ယခုလအတွင်း YANGON WATER BUS ကို ရေယာဉ်သစ်များဖြင့် ပြန်လည်ပြေးဆွဲမည်
နှစ်လနီးပါးကြာ အကြီးစား ပြင်ဆင်မှုများ ပြုလုပ်နေသည့် Yangon Water Bus ရေယာဉ်ပြေးဆွဲမှုများကို ယခု နိုဝင်ဘာလအတွင်း ရေယာဉ်အသစ်များ အသုံးပြု၍ ပြန်လည် ပြေးဆွဲသွားမည်ဖြစ်ကြောင်း Yagon Water Bus လုပ်ပိုင်ခွင့် ရထားသည့် တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။ ယင်းသို့ ရပ်နားထားခြင်းသည် မိုးရာသီအတွင်း ဆိပ်ကမ်းများပျက်စီးနေခြင်းကို ပြုပြင်ရန်၊ ရေယာဉ်များ အကြီး စားပြုပြင်ရန်၊ ငမိုးရိပ်ချောင်းအတွင်း ပြေးဆွဲမည့် ရေယာဉ် များ တင်သွင်းရန်၊ ငမိုးရိပ်ချောင်း ဆိပ်ကမ်းများ ဆောက်လုပ် ခွင့် ရရှိရန်၊ သန်လျင်ဆိပ်ကမ်း ပြုပြင်ဆောက်လုပ်ရန်၊ ငွေပေး ချေစနစ်သစ်အတွက် စက်များတပ်ဆင်ရန်တို့အတွက်ဖြစ် ကြောင်း သိရသည်။ ယခုက










