မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များ တိုက်ရိုက်တင်သွင်းရန် ကိုရီးယားကုမ္ပဏီများ စိတ်ဝင်စားလျက်ရှိ
ကိုရီးယားနိုင်ငံမှဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများအပါအဝင် ကျန်းမာရေးအထောက်အကူပြု စား သောက်ကုန် ဖြည့်စွက်စာများကိုဖြန့်ဖြူး ရောင်းချသော ကိုရီးယားကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံမှဓနိဖူးများကို ကိုရီးယားသမ္မတနိုင်ငံသို့ တင်သွင်းလျက်ရှိသည်။ မြန်မာနိုင်ငံက ထွက်ရှိသည့် ဓနိဖူးသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားများနိုင်ငံများတွင် ထွက်ရှိသည့်ဓနိဖူးများ ထက်သဘာဝဘေးဒဏ်ခံရမှု နည်းပါးသည့်အတွက် အရည်အသွေး ပိုမိုကောင်းမွန်သည်ကို စစ်ဆေးတွေ့ရှိရသည်။ ဓနိဖူးတွင် ကင်ဆာရောဂါအား ကာကွယ်နိုင်သည့် ဒြပ်ပေါင်းများပါဝင်ကာ ကျန်းမာရေးကို လွန်စွာအထောက် အကူပြုသည့်အတွက် ကိုရီးယားသမ္မတ နိုင်ငံတွင် ဓနိဖူးပါဝင