Background
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် သွင်းကုန်လိုင်စင် လျှောက်ထားရယူ ဆောင်ရွက်ရ မည့် ကုန်စည် ၄၄၀၅ လိုင်းအနက် ကုန်စည်လိုင်း ၂၆၇ လိုင်းအား သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသော ကုန်စည်လိုင်းများအဖြစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ဖြေလျှော့မည်ဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အားလျော်စွာ WTO ၏ Agreement on Impo rt Licensing Procedures နှင့် နိုင်ငံတကာတွင်ကျင့်သုံးနေသော လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျောညီထွေရှိစေရန်အတွက် လိုင်စင်လျှောက်ထားရန်လိုသည့် သွင်းကုန်အမယ်များစာရင်းကို မြန်မာနိုင်ငံ၏ HS Code 2012 Version အရ စ
ယခုတစ်ပတ် ပြည်ဈေးကွက်သို့ မိုးမြေပဲသစ်များ ဝင်ရောက်မလာပေမယ့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ပြည်မြို့ အတွင်း ကျေးရွာများမှာ ရေများဝင် ရောက်သဖြင့် မြေပဲဆန် ဝင်ရောက်မှုမရှိတာတွေ့ရပါတယ်။ လက်ကျန်ေြ မပဲဆန် များကို မိုးထဲရေထဲဖြစ်ပေမယ့်လည်း ရန်ကုန်ဆီစက်နဲ့ မြို့တွင်းဆီစက်များက အဝယ်ရှိသဖြင့် ဆီဆန်ဈေးအနည်းငယ်တက်ပြီး လုံးဆန် ဈေးမှာ ပုံမှန်ဖြစ်လျက်ရှိ ပါတယ်။ မြေပဲဆန်ဈေးမှာ ဆီကြိတ်မြေပဲဆန် တစ်ပိဿာလျှင် ကျ ပ် ၁၈၀၀၊ လုံးဆန်တစ်ပိဿာလျှင် ကျပ် ၂၅၀၀ ဖြင့် တစ်နေ့လျှင် အိတ် ၃၀၀ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ မြေပဲဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄၈၀၀ ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။
ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ၅၂၀၆၇၇၇ တန်ဖိုးရှိ မြေသြဇာ၂၄၅၀၄ ဒသမ ၀၉၁ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ပိုတက်ဆီယမ်၊ ယူရီးယား၊ အမိုးနီး ယမ်းဆာလဖိတ်၊ ရွှေနဂါး တော့(ပ်)ဝမ်းမြေသြဇာ၊နိုက်တြိုဂျင်၊ ကွန်ပေါင်း၊ မဂ္ဂနီဆီယမ်ဆာလဖိတ်၊ ဓာတ်ဆား၊ ပိုတက်ဆီယမ် စတဲ့မြေသြဇာများတင်သွင်းခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ်မှာ ကနေဒါမှ တန်ချိန် ၂၂၀၀၊ တရုတ် မှ၁၂၉၃၇ဒသမ၂၁၇ တန်၊ ဒိန်းမတ်မှ ၂၁၀၉ ဒသမ ၆ တန်၊ ဂျာမနီမှ ၁၉၇၅တန်၊ ကိုရီးယားမှ ၄ ဒသမ ၈၀၄ တန်၊ မလေးရှားမှ ၅၁၇ ဒသမ ၆၀တန်၊ ရုရှားမှ ၃၈၄ ဒသမ ၆၇ တန်၊ ထိုင်းမှ၃၃၇၄ ဒသမ ၂၀တန်နဲ့ ဗီယက်နမ်မှ ၁၀၀၁ တန်တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒ
ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်းလာခဲ့ပြီး စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့ သည့်အနိမ့်ဆုံးနှုန်းထားအောက်သို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ် ပြန်ချက်များအရ သိရသည်။ သီလဝါ ရှယ်ယာဈေးများကျဆင်း ခဲ့သော်လည်း အက်ဖ်အမ်အိုင်၏ ရှယ် ယာဈေးများမှာမူ ပုံမှန်အတိုင်းရောင်း ဝယ်လျက်ရှိကြောင်း သိရသည်။
ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးကွက်အတွင်း၌ ရွှေတစ်ကျပ်သားလျှင် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးဆောင်ရမည်ဟူသည့် သတင်းထုတ်ပြန် ချက်ကြောင့် ဈေးကွက်အတွင်း ဂယက်ရိုက်ခတ်မှုများရှိနေကြောင်း သိရသည်။ ရွှေဆိုင်များအနေဖြင့် မူလရွှေရောင်းချသူထံမှ ရွှေဝယ်ယူသည်နှင့် ကုန်သွယ် လုပ်ငန်းခွန် ငါးရာခိုင်နှုန်းပေးဆောင်ပြီးသော ပြေစာအား တောင်းခံရမည်ဖြစ်သည်။ ရွှေတစ်ကျပ်သားတန်ဖိုး၏ ငါးရာခိုင်နှုန်းအား ကုန် သွယ်လုပ်ငန်းခွန်အဖြစ် ပေး ဆောင်ရမည်ဆိုသောကြောင့် ရွှေလုပ်ငန်းရှင်အများစု အခက်ကြုံနေရကြောင်း ရွှေကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်နှစ်ပတ်ဆက်တိုက်ငြိမ်သက်နေခဲ့သည့် ပြည်တွင်း ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် အနည်းငယ်ပြန်လည်မြင့်တက်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ငွေလဲနှုန်းမြင့် တက် လာခဲ့မှုကြောင့် ဈေး ကွက်အတွင်း လှုပ်လှုပ်ရှားဖြစ်လာခဲ့ပြီး အရောင်းအဝယ် ပြန်လည်သွက်လာခဲ့ သည်ဟု ဆိုသည်။
ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၆ ရက်သီတင်းပတ်အတွင်း နနွင်း ၃၈၂ ဒသမ ၃၃ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံသို့ ၁၅၈ ဒသမ ၃၃ တန်၊ဘင်္ဂလားဒေ့ရှ်သို့ ၁၁၂ တန် နဲ့ အိန္ဒိယသို့ ၁၁၂ တန်တင်ပို့ခဲ့တယ် လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူသို့ အများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်က နနွင်း ၁၄၈တန် တင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ် တင်ပို့မှုနဲ့ယှဉ်ရင် ၂၃၄ တန်ကျော် ပိုမိုတင်ပို့နို င်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ ၂၉၄၈၈၂ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း
မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ရပ်သွားပေမယ့် ပြည်တွင်းသုံး ဝယ်လိုအား မြင့်နေဆဲမို့ ပဲလက်ကျန်နည်းသလို ဈေးလည်း ဆက်လက် မာခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ် အတွ င်းမှာ ကုလားပဲ ဖြူလုံးကြီး တစ်တင်း ၄၁၇၀၀ ကျပ်၊ ထိုင်ဝမ်တစ်တင်း ၄၀၃၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၉၇၀၀ ကျပ်အထိ ဈေး အသီးသီးမာနေပြီး၊ ဒေသတွင်းနဲ့ မန်းဝယ်လက် အဝယ်ပုံမှန် အဆွဲရှိလို့ တစ်ရက် အိတ် ၅၀၀ မှ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
သြဂုတ်လ ဒုတိယပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်းအသစ်များ ဆက်လက်ဝင်ရောက်လျက်ရှိရာ တစ် ရက်လျှင်အိတ် ၄၀၀ ကျော်အထိ ပဲအဝင် များလာခဲ့တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ရွှေတောင် ကျီးသဲ၊ မင်း တုန်း၊ ကံမမြို့နယ်များမှ နယ်စုံသလောက် ဝင်ရောက်ခဲ့ပြီး မန္တလေးတိုင်း ဒေသများက အဝင်ရှိသလောက် ဝယ်ယူနေတဲ့ အတွက် အရောင်းအဝယ် သွက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ပဲဈေးနှုန်းကတော့ ပဲပေါ်စ အ ဖွင့်ဈေးထက် ဈေး အနည်းငယ်လျော့သွားခဲ့တာကြောင့် တစ်တင်းကျပ် ၂၃၅၀၀ ဖြင့်သာ အရောင်းအဝယ်ဖြစ်နေခဲ့ကြပါတယ်။ ပြည်ပဝယ်လို အားရှိသော မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနဲ့ နှိုင်းယှဉ်လျှင်လည်း ပဲတီစိမ်း ဈေးအေးနေေ ကြာ င်း လေ့ လာသိရှိရပါ
သြဂုတ်လ ပထမပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၅ ဒသမ ၉၄၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁၆၂၄၆ တန် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၄၅၈၅ တန်နဲ့ ဧည့်မထ ဆန် တန် ၁၂၀၀ ၊ ချင်းရွှေဟော် ကုန်သွယ်ရေးစန်းမှ ငစိန်ဆန် ၁၅၄ တန်ကျော် နဲ့ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၃၀၇ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်နောက်ဆုံးပတ်က တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၂၉၁၅ တန် ပိုမိုတင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ ဆန်သာမက ဆန်ကွဲပါ ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။