Background
ပြည်ဒေသတွင်း ထွက်ရှိသည့် မန်ကျည်းမှည့် လက်ကျန်သည် ပွဲရုံလှောင် သမားများ လက်ဝယ်၌ရှိခြင်းကြောင့် အခြားနယ်ဖြစ်ကြသော ကျောက်ပန်းတောင်းမှ ဝင်ရောက်လာသော မန်ကျည်းမှည့်ဈေးမှာ အမြင့်ဈေးဖြစ်သောကြောင့် ဒေသထွက် လက်ကျန် မန်ကျည်းမှည့်ဈေး အနည်းငယ်မြင့်နေသည်။ အရောင်းအဝယ်အနေဖြင့် အေးနေပြီး လှောင်လက်များ လက်ဝယ်ဈေးမြင့်တက်နေသည်။ယခုတစ်ပတ် မန်ကျည်းမှည့် တစ်ပိဿာ(အသား)(ပွဲရုံဈေး) ကျပ် ၃၇၀ဝ ဈေးတို့ဖြစ်သည်။ဒေသတွင်း လက်လီတစ်ပိဿာ အသားဈေးမှာ ကျပ် ၄၃၀ဝတို့ဖြင့်ရောင်းချလျက်ရှိသည်။မန်ကျည်းသီးစိမ်းကိုလည်း ပြည်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ခူးဆွတ်၍ ပြည်မြို့ရှိဈေးများတွင် ရောင်းချလျက်ရှိသည်။ မန်ကျည်းသီးစိ
ကယားပြည်နယ်တွင် ချင်းကို လွိုင်ကော်မြို့နယ် လင်ဖုန်းလေး၊ ဆောင်ပြောင်း၊ ကုန်းသာ ကျေးရွာများတွင် အဓိကစိုက်ပျိုးကြပြီး ဒေသထွက်ချင်းကို ဟင်းခက်အမွှေး အကြိုင်အဖြစ် ရိုးရာအစားအစာများ၊ ဟင်းလျာများတွင် အသုံးများ သဖြင့် ပြည်နယ်တွင်း စားသုံးမှုများကြောင်း၊ ယခု ဇူလိုင်လ ပထမပတ်တွင် ဈေးကွက်အတွင်း ဒေသထွက် ချင်း တစ်ပိဿာလျှင် ၂၂၀ဝ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ ယခင်ဇွန်လပထမပတ်တွင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၁၅၀ဝ ကျပ်ခ န့်သာရှိခဲ့ပြီး ဇွန်လပထမပတ်နှင့် ဇူလိုင်လ ပထမပတ် နှိုင်းယှဉ်လျှင် ဒေသထွက်ချင်း တစ်ပိဿာလျှင် ၇၀ဝ ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့် တက်လာရခြင်းမှာ ချင
ကညွတ်သည အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်သော အစားအစာဖြစ်သည့်အပြင် အဆီဓာတ်ပါဝင်မှု မရှိသလောက် နည်းပြီး ကယ်လိုရီပါဝင်မှုလည်း အလွန်နည်းပါးသောကြောင့် နေ့စဉ်စားသောက်သည့် ဟင်းလျာများတွင် ထည့်သွင်း စားသောက်သင့်သော ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ကညွတ် စားသုံးခြင်းဖြင့် အရိုးသန်မာစေခြင်း၊ ရောင်ရမ်းမှုကို လျော့ကျ စေခြင်း၊ ဆီးရွှင်စေခြင်း၊ အစာချေလမ်းကြောင်းအတွက် အကျိုး ပြုခြင်း၊ ကိုယ်ဝန် အတွက် ကောင်းကျိုးပြုခြင်း၊ ကင်ဆာဆဲလ် တိုက်ဖျက်ခြင်း၊ ကိုယ်အလေးချိန် လျှော့ချရာတွင် အထောက် အကူပေးခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ သွေး တွင်း သကြားဓာတ် ထိန်းညှိခြင်း၊ အရေပြားကျန်းမာရေ
ရခိုင်ဒေသမှထွက်ရှိသည့် ရေ ထွက်ကုန်များမှာ အိမ်နီးချင်းနိုင်ငံဖြစ် သော ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကြီးမားသည့် ဈေးကွက်တစ်ခုအဖြစ် ရပ်တည်နေကြောင်း ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ် ဇွန် ၁၁ ရက်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ့ရေထွက်ကုန် တန်ချိန် ၂၇၁၁ ဒသမ ၈၀ တင်ပို့ထားပြီး အမေ ရိကန်ဒေါ်လာ ၃ ဒသမ ၃၇၈ သန်း ရရှိထားခြင်းဖြစ်သည်။လက်ရှိတွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရေချို ထွက်ကုန် တင်ပို့မှုဈေးကွက်ရရှိထားသောကြောင့် ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနတို့မှ နည်းပညာနှင့် အရင်း အနှီး ဖြည့်ဆည်းမှုဖ
လက်ရှိရော်ဘာခြံပိတ်ရာသီ၌ ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေသောကြောင့် ပြည်တွင်းရော်ဘာဈေးနှုန်းများပါ လိုက်ပါကျဆင်းလျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာ စိုက် ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MRPPA) မှသိရသည်။ယခင်က ပြည်တွင်းရော်ဘာတစ်ပေါင်လျှင်ကျပ် ၁၂၀ဝကျော်အထိရှိပြီး လက်ရှိတွင်တစ်ပေါင် လျှင် ကျပ် ၁၁၀ဝ မှ ၁၁၅၀အထိသာပေါက်ဈေးရှိနေကြောင်းသိရသည်။နိုင်ငံတကာပေါက်ဈေးအနေဖြင့်တစ်တန်လျှင် ယခင်က ဒေါ်လာ ၂၀ဝ၀ ကျော်အထိ ရှိခဲ့ပြီး လက်ရှိ တွင် ဒေါ်လာ ၂၀ဝ၀ ပတ်ဝန်းကျင်ခန့်သာ ရှိကြောင်း သိရသည်။ဈေးကွက်အတွင်းလက်ရှိ၌ ပြည်ပအဝယ် ရှိသော်လည်း ရော်ဘာခြံပိတ်ရာသီ ဖြစ်၍ပစ္စည်း လက်ကျန် များသာ တင်ပို့ရောင်းချနေ
သစ်သီးဝလံဈေးကွက်သို့ နဂါးမောက်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိသည့်အပြင် ရေနံချောင်းမြို့မဈေးကြီး၊ ပျံကျဈေးတို့တွင် လည်းကောင်း၊ ရပ်ကွက်အချိူ့တွင် စိုက်ပျိုးသူများက ရောင်းချလျက်ရှိကြောင်း သိရသည်။ "နဂါးမောက်သီး အရောင်းအဝယ် ပြန်သွက်လာ တယ်။ ရေနံချောင်းမှာရှိတဲ့ နဂါးမောက်ခြံအချို့ကလည်း ထွက်ရှိတဲ့အပြင် ကျောက်ပန်းတောင်းကထွက်တဲ့ နဂါးမောက်သီးတွေလည်း ရေနံချောင်းမြို့မဈေးနှင့် ပျံကျဈေးကို ဝင်ရောက်နေတယ်။ ခြံပိုင်ရှင်၊ စိုက်ပျိုးသူများနှင့် ပြန်လည်ရောင်းချသူများအတွက် ဝင်ငွေရနေတယ်" ဟု ရေနံချောင်းမြို့မှ ရောင်းဝယ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ သစ်သီးဝလံဈေးကွက်၌ နဂါးမောက်သီးတစ်လုံးလျှင်
အိန္ဒိယနိုင်ငံတွင်ခရမ်းချဉ်သီးဈေးနှုန်းများ မြင့်တက်လျက်ရှိရာ အိန္ဒိယနိုင်ငံရှိ နိုင်ငံရေးသမားများအတွက် များစွာစိတ်ပျက် ဖွယ်ရာ ဖြစ်လျက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းသီးဟင်းရွက် ဈေးနှုန်းများသည် အိန္ဒိယနိုင်ငံအစိုးရအတွက် အကောင်းဆုံး အနေအထားဆီသို့ ဦးတည်ခေါ်ဆောင်ပေးနိုင်သည့် သမိုင်းအစဉ်အလာရှိခဲ့သောကြောင့်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ပျမ်းမျှခရမ်းချဉ်သီး လက်လီဈေးနှုန်းသည် ပြီးခဲ့သောလမှ စတင်၍ ၇၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရသည်။ခရမ်းချဉ်သီးအပါအဝင် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည် နိုင်ငံရေးသက်ရောက်မှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော်လက်
မေလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၇၉၆၀ကျော်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉၄၆ သန်းရရှိခဲ့သည်။ မေလအတွင်း နိုင်ငံအလိုက်တင်ပို့မှုများမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၃၈၀ ကျော်၊ မလေးရှား နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၆၆၀ကျော်၊အိန္ဒိယနိုင်ငံသို့ ရော်ဘာတန်ချိန် ၇၄၀ကျော် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။မေလတွင် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၂၇၈၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉၁ သန်း ရရှိခဲ့သည်။ မြန်မာ-တရုတ်နယ်စပ်မှ တန်ချိန် ၇၁၀ ခန့်၊ မြန်မာ-ထိုင်းနယ်စပ်မှ တန်ချိန် ၂၀၇၀ခန့်တင်ပို့ခဲ့သည်။ မေလတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန
ယခုအချိန်တွင် လိုင်ချီးသီးများ လှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းနေကြောင်း သိရသည်။ လိုင်ချီးသီးများကို မြန်မာပြည်အနှံ့အတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးကြကြောင်း သိရှိရသည်။ နောင်မွန်ကျေးရွာနှင့် နောင်လိုင်ကျေးရါာတို့မှ အများဆုံးစိုက်ပျိုးထွက်ရှိသော လိုင်ချီးသီးများသည်အလုံးကြီးပြီး အရသာ ချိုသောကြောင့် လူကြိုက်များ၍ အရောင်းအဝယ်ကောင်းနေကြောင်းကို သိရသည်။ ၎င်းအသီးများကို လားရှိုးမြို့တွင်းသာမက လောက်ကိုင်မြို့၊ မူဆယ်မြို့၊ ရန်ကုန်၊ မန္တလေး စသည့်မြို့များသို့လည်း တင်ပို့ ရောင်းချနေသည်။ အသီးပေါ်စအချိန်တွင်