Background
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံ ငရုတ်သီးစိုက်ခင်း ဧကပေါင်း ၁၄၀ဝ ကျော်အထိ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်သန်း(ပခုက္ကူ)
ပြည်ခရိုင်တွင် ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်လျော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ပိဿာ ၃၄၁၀ဝ နှင့် ကြက်သွန်ဖြူ(ကြူကုတ်) ပိဿာ ၄၉၅၀ ဝင်ရောက်ခဲ့သည်။
ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှ ဝဥမျိုးများကို ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၁၅၀ ဖြင့် ဒီဇင်ဘာလကစတင်ပြီး လက်ခံဝယ်ယူလျက်ရှိကြောင်း သိရသည်။
ကွမ်းရွက်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ မြန်မာ အမျိုးသားအများစုမှာ ကွမ်းယာအဖြစ် စားသုံးလာခဲ့ကြသည်။ ယခုအချိန်တွင် ကွမ်းယာကို အမျိုးသားတော်တော်များမှ စားသုံးလာကြ သဖြင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ကွမ်းရွက်ပင်ကို စီးပွားဖြစ်စိုက်ပျိုး လာခဲ့ကြသည်။
ကွမ်းရွက်စိုက်ပျိုးထွက်ရှိမှု
ယခု ၂၀၂၂ ခုနှစ်အတွင်း ဒီဇင်ဘာ တတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၃ ခု ဝင်ရောက်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက သိရသည်။
အဆိုပါ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက တစ်ဆင့် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်မော်လမြိုင်မြို့ရှိအေးသာယာဈေး၌ မွန်ပြည်နယ်အတွင်း နေရာဒေသစုံအသီးသီးမှထွက်ရှိသည့် ရာသီကုန်စည်များအား အဓိကကုန်စိမ်းများကိုရောင်းချလျက်ရှိရာ လက်လီဈေး၊ လက်ကားဈေးနှုန်းများဖြင့် အရောင်း အဝယ် ဖြစ်ပေါ်မှုအား တွေ့ရှိရသည်။ အေးသာယာဈေးသည် ညနေ ၃ နာရီမှ ည ၇ နာရီအထိ ညဈေးအဖြစ်လည်း ဈေးဝယ်သူ ဈေးရောင်းသူ စည်ကားသည့်အချိန်လည်းဖြစ်သည်။