ငါးလုပ်ငန်းဆိုင်ရာဥပဒေများ ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိ
မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းသည် ကျယ်ပြန့်သောကဏ္ဍတစ်ရပ်ဖြစ်သည်။ ဖမ်းဆီးရေးအပိုင်းတွင် ရေချိုနှင့်ရေငန် ဖမ်းဆီးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံပိုင်ကြွယ်ဝသန့်ရှင်းသည့် မြေ၊ ရေသယံဇာတများနှင့် မျှတ သည့် ရာသီဥတုများကိုအခြေခံ၍ ရေချိုနှင့်ရေငန် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက် ရှိသည်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှစတင်၍ ရေချိုငါးလုပ်ငန်း ဥပဒေ၊ ငါးမွေးမြူခြင်းဆိုင်ရာဥပဒေ၊ ပင်လယ်ငါးလုပ်ငန်း ဥပဒေ၊ နိုင်ငံခြားငါးဖမ်းရေယာဉ်ဆိုင်ရာဥပဒေ စသည့်ဥပဒေ(၄)ရပ်ဖြင့် စီမံခန့်ခွဲဆောင်ရွက်ခဲ့သည်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေအရ ရေချိုငါးလုပ်ငန်းများကို တိုင်းဒေသ










