ရေလုပ်ငန်းတွင် ဖြစ်ပေါ်ခဲ့သည့် လူကုန်ကူးမှုဖြစ်ရပ်ကြောင့် ပြည်ပရေထွက်ပို့ကုန် ထိခိုက်မည်ကို စိုးရိမ်
လတ်တလောဖြစ်ပေါ်နေသည့် ပြည်တွင်း ကျားဖောင် ငါးဖမ်းရေလုပ်ငန်း၏ လူကုန်ကူးမှုဖြစ်ရပ် ကြောင့် ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှု ထိခိုက်မည်ကို စိုးရိမ်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် မှ သိရသည်။ ထိုကဲ့သို့ ဖြစ်ပေါ်ရခြင်းမှာ အီးယူနိုင်ငံနှင့် အနောက်နိုင်ငံများက စီးပွားရေး ပိတ်ဆို့မှုလုပ်ရန် မျက်စောင်းထိုး နေခြင်းများရှိသည့်အတွက် ယင်းဖြစ် ရပ်ကြောင့် ဖြေလျှော့ပေးနေမှုများ ရုပ်သိမ်းမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သိရသည်။ “အခုလတ်တလော ဖျာပုံမှာဖြစ် သွားတဲ့ဖြစ်စဉ် နဲ့ပတ်သက်ပြီး အမှန်အမှားကို ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုအောက်မှာ ရှိတယ်ဆိုပေမယ့် အဲ