Main menu

Background

Friday, 30 Dec 2016

        ဧရာဝတီတိုင်းဒေသကြီး ဆန်စပါးဈေးကွက်၌ ယခုရက်ပိုင်းအတွင်း ဈေးကွက်ဝယ်လိုအား မြင့်တက်မှုမရှိတဲ့အတွက် ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး ဆန်ဟောင်းလက်ကျန်မှာလည်း ယခင်ထက် လျော့နည်းကာ ဈေးကွက်တွင် ဆန်ဟောင်း/ဆန်သစ် ပုံမှန်အရောင်းဝယ်လျက်ရှိကြောင်း လက်ရှိပေါ်ဆန်း စပါးအဟောင်းဈေးမှာ၄၆ပေါင် တင်း၁၀၀ ကို ပုသိမ်၊ ငပုတော၊ မော်ကျွန်း၊    လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များတွင် ကျပ် ၇ သိန်း ဝန်းကျင်ဈေးနှင့်ဆန်အဟောင်းတစ်အိတ်လျှင် ကျပ် ၃၅၀၀၀-၃၆၀၀၀ နှင့်ပေါ်ဆန်းစပါးအသစ်ဈေးမှာ ၄၆ ပေါင်တင်း ၁၀၀ကို ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ လပွတ္တာ၊ မော်ကျွန်း၊ မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လ တ်၊ ဒေးဒရ

Friday, 30 Dec 2016

       ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပဲတီစိမ်း၊ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်စသည်ဖြင့် ပဲသစ်များ ဝင်ရောက်နေပေမယ့် မတ်ပဲနဲ့ ကုလားပဲသီးနှံကတော့ မျိုးပဲများအဝယ်ရှိကာ လက်ကျန်ပဲများကိုသာ ရောင်း ချနေရ တယ်လို့သိရပါတယ်။ ပဲစင်းငုံ၊ ဘိုကိတ်၊ ပဲလွန်းဖြူ သီးနှံများမှာ အမြောက်အများ ဝင်ရောက်မှုမရှိသေးသော်လည်း ပဲတီစိမ်းသီးနှံကတော့ ပဲအဝင်များခဲ့သလို အရောင်းအဝယ်သွက်တဲ့ပဲလည်း ဖြစ်ခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အဝင်မရှိသလောက်ဖြစ်နေခဲ့ပြီး ရန်ကုန်ဝယ်လက်က လက်ကျန်ပဲများကိုဝယ်ယူခဲ့သော်လည်း ရောင်းချမှုနည်းခဲ့လို့ ရက်ခြားသာအရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုရက်ပိုင်းအတွင်းမျိုးပဲအနေဖြင့်သာဝယ်ယူခဲ့ကြတဲ့အတွက

Tuesday, 27 Dec 2016

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံခြားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ် ရေးလုပ်ငန်းသုံးပစ္စည်းများအား HS Code လိုင်းများ သတ်မှတ်၍ ထုတ်ပြန်လိုက် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၈၅/၂၀၁၆) ဖြင့်ထုတ်ပြန် ကြေညာလိုက်ကြောင်း သိရသည်။ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအရလည်းကောင်း၊ လက်ရှိပြောင်းလဲလာသောစီးပွားရေးအခြေအနေများ အရ နို င်ငံခြားဖ

Tuesday, 20 Dec 2016

   ယခုတစ်ပတ်အတွင်း  ကမ္ဘာ့ရွှေဈေးများကျဆင်းလာသော်လည်း ပြည်တွင်း ရွှေဈေးများသည် လိုက်ပါကျဆင်းလာခြင်းမရှိဘဲ ပြည်တွင်းငွေလဲနှုန်းများ ဆက် တိုက်မြင့်တက်လာမှုကြောင့် ဈေးအမြင့်အတိုင်းသာ ဆက်လက် တည်ရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာ ၁၆ ရက်တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၁၃၀ အထိ ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးမှာမူ တစ်ကျပ်သား လျှင် ကျပ် ၈၅၇၀၀၀ တွင်သာရှိနေ ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

Tuesday, 20 Dec 2016

         မြန်မာနိုင်ငံမှာ အရင့်အရင် အစိုးရလက်ထက်တွေက ကားတင်သွင်းခွင့်တွေကို ပိတ်ပင်ထားခဲ့ရာကနေ တပ်မတော်အစိုးရလက်ထက်ကနေ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ နိုင်ငံတော် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်မှာ ပြည်သူတိုင်းကားစီးနိုင်ရေးဆိုတဲ့ မူဝါဒကိုလက်ကိုင်ထားပြီး ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်ဆောင်ခဲ့ရာမှာ၂၀၁၁ ခုနှစ် စက်တင်ဘာလ၁၁ ရက်မှာ နှစ်ပေါင်း ၄၀ သက်တမ်းရှိတဲ့ ယာဉ် အိုယာဉ်ဟောင်းတွေကို ပြန်လည်အပ်နှံပြီး နိုင်ငံခြားကနေ ကားတင်သွင်းခွင့်တွေကိုလုပ်ဆောင်ပေးခဲ့ပါတယ်။ ယာဉ်အိုယာဉ်ဟောင်းအပ်နှံတဲ့ စနစ်အရယာဉ်တင်သွင်းခွင့်ပြုရာမှာ ကားဟောင်းအပ်စလစ်နဲ့တင်သွင်း ခွင့် ပြုခဲ့တာ ပဲဖြစ်ပ

Friday, 16 Dec 2016

          ယခုတစ်ပတ်တောင်ကြီးဈေးကွက်ထဲသို့ ပတ်ဝန်းကျင် ဒေသများမှ ပြောင်းများအဝင်ပိုခဲ့တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်ပိဿာကို ၁၀ကျပ်ကျပြီး ကျပ် ၂၉၀ (တစ်တန် ၁၇၇၅၉၃ ကျပ်) နဲ့ အရောင်းဈေးကွက်ဖွင့်ခဲ့ပါတ ယ်။ ဈေးကွက်ထဲမှ ပြောင်းများကို ရန်ကုန်၊ မန္တလေးအပြင် မော်လမြိုင်အထိပါ တင်ပို့ခဲ့ပြီး ယခင် တစ်ပတ်ထက်ပိဿာချိန် ၆၀၀၀၀ ပိုပြီး ပိဿာ ၃၉၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

Thursday, 15 Dec 2016

        နိုဝင်ဘာ ၁ရက်မှ ၃၀ ရက်အတွင်း ကန်ဒေါ်လာ ၇၂၅၁၃၁၀ တန်ဖိုးရှိ မြေသြဇာ တန်ချိန် ၂၇၇၆၉ ဒသမ ၄၈၂ ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ နိုဝင်ဘာလအတွင်း ကနေဒါနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊  အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ဂျပန်နိုင်ငံ ၊ မလေးရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ ရုရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှ မြေသြဇာများတင်သွင်းခဲ့တယ်လို့  သိရပါတယ်။ နိုဝင်ဘာလအတွင်း ပိုတက်၊ ရွှေန ဂါး၊ နိုက်တြိုဂျင်၊ အမိုးနီးယမ်း ဆာလဖိတ်၊ ပိုတက်ဆီယက် ဖော့စဖိတ်၊ ဖလော်ရာ၊ ရွှေမြေသီး၊ ကွန်ပေါင်း၊ သြဂဲနစ် စတဲ့ မြေသြဇာတံဆိပ်များ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ အေ

Thursday, 15 Dec 2016

       နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ၃ ရက် အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၁၅၀၄၀ တန် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၂၃၀ ကျော် နဲ့နှိုင်းယှဉ်ရင်  တန်ချိန် ၁၄၈၀၀ ကျော် အဝင်ပိုခဲ့ပါတယ်။ ဒီတစ်ပတ်နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၅၁၀ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန်၈၄၃၀ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၆၀၈၀ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေ အဝင်ပိုခဲ့ပါတယ်။

Thursday, 15 Dec 2016

        အိန္ဒိယနိုင်ငံအနေနဲ့ ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် ၂၀၁၆ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ ပဲမျိုးစုံတန်ချိန် ၂၇ဒသမ ၄၈သိန်း အထိ တင်သွင်းခဲ့ရပါတယ်။ ပုဂ္ဂလိကကဏ္ဍနဲ့ အစိုးရအေဂျင်စီတွေ ဘက်က ပဲမျိုးစုံ  စုစုပေါင်းတန်ချိန် ၂၇၄၈၄၇၃ အထိ  တင်သွင်းခဲ့ရတာဖြစ်ပြီး ယခင်ဘဏ္ဍာနှစ်ကတော့ ပဲမျိုးစုံ တန်ချိန် ၅၇ဒသမ ၉၇ သိန်း အထိ တင်သွင်းခဲ့ရတယ်လို့ အစားအသောက်နှင့် စားသုံးသူ ရေးရာ ပြည်နယ် ဝန်ကြီး CR  Chaudharyu က ထုတ်ပြန်တဲ့စာရင်း ဇယားများအရ သိရပါတယ်။

Pages