Main menu

Background

Wednesday, 10 Aug 2016

    ဇူလိုင် ၂၄ရက်မှ ၃၀ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ ၁၂၂၅၀၄၃ တန်ဖိုးရှိ နို့ဆီ ၉၆၉ ဒသမ ၂၆၄ တန်ကို ပင်လယ်ရေကြောင်း  ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။   ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ   ၈၇ ဒသမ  ၅၅၂ တန်၊ မလေးရှားနိုင်ငံမှ ၁၄၈ဒသမ ၈၂၄ တန်နဲ့ စင်ကာပူမှ ၇၃၂ဒသမ ၈၈၈ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်  နို့ဆီတင်သွင်းမှုမှာ တန်ချိန် ၁၂၀ကျော်သာရှိခဲ့တာကြောင့် ဒီတစ် ပတ် တင်သွင်းမှုနဲ့ယှဉ်ရင်  တန်ချိန် ၈၄၀ ကျော်  ပိုမိုတင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Wednesday, 10 Aug 2016

     ဇူလိုင် ၂၄ ရက်မှ၃၀ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၈၄၇၇၁၉ တန်ဖိုးရှိ ဘိလပ်မြေ ၅၃၂၉၂ ဒသမ ၈၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄၆၈ တန်၊ ယူနိုက်တက် ကင်းဒမ်းမှ ၂ဒသမ၈၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၂၈၂၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်နဲ့ဂျန်ဘို၊ အင်စီးဘိလပ်မြေတို့ ဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၇၂၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၆၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။

Wednesday, 10 Aug 2016

       ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း လာခဲ့ပြီး  စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့သည့်  အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ FMI ရှယ်ယာဈေးနှုန်း များသည်လည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအောက်သို့ လဆန်း ပိုင်းက ရောက်ရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန် တွင်မူ မူလသတ်မှတ်ထားသည့်ဈေးနှုန်း သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Wednesday, 10 Aug 2016

       ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးဈေးအဖြစ် ကျပ် ရှစ်သိန်းခွဲအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ၁၃၆၁ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ စံချိန်တင်ရောက်ရှိခဲ့သည့်ဈေးဖြစ်ခဲ့သည်။ ပြည်တွ င်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် လိုက်ပါ မြင့်တက်ခဲ့ရသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင်မူ အရောင်းအဝယ်များမှာ အလွန်ပင် နည်းပါးလျက်ရှိသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြည် တွင်းရွှေဈေးသည် ကျပ် ၈၄၀၀၀၀ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ရှစ်သိန်းခွဲအထိ မြင့်တက်ခဲ့သည်။

Wednesday, 10 Aug 2016

      ယခုကာလမှာ မြန်မာနိုင်ငံအထက်ပိုင်း  ဒေသအချို့မှာ မိုးများ၍ ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရဲ့ စားသုံးသူများကတော့ ဈေး တက် တော့မယ်လို့ခန့်မှန်းပြီး ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရဲ့ ကြက်သွန်နီ ဈေးနှုန်းမှာ ယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူသိုလှောင် ထားရှိမှုများကြောင့် ယခုတစ်ပတ်အတွင်း ပုံမှန်ဈေးဖြင့်သာ ရောင်းချလျက်ရှိနေ သေးကြောင်း သိရှိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ ယခုတစ်ပတ်မှာ တစ်နေ့ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်သာ ဝင်ရောက်ခဲ့တာကြောင့် ဝင်ရောက်မှု သိသိသာသာ နည်း သွားပါတယ်။

Wednesday, 10 Aug 2016

     ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိသော မတ်ပဲနှင့်ပဲစင်းငုံ သီးနှံအနက် မတ်ပဲသီးနှံက သြဂုတ်လဆန်းအတွင်း ဈေးထပ်မံလျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇွန်လကုန်မှာ တစ်တင်း  ကျပ်ငါးသောင်းကျော် ရရှိခဲ့သော်လည်း သြဂုတ်လဆန်းရက်မှာတော့ ကျပ် ငါးသောင်းအောက်လျော့နည်းကျဆင်းခဲ့လို့ တစ်တင်းကျပ် ၄၈၅၀၀ သာရရှိခဲ့တဲ့အတွက် ရန်ကုန်ဝယ်လက်ဝယ်လိုအား ရှိသော်လည်း ထုတ်ရောင်းချသူနည်းခဲ့လို့ အရောင်းအဝယ် အနည်းငယ်အေးခဲ့တယ် လို့ သိရပါ တယ်။ ပဲဝင်ရောက်မှုလည်း သိပ်မရှိခဲ့ဘဲ လက်ကျန်ပဲအချို့နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်က သြဂုတ်လဆန်း ရက်မှာ တစ်တင်း ကျပ် ၄၁၀၀၀ သာရရှိပြီး လလယ်မှစ၍ ပဲဈေး များ ပြန်လည်မြင့်တက်ခဲ့လို့

Wednesday, 10 Aug 2016

       သြဂုတ်လ ပထမပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း သစ်များ စတင် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။  ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးမှာ တစ်တင်း  ကျပ် ၂၅၅၀၀ ဖြင့်သာ ဈေးစဖွင့်ခဲ့ပြီး မန္တလေးဝယ်လက် ကတော့ နေ့စဉ်ဝယ်ယူနေတယ်လို့ သိရပါတယ်။

Wednesday, 10 Aug 2016

       ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃၃၃၁ တန်ကို တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၃၅၅၈ တန်၊ ဧည့်မထ ဆန် တန် ၁၀၀၀၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် တန် ၁၅၃၀ နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၂၄၃ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်တစ်လလုံးမှာတော့ အမေ ရိကန်ဒေါ်လာ  ၁၈ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ဆန် ၅၁၉၆၄ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ဆန် ကွဲတင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း၊  တန်ချိန် ၃၉၄၅ တန်ရှိပြီး   ဇွန်လတင်ပို့မှုထ က် ၇၅၁၈

Thursday, 4 Aug 2016

      ဇူလိုင်တတိယပတ်အတွင်း တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၀၆၂ သန်း တန်ဖိုးရှိ ဂျုံမှုန့် တန် ၁၃၀ ကျော်ကို တင်သွင်းခဲ့ပါတယ်။ ယခင် ဇူလိုင်ဒုတိယပတ်ထက်  တန် ၆၀ ကျော် ပိုမို တင်သွင်းတာေ တွ့ရပါတယ်။  အိန္ဒိယမှ တင်သွင်းလာတဲ့ ဂျုံမှုန့်များရဲ့ လိုင်စင်ဈေးမှာ တစ်ကီလိုလျှင် ၅၂၈ ကျပ် ဖြစ်ပြီးShree Brand ဖြစ်ပါက  တစ်အိတ်လျှင် ၄၅ ကီလိုပါရှိတယ်လို့ ကုန်သွယ် ရေးစခန်းမှ သိရပါတယ်။

Thursday, 4 Aug 2016

       ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မိုးနှမ်းနီအသစ်များကို မြန်အောင်နှင့် နတ်တလင်းဘက်မှ တစ်နေ့လျှင် အိတ် ၁၀၀ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ နှမ်းမှာ နှမ်းနက်များဖြစ်သဖြင့်  အောင်လံဘက်မှ စမုံနက်နှမ်း ဈေး အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဈေးမှာ အသစ်ရော အဟောင်းပါ ဈေးတူနေတာ တွေ့ရပါတယ်။  ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ၂၆၆၀၀ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၃၃၀၀၀ ကျပ် ဖြင့် ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ်နေပြီး စမုံနက် နှမ်းတစ်တင်းလျှင် ၅၀၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဆီဈေး ကတော့ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် ၄၄၀၀ ကျပ်ဖြင့် ဈေး ငြိမ်နေတာ တွေ့ရပါတယ်။

Pages