အိန္ဒိယက တရုတ်ထက် သာလွန်ပြီး သီရိလင်္ကာကို ငွေကြေး ထောက်ပံ့
ဒေသတွင်း၌ တရုတ်၏သြဇာလွှမ်းမိုးမှုကိုတန်ပြန်ရန် စိတ်စောနေ သော အိန္ဒိယနိုင်ငံက သီရိလင်္ကာနိုင်ငံအတွက် အကူအညီအဖြစ် အမေရိ ကန်ဒေါ်လာ သန်းပေါင်းရာချီ၍ပေးခဲ့ကြောင်း အေအက်ဖ်ပီသတင်း တွင် ဖော်ပြသည်။ သီရိလင်္ကာနိုင်ငံ သမ္မတသစ်သည် ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ် နယူးဒေလီသို့ရောက်ရှိစဉ် ယခုလို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယနှင့် တရုတ်တို့က အိန္ဒိယသမုဒ္ဒရာနှင့် မဟာဗျူဟာမြောက် ပင်လယ်လမ်းကြောင်းကို ထိန်းချုပ်ရန် ယှဉ်ပြိုင်လျက်ရှိသဖြင့် သမ္မတဖြစ် လာပြီးနောက် ၁၂ ရက်အတွင်း ဂိုတာဘာယာရာဂျာပက်ဆာ၏ အိန္ဒိ ယ နိုင်ငံခရီးစဉ်ကို ဂရုတစိုက်စောင့်ကြည့်လျက်ရှိသည်။










