မြဝတီမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ဈေးနှုန်း အခြေအနေ
ကရင်ပြည်နယ် မြဝတီမြို့ပေါ်ရှိ ကြံခင်းဈေးတွင် နိုဝင်ဘာလပထမပတ် အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်များမှာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၂၀ဝ၀၊ လက်ကားဈေး ကျပ် ၁၉၀ဝ၊ ကြက်သွန်နီ ယခင်လဈေး ကြီး၊ လတ်၊ သေး ကျပ် ၂၅၀ဝ၊ ၂၀ဝ၀၊ ၁၇၀ဝ၊ ယခုဈေးနှုန်း ကျပ် (၂၇၀ဝ၊ ၂၅၀ဝ၊ ၂၀ဝ၀) ကြက်သွန်ဖြူကြူကုတ် ကျပ် ၅၀ဝ၀၊ ကြက်သွန်ဖြူရှမ်းစ ကျပ် ၄၂၀ဝ၊ ကုလားပဲခြမ်း ဈေးမှာ ကျပ် ၂၅၀ဝ၊ အာလူးဈေးနှုန်းမှာ ကျပ် ၁၄၀ဝ ဖြစ်ပြီး ချင်းဈေးနှုန်းမှာ ကျပ် ၂၃၀ဝ၊ မန် ကျည်းသီး ကျပ် (၄၂၀ဝ၊ ၃၇၀ဝ) ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။