Main menu

Background

စီးပွားရေးသတင်း

ကမ္ဘာ့အကောင်းဆုံး ဆန်စပါးပြိုင်ပွဲတွင် ဗီယက်နမ် ချန်ပီယံဆုရရှိ

Thu, 11/28/2019 - 15:34 -- journal_editor

      (၁၁)ကြိမ်မြောက်ကမ္ဘာ့အကောင်းဆုံးဆန်စပါးပြိုင်ပွဲ ကို နိုဝင်ဘာ ၁၂ ရက်က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပ ခဲ့ရာ  ဗီယက်နမ်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့ကို ကျော်ဖြတ် ပြီး ပထမဦးဆုံးအကြိမ်အဖြစ်    ချန်ပီယံဆုရရှိခဲ့ကြောင်း သိရသည်။ ယခုပြိုင်ပွဲတွင်  ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးထုတ်လုပ် သော Vietnam’s ST24 ဆန်သည် ထိုင်းနိုင်ငံ၏ Hom Mali  ဆန်ထက် အနံ့မွှေးကြိုင်မှုတွင်  ယှဉ်ပြိုင်နိုင်စွမ်းမရှိသော် လည်း ဆန်လုံးရှည်လျားမှု၊   ဆန်သားနူးညံ့မှုနှင့် အရသာ ကောင်းမွန်မှုစသည့်အချက်များတွင် ထိုင်းဆန်ထက် သာလွန် ကောင်းမွန်ခြင်းကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ   လယ်ယာစိုက်ပျိုးရ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Thu, 11/28/2019 - 14:59 -- journal_editor

         ပထမအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ  ဖွင့်ပွဲအခမ်းအနား ကို နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ် (မြောက် ပိုင်း) လားရှိုးမြို့ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပပြုလုပ်ရာ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်  တက်ရောက်အမှာစကား  ပြောကြားပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာ စကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားသည် မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ် မှုတိုးမြှင့်ရေးကြိုးပမ်းမှု၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ

ပြည်တွင်း သကြားဈေးကွက် ၁၀ နှစ်အတွင်း အနိမ့်ဆုံးပေါက်ဈေးရောက်

Thu, 11/28/2019 - 14:46 -- journal_editor

      ပြည်တွင်း သကြားဈေးကွက်တွင် ယခု ၂၀၁၉ ခုနှစ်၌ သကြား တစ်ပိဿာ လျှင် ကျပ် ၉၅၀ နှုန်းဖြင့် အနိမ့်ဆုံးပေါက်ဈေး ရောက်ရှိနေပြီး ပြင်ပရှိ အမှန် တကယ် ရောင်းဝယ်နေသည့် ဈေးကွက်၌ တစ်ပိဿာ ကျပ် ၉၃၀ ဝန်းကျင်သာ ရှိသောကြောင့် ၁၀ နှစ်အတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိနေသည်ဟု ဆိုနိုင် ကြောင်း ယင်းဈေးကွက်မှ သိရသည်။ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်း ပြည်တွင်းသကြားတစ်ပိဿာ ကျပ် ၁၀၅၀ ဝန်းကျင်ရှိခဲ့ရာမှ ယခု ကျပ် ၉၅၀ ဝန်းကျင်အထိ ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး သကြားကုန်စည်ဒိုင်ပေါက်ဈေးနှင့် ပြင်ပဝယ်ရောင်းပေါက်ဈေးမှာ အနည်း ငယ်ကွာဟမှုရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက

ဖူးခက်နှင့် ပတ္တယားဟိုတယ်များကို ကမ္ဘာ့အဆင့်မီ ပြင်ဆင်မည်

Mon, 11/25/2019 - 11:31 -- journal_editor

           အိမ်ခြံမြေလုပ်ငန်းအုပ်စုဖြစ်သော Asset Work Crop (AWC) နှင့် Marriott International တို့က ပတ္တယားနှင့်ဖူးခက်တို့တွင် ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီသုံးခုနှင့်တွဲဖက်ပြီး လုပ်ငန်းများ ဆောင် ရွက်မည်ဖြစ်ကြောင်း နေးရှင်း သတင်းတွင် ဖော်ပြ သည်။ စီးပွားရေးလုပ်ငန်း၊  ခရီးသွားနှင့် အပျော် ခရီးထွက်သူများနှစ်မျိုးစလုံးအတွက် ဝန်ဆောင်မှု ပေးနိုင်မည့် MICE (Meetings, incentives, conferences and exhibitions)  ခေါ် အစည်း အဝေး၊ ဆွဲဆောင်မှုပေးသည့် လုပ်ငန်းရပ်များ၊ ကွန်ဖရင့်နှင့် ပြပွဲများကျင်းပနိုင်သော ဟိုတယ်များ နှင့် အထောက်အကူပြုလုပ်ငန်းများကို    တည် ဆောက်ပြီး ကမ္ဘာ့အဆင့်မီ  ခရီးသွားလုပ်ငန်းကို ဆောင်ရွက

မြန်မာ့ဝဥ ပြည်ပစျေးကွက်အလားအလာ

Mon, 11/25/2019 - 11:14 -- journal_editor

       တရုတ်နိုင်ငံယူနန်ပြည်နယ်သည်ဝဥ၏ မူလဇာတိဖြစ်ပြီး အရှေ့အာရှ တစ်လွှားသို့ပျံ့နှံ့ခဲ့သည်ဟုဆိုပါသည်။ ဂျပန်အမည်ဖြစ် သော  Konjac ဟုလည်း ထင်ရှားကျော်စောပါသည်။  Konjac ကို  Yam Cake ခေါ် ကျောက်ကျောတုံးပုံမုန့်အဖြစ်လည်း ထင်ရှားလူ ကြိုက်များပြီး ဝဥမှ ပြုလုပ်သော  “ Shirataki” ခေါ် ခေါက်ဆွဲမှာ လည်း ဂျပန်တွင်ကျော်ကြားပါသည်။ မြန်မာနိုင်ငံတွင် ယခင်က သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပြီး ယခုအခါ ပြည်ပတင်ပို့မှု များပြားလာသဖြင့် စနစ်တကျစိုက်ပျိုး ထုတ်လုပ်လာကြသည်။

လက်ရှိဝဥကမ္ဘာဈေးကွက်

ပြည်ပသို့ ဆန်တင်ပို့ရန် ကြိုးပမ်းချက်နှင့် မျှော်မှန်းချက်

Mon, 11/25/2019 - 11:03 -- journal_editor

        မြန်မာ့လယ်ယာထွက်ကုန်များ ပြည်ပတင်ပို့မှုတွင် ဆန်နှင့် ဆန်ကွဲတင်ပို့မှုသည် ပမာဏအများဆုံးဖြစ်တာ တွေ့ရပါ တယ်။ ၂၀၁၇- ၂၀၁၉ ခုနှစ်ဆိုရင် ပြည်ပသို့ ဆန် ၃ ဒသမ ၅၈ မီလီယံတန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၃ ခုနှစ်ကစပြီး မြန်မာ့ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး နောက်ပိုင်းမှာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊  စက်ပိုင်၊ ကုန်သည် ပွဲစားများ၊ ဆန် Exporter ကြီးများဟာ ကိုယ့်လက်ကိုယ့်ခြေလွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားတင်ပို့ လာ နိုင်ခဲ့ပါတယ်။ ၂၀ဝ၃ ခုနှစ်က ဆန်စပါးမူဝါဒ ပြောင်းလဲခံရခြင်းရဲ့ အဓိက ရည်ရွယ်ချက်များကတော့ တောင်သူလယ်သမားကြီးများ သည်

ဆားလင်းကြီးမြို့နယ် ကျွဲခိုတောကျေးရွာ၏ ကြက်မွေးလုပ်ငန်း

Mon, 11/25/2019 - 10:50 -- journal_editor

         စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့နယ်သည် မုံရွာမြို့ အနောက်ဘက် ချင်းတွင်း မြစ်တစ်ဖက်ကမ်းတွင်တည်ရှိသည်။ ဆားလင်းကြီး မြို့နယ်ပိုင်းတောင်ကြီးကျေးရွာနှင့် အခြားကျေးရွာအတွင်း နေထိုင်သူများသည် ယခင်ကဆားချက်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြပြီး ဆားချက်ရာတွင်နေ့ရာညပါ ဆားချက်နိုင်ရန် အတွက် သားရဲတိရစ္ဆာန်ဘေးမှ ကင်းလွတ်နိုင်ရန် လင့်စင်ထိုး၍ ဆားချက်ရာဌာနအလိုက် ရွာတည်သောကြောင့် ဆားလင့်ဟု ခေါ်တွင်ပြီး လူနေ အိမ်ခြေ စည်ကားတိုးတက်လာသဖြင့် ကြီးတစ်လုံးတိုးကာ ဆားလင့်ကြီးဟု ခေါ်ဆို ရာမှ ကာလကြာရှည်ရာမှဆားလင်းကြီးဟုခေါ်ဆိုကြောင်း လေ့လာသိရှိရပါသည်။ ထိုနည်းတူစွာ ဆားလင်းကြီး မြို့နယ်အတွ

ယခုလအတွင်း YANGON WATER BUS ကို ရေယာဉ်သစ်များဖြင့် ပြန်လည်ပြေးဆွဲမည်

Mon, 11/25/2019 - 10:48 -- journal_editor

        နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း  ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း  Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည်  မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက်ဖြစ် ကြောင်း သိရသည်။ ယခုက

ဈေးကွက်ထဲ ရောက်ရှိလာသည့် ကောက်စောဆန်

Mon, 11/25/2019 - 10:45 -- journal_editor

      မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံ ဝင် ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အရည်အသွေးနှင့် ဝယ်လိုအား ကြောင့် နှမ်းနက်(စမုံ/ဂွနက်)၊ နှမ်းဖြူဈေးတက်သွားသည်။ မကွေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် နိုဝင်ဘာ ၁၃ ရက် နှမ်းနက် (စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၂၄၇၀ဝ၀၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အလတ်စ ကျပ် ၂၃၀ဝ၀ဝ၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၈၀ဝ၀၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၅၀ဝ၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

ဈေးအနည်းငယ် မြင့်တက်လာသည့် အောင်ပန်းအာလူး

Mon, 11/25/2019 - 10:43 -- journal_editor

        ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ရှမ်း ပြည်နယ် အောင်ပန်းမြို့မှ အာလူးများ ဝင်ရောက်လျက်ရှိပြီး နိုဝင်ဘာ ၁၅ ရက် တွင် အောင်ပန်းမြို့မှ  ဝင်ရောက်လာ သော အာလူးတစ်ပိဿာ ဈေးနှုန်းများမှာ အာလူး A1 ကျပ် ၇၅၀၊ အာလူးOK ကျပ် ၉၀ဝ၊ အာလူး  S1 ကျပ် ၁၀ဝ၀၊ အာလူး S2 ကျပ် ၁၁၀ဝ ဖြစ်သည်။ အောင်ပန်းအာလူးဈေးများမှာ   ယခင် တစ်ပတ်ဈေးနှုန်းထက် အာလူး A1 ကျပ် ၂၅၀၊ အာလူး S2 ကျပ် ၃၅၀၊ အာလူး OK နှင့် S1 မှာ ကျပ် ၃၃၀ ခန့်စီ ဈေးနှုန်းမြင့်တက်လာကြောင်း  ကုန် စည်ဒိုင်ဈေးကွက်မှ သိရသည်။ ရန်ကုန်မြို့ဒေသအတွင်း  လက် လီပြန်လည်ရောင်းချသူများနှင့် အာလူး  ကြော်လုပ်ငန်းရှင်များက  ဝယ်ယူခဲ့ကြ ကြောင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ အာလူးဝင်

Pages

Subscribe to RSS - စီးပွားရေးသတင်း