Main menu

Background

Thursday, 6 Oct 2016

     ဧရာဝတီမြစ်အနောက်ဘက် ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်တဲ့  ဖိုးဦးတောင်၊ သစ်စိမ့်ပင်၊ ပြည်၊ မှော်ဘီ၊ ဇီးအုပ်၊ ဝက်ထီးကန်စတဲ့ကျေးရွာများမှ ထွက်ရှိတဲ့ သြဇာသီးများ ပြည်သစ်သီး ဝလံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် ဈေးလည်းချိုလာတာ တွေ့ရပါတယ်။ သြဇာသီးပေါ်ချိန်ဖြစ် လို့ အရောင်း အဝယ်လည်းသွက်လျက် ရှိကာ ရန်ကုန်သို့တင်ပို့နေတာကို တွေ့ ရပါတယ်။ ပြည်သြဇာသီးရာခြင်းဈေး တစ်လုံးလျှင် (ချော) ကျပ် ၁၅၀၊ (လ တ်) ကျပ် ၁၀၀ နဲ့ ရောင်းချလျက်ရှိပါတယ်။ ဒေသတွင်းလက်လီဈေးကတော့ တစ် လုံးလျှင်(ချော) ကျပ် ၂၀၀ (အသေး သန့်) ကျပ် ၁၀၀ နဲ့ရောင်းချနေတာ တွေ့ရပါတယ်။ ရာသီပေါ် ချိန်သီးနှံဖြစ် လို့ ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ

Wednesday, 5 Oct 2016

       မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက စက်တင်ဘာ ၂၈ ရက်က ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံမှ ဝယ်လိုအား  မြင့်တက်မှုကြောင့် ဈေးကွက်တိုးတက်မည့်အလားအလာ များကို ေ တွ့ခဲ့ရသော် လည်း ပို့ကုန်အားနည်းကျဆင်းမှုနှင့် ပြိုင်ဖက်သီးနှံများဖြစ် သော ပဲပုပ်ဆီဈေးများ  ကျဆင်းမှုကြောင့်ဈေးကွက်  အလား အလာအပေါ် ဂယက်ရိုက်ခတ်မှုကြောင့် ယခုကဲ့သို့ ကျဆင်း ခဲ့ရခြင်းဖြစ်သည်။ ဘာဆာမလေး ရှား ကုန်စည်ဒိုင် (-Bursa Malaysia Derivative Exchange)တွင် ဒီဇင်ဘာအတွက် ကြိုရောင်း ဈေးက တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ်  တစ်တန်ကို ၂၅၉၆ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာ ၂၈  ရက် ဈေးပိတ်ချိန်မှာ တ

Wednesday, 5 Oct 2016

       စက်တင်ဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ  ၈၅၅၇၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၁၀၅၅၀ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံမှ SCG တစ်မျိုးသာ တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် ၆၂၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့နှိုင်းယှဉ်ရင် တန်ချိန်၄၃၂၀ ကျော်တင်သွင်းမှု ပိုခဲ့တယ်လို့သိရပါတယ်။ ၂၀၁၅ ခုနှစ် ကာလတူမှာ ဘိလပ်မြေတင် သွင်းမှုမှာ တန်ချိန် ၇၁၉၀ ရှိခဲ့တာကြောင့် ယခု သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုပိုခဲ့တယ်လို့ သိရပါတယ်။

Wednesday, 5 Oct 2016

       ယခုတစ်ပတ်တွင် အစုရှယ်ယာ ဈေးနှုန်းများသည် ဈေးအတက်အကျ အနည်းငယ်ဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။ FMI, MTSH တို့၏ရှယ်ယာဈေး နှုန်းများမှာ အတက်အကျ ကျပ် ၁၀၀၀ ခန့်သာရှိေ သာ်လည်း MCB ၏ ရှယ်ယာ ဈေးနှုန်းမှာ နေ့စဉ်အတက်အကျ ကျပ် နှစ်ရာခန့်သာရှိကြောင်း YSX ၏သတင်း ထုတ်ပြန်ချက်များအရ သိရသည်။ ရှယ်ယာဈေးနှုန်း အတက်အကျ အနည်းငယ်သာ ရှိသော်လည်းအရောင်း အဝယ်ဖြ စ်မှုမှာ  နေ့စဉ်လေးထောင် ကျော်မှ ကိုးထောင်ကျော်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

Wednesday, 5 Oct 2016

        ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများ ပြန်လည်မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများလည်း ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။ ပြီးခဲ့ သည့်ရက်သတ္တပတ်က ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည် တွ င်းရွှေဈေးများမြင့် တက်ခဲ့ရသော်လည်း ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေးကျဆင်းပြီး ပြည်တွင်းငွေလဲ နှုန်းများ မြင့်တက်လာသဖြင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များထံမှ သိရသည်။

Wednesday, 5 Oct 2016

      ယခုတစ်ပတ်တွင် ပြည်တွင်းငွေလဲနှုန်းများသည် ဆက်လက်မြင့်တက်လျက် ရှိရာ ယခုထက်ပိုမိုမြင့်တက်လာပါက  မြန်မာငွေဖောင်းပွလာမည်ကိုစိုးရိမ်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်လျက်ရှိသည်။ ြ ပည်တွင်းငွေလဲနှုန်းများသည် ပြီးခဲ့သည့်ရက်သတ္တပတ်ကတည်းက မြင့်တက် ခဲ့ရာ ယခုတစ်ပတ်တွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း ရက်သတ္တပတ်တစ်ပတ်၏ နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ပြန်လည်မြင့် တက် လာခဲ့ပြီး အမြင့်ဆုံးဈေးနှုန်းအဖြစ် ကျပ် ၁၂၇၀ သို့ ရောက်ရှိခဲ့သည်။

Wednesday, 5 Oct 2016

      ယွမ်ငွေလဲနှုန်းများ မြင့်တက်မှုကြောင့် ပြည်ပွဲရုံများ သို့ ပြည်ပမှ တင်သွင်းလာတဲ့ ကြက်သွန်ဖြူများ ဈေးတက်လာ တာ တွေ့ရပါတယ်။ ပြည်ပွဲရုံကို ဝင်ရောက်လာတဲ့ ကြက်သွန် ဖြူတွေဟာ ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ တရု တ်နိုင်ငံတို့မှ ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေ ဖြစ်တဲ့အတွက် ယွမ်နဲ့ ပေးချေရတာကြောင့်ဈေးမြင့်တက်နေတာ ဖြစ်ပါတယ်။ ဈေး မြင့်တက်ပေမယ့် ကြက်သွန်ဖြူ အဝင်ပုံမှန်ရှိသလို အရောင်း အဝယ်လည်း ပုံမှန်ရှိနေပါတယ်။ ယ ခုတစ်ပတ်  ပြည် ကြက် သွန်ဖြူ (ပွဲရုံ) တစ်ပိဿာဈေး (ကြူကုတ်) ၄၂၀၀ ကျပ်၊ ၄၃၀၀ ကျပ်နဲ့ ရောင်းချနေပြီး ပွဲရုံများမှာ တစ်ရက်ကို အိတ် ၁၀၀၀ နီးပါး  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ရှမ်းစကတော့ ဈေ

Wednesday, 5 Oct 2016

     ပြည်ဈေးကွက်တွင် ကြက်သွန်နီ အရည်အသွေးပေါ်မူတည်၍ ယခုတစ်ပတ် အတွင်းမှာပင် ဈေးတက်လိုက်ကျလိုက်နှင့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါတယ်။ဆိပ်ဖြူ၊ ရေနံချောင်း၊ပခုက္ကူ စသည်ဖြင့် နယ်စုံမှ ကြက်သွန်နီများ ဝင်ေ ရာက်မှု များပြားနေပြီး ယခုတစ်ပတ် ဈေး ဖွင့်ချိန်တွင် ပြည်ပွဲရုံများ၌ တစ်ပိဿာလျှင် (ကြီး) ၆၅၀ကျပ်၊(လတ်) ၆၀၀ကျပ်၊ (သေး) ၅၅၀-၅၃၀ ကျပ် တို့နှင့်ဈေးမြင့်သွားပြီး ပိဿာ (၃၀) ဝင် တစ်အိတ်လျှင် ၂၈၀၀ ကျပ်ခန့် ဈေးမြင့် သွားခဲ့ေ ကြာင်း သိရပါတယ်။ ဒါပေမဲ့နယ်စုံမှ ဆက်တိုက်အဝင်များနေတဲ့အတွက် ပွဲရုံ များ၌ ယခင်ဈေးနှုန်း အတိုင်း ပြန်လည်ကျဆင်းသွားပါတယ်။ပွဲရုံဈေးအပြောင်းအလဲရှိပေမယ့် ဒေသ တွင်းလက်လီဈေးမှာ ပုံမှန်အတိုင်း

Wednesday, 5 Oct 2016

        မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၄၆၇၈၅ တန်ဖိုးရှိ ချင်းခြောက် ၃၃ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၃၁ တန်သာ တင်ပို့ခဲ့လို့ ယခု တစ်ပတ်မှာ ချင်း ခြောက် ပိုမိုတင်ပို့လာတာတွေ့ရပါတယ်။ မူဆယ်မှာ ချင်းခြောက်တစ်တန်ကို (ငွေ လဲနှုန်းအရ) ၁၃၇၆၄၀၀ - ၂၁၃၂၃၇၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ စစ်တွေမှ အမေရိကန်ဒေါ်လာ ၉၁၂၀ တန်ဖိုးရှိ ချင်းစို ၁၂ တန်နဲ့ မောင်တောမှ အမေရိကန် ဒေါ်လာ ၈၉၆၄၉ တန်ဖိုးရှိ ချင်းစို ၃၇၃ တန်ကျော် တင်ပို့ခဲ့ကြောင်း၊ စစ်တွေမှာ ချင်းစိုတစ်တန်ကို (ငွေလဲနှုန်းအရ) ၉၂၁၈၈၀ ကျပ်ဈေးရှိကြောင်း၊ ယခင် တစ်ပတ် က စစ်တွေမှချင်းအပို့မရှိဘဲ မော

Wednesday, 5 Oct 2016

        မန္တလေးကုန်စည်ဒိုင် (ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်း) ကို နေ့စဉ်(ဥပုသ်နေ့မှအပ) သီးနှံ အမျိုးအရေအတွက် ၅၀ မှ ၉၀ ကြား ပွဲစားကုန်သည်ဦးရေ ၁၀၀၀ ခန့် လာရောက်အရောင်း အဝယ်ပြုလုပ် လျက်ရှိရာ ယခု ၂၀၁၆ ခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်ဈေးနှုန်းနှင့် ယခင်လသြဂုတ်နောက်ဆုံးပတ်ဈေးနှုန်းများကို နှိုင်းယှဉ် ကြည့်ပါက- မန္တလေးကုန်စည်ဒိုင်မှ ပြည်ပ(တရုတ်)သို့ တင်ပို့သည့်သီးနှံအများစုမှာ ယခင်လကာလ တူဈေးနှုန်းဖြင့် နှိုင်းယှဉ်ပါ က ဈေးအေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီးမှာ ယခင်လကာလတူမှာ အရောင်းအဝယ်ဖြစ် တဲ့ ဈေးနှုန်းတူနဲ့ ယခုတစ်ပတ်မှာ အရောင်းအဝယ်ဖြစ်လို့ ပဲတီစိမ်းတစ်ပိဿာ ၁၃၈၇ ကျပ်(

Pages