမြင့်တက်ခဲ့သည့် ဈေး အတိုင်းပင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ဈေးမြင့်တက်လာေ သာ် လည်း ဈေးကွက်အတွင်း အရောင်းအဝယ်များ ဖြစ် လျက်ရှိကြောင်း၊ ကမ္ဘာ့ငွေလဲဈေးကွက်တွင်လည်း ဒေါ်လာနှင့်ဖလှယ်နှုန်းများ မြင့်တက်လျက်ရှိသည်ဟုဆိုသည်။

Wednesday, 20 Dec 2017

      ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အကျဈေးဖြင့် ဈေးငြိမ်ခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးမှာမူ ရက်သတ္တတစ် ပတ်၏ အစပိုင်းဖြစ်သည့် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ကျဆင်းနေခဲ့သော်လည်း နောက်ရက်များတွင် ပြန်လည်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာမူ အကျဈေးအတိုင်း ဈေးငြိမ်နေကြောင်း သိရသည်။

Wednesday, 20 Dec 2017

       ဒီဇင်ဘာ၃ ရက်မှ ၉ ရက်အထိသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၇၇၈၉၉၂၇၃ တန်ဖိုးရှိ ဒီဇယ်ဆီ ၁၅၃၉၀၇ ဒသမ ၁၄ တန်နဲ့ အမေရိကန်ဒေါ်လာ ၇၇၄၅၅၄၈  တန်ဖိုးရှိ ဓာတ်ဆီ ၁၄၉၉၀ ဒသမ ၄၃ တန် စုစုပေါင်း ၁၆၈၈၉၇ ဒသမ ၅၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၂၈၉၉၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ် ပတ်မှာ ၁၂၄၉၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဓာတ်ဆီတန်ချိန် ၅၂၁၈၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၇၁၉၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ဓာတ်ဆီ အဝင်လျော့ပြီး ဒီဇယ် အဝင်ပိုခဲ့ပါတယ်။ ဒီဇင်ဘာ ၂

Wednesday, 20 Dec 2017

         ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအသစ်များ ယခင်တစ်ပတ်ထက် လက်လီ/ လက်ကားတစ်ပိဿာလျှင် ကျပ် ၃၀၀ခန့်မြင့်တက်သွားပြီး  ဈေးကောင်းလျက်ရှိ နေကြောင်းသိရပါတယ်။ ယခုတစ်ပတ်ပြည်ဈေးကွက်သို့ ကြက်သွန်နီအဟောင်းများ ဝင်ရောက်မှုမရှိတော့ဘဲ ကြက်သွန်နီအသစ်များသာ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်း၊ ဆိပ်ဖြူ၊ မြင်းခြံစတဲ့နယ်များမှ ပိဿာ ၃၀ ဝင်အိတ် ၂၅၀-၃၀၀ ခန့် ဝင် ရောက်နေတာ တွေ့ရပါတယ်။ အရော င်းအဝယ်အနေဖြင့် ကြက်သွန်နီအဟောင်းမှာ ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းပေမယ့် ဈေးနှုန်းမြင့်နေသည့်အတွက် အရောင်းအဝယ်မှာ အေးနေသလို ကြက်သွန်နီအသစ်မှာလည်း အစိုဓာတ်ရှိနေပြီး ဈေးကောင်းနေ သည့်အတွက် အရောင်းအဝယ်အေးလျက်ရှိ ကြောင်း သိရပါတယ်။ စ

Tuesday, 19 Dec 2017

     စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရတနာပုံကုန်သွယ်မှု ဗဟိုဌာနမှကြီးမှူးကျင်းပသည့် ပဲဈေးကွက်အခြေအနေနှင့် ပြောင်းလဲ စိုက်ပျိုးသင့်သည့် သီးနှံများဆိုင်ရာ ဆွေး နွေးပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၅ ရက်တွင် မြင်းခြံခရိုင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြင်းခြံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက အဖွင့်အမှာစကား ပြောကြား ရာတွင် မြင်းခြံခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး အသားတင် စိုက်ပျိုးမြေဧရိယာ ၇ ဒသမ ၃ သိန်းကျော်ရှိ ရာမှာ ယာမြေနှင့်ကိုင်းကျွန်းမြေ စုစုပေါင်း ဧရိယာဧက ၆ ဒသမ ၄ သိန်းန

Tuesday, 19 Dec 2017

      လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏  အဓိကအသက်သွေးကြော ဖြစ်သလို လူဦးရေ၏ အများစု (သုံးပုံနှစ်ပုံခန့်) သည်လည်း ကျေး လက်များတွင် နေထိုင်ကြပြီး လယ်ယာလုပ်ငန်းကိုသာ အသက်မွေး ဝမ်းကျောင်းအဖြစ် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ပို့ကုန်ကဏ္ဍကို လေ့လာကြည့်ရာတွင် မြန်မာနိုင်ငံသည် လယ်ယာ ထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့အဓိက တင်ပို့နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပသို့ဆန်နှင့်ဆန် ကွဲ တင်ပို့မှုသည် လယ်ယာထွက်ကုန်ပစ္စည်းများတင်ပို့မှုအနက် အများဆုံး တင်ပို့နိုင်ခဲ့ပါ တယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုအခြေအနေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် (ဧပြီလ ၁

Pages