Main menu

Background

စီးပွားရေးသတင်း

၀ယ်လိုအား မြင့်တက်မှုကြောင့် အိန္ဒိယဆန်ဈေး မြင့်တက်

Tue, 12/24/2019 - 14:21 -- journal_editor

      ကမ္ဘာ့ဈေးကွက်မှာ ဝယ်လိုအား မြင့်တက်လာပြီး  ပြည်တွင်းဈေးကွက် များတွင် စပါးဈေးများ  မြင့်တက်လာ သဖြင့်ယခုသီတင်းပတ်အတွင်း အိန္ဒိယ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြ သည်။ သို့သော်လည်း  ဈေးနှုန်းသက်သာသော ပြိုင်ဘက်များရှိလာသည့်အတွက် ထိုင်းဆန်၏ ဝယ်လိုအားမှာ ကျဆင်းခဲ့သည်။ ထိပ်တန်း ပို့ကုန်ဖြစ်သည့် အိန္ဒိယပြုတ်ဆန် ၅ မှတ် ဆန်ကွဲ၏ ယခုသီတင်းပတ်အတွင်း ဆိုဈေးမှာ   တစ် တန်ကိုအမေရိကန်ဒေါ်လာ ၃၆၀- ၃၆၅ ဒေါ်လာအတွင်း ရှိခဲ့သည်။ ယခင်သီတင်းပတ်ကရှိခဲ့သော တစ်တန် အမေရိကန်ဒေါ်လာ ၃၅၈- ၃၆၃ ဒေါ်လာမှမြင့် တက်လာခြင်းဖြစ်သည်။

မွန်ဂျေအင်းနှင့် အာဘေးတို့ ဒီဇင်ဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံ၌ တစ်ဦးချင်း တွေ့ဆုံမည်

Tue, 12/24/2019 - 14:14 -- journal_editor

      လာမည့်သီတင်းပတ်တွင် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းသည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တစ်ဦးချင်း တွေ့ဆုံမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက်က သမ္မတအိမ်တော်မှ ကြေညာချက်ကို ကိုးကားပြီး ယွန်းဟပ် သတင်း တွင်ဖော်ပြသည်။ ဆွေးနွေးပွဲ သည် အလွန်ထူးခြားလိမ့်မည်ဖြစ်ကြောင်း လည်း ဖော်ပြသည်။ ဇီချွမ်ပြည်နယ်၊ ချန်ဒူးတွင်ပြုလုပ် မည့် ခရစ္စမတ်အကြိုတွေ့ဆုံပွဲသည် ၁၅ လအတွင်း ခေါင်းဆောင်နှစ်ဦးထိပ်သီး ဆွေးနွေးပွဲအဖြစ် ပထမအကြိမ် တွေ့ ဆုံခြင်းဖြစ်ပြီး သမိုင်းနှင့်သက်ဆိုင်သော ပြဿနာမှ ယှက်နွှယ်ပြီး ဆိုးလ်နှင့် တိုကျို တို့ ကုန်သွယ်ရေးတိုက်ပွဲကို ဆင်နွှဲနေ စဉ်ကာလအတွင်း ယခုကဲ့သို့ တွေ့ဆုံခဲ့ ခြင်းဖြစ်သည်။ နှစ်နိုင်ငံ

ဗီယက်နမ်ကော်ဖီလုပ်ငန်းအတွက် စိန်ခေါ်မှုများရှိနေ

Tue, 12/24/2019 - 14:12 -- journal_editor

     ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရိုဘတ်စတာ (robusta) ကော်ဖီအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်သော်လည်း ရေရှည်ဖွံ့ဖြိုးရေးအတွက် နိုင်ငံအတွင်း၌ စိန်ခေါ်မှုများ နှင့် ရင်ဆိုင်နေရကြောင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဗီယက်နမ်နယူးအေဂျင်စီ၏သတင်းတွင် ဖော်ပြသည်။ ဗီယက်နမ်တောင်သူအများစုက  ခေတ်မီနည်းပညာ ထက်ရိုးရာနည်းပညာများကို အသုံးပြုနေသည့်အတွက် ဗီယက်နမ်ကော်ဖီ၏ အရည်အသွေးသည် သာမန်အဆင့်မှ မတက်သေးဘဲရှိနေကြောင်း ဝန်ကြီးဌာနအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ငုယင်ဒူးအင်တွမ်းက ပြောသည်။ 

ဖရဲ ၊ သခွားမွှေး တိုးမြှင့်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲအကြောင်း တစေ့တစောင်း

Tue, 12/24/2019 - 13:55 -- journal_editor

     တစ်ဖက်နိုင်ငံ ယူနန်ပြည်နယ်နှင့် ကုန် သွယ်မှုပြုလုပ်နေသော ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့နယ်ရှိ မိုင်းယုကျေးရွာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် သစ်သီးဝလံကုန်စည်ဒိုင်တွင် ဒီဇင်ဘာ ၁၃ရက်တွင် ဖရဲသီး၊ သခွားမွှေး တိုးမြှင့် တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပခဲ့ပြီး တက်ရောက်လာသူများကတော့ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် OSS ကုန်သွယ်ရေးဦ

ကွမ်တုံး-မကာအို တရုတ်တိုင်းရင်းဆေးသိပ္ပံနှင့် နည်းပညာလုပ်ငန်းဇုန်မှ မြန်မာနိုင်ငံရှိ တရုတ်တိုင်းရင်းဆေး ဖြန့်ဖြူးရောင်းချသူများ၊ ပညာရှင်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အဆိုပြုလာ

Tue, 12/24/2019 - 13:48 -- journal_editor

     တရုတ်ပြည်သူ့သမ္မတနိုင်ငံ မကာအိုအထူး အုပ်ချုပ်ရေးဒေသ အစိုးရ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့နှင့် မကာအို၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးမှ စီးပွားရေးအသင်း အဖွဲ့ ၁၅ ဖွဲ့မှ ပူးတွဲကြီးမှူး၍ အောက်တို ဘာ ၁၇ ရက် မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် မကာအို နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပြပွဲကာလအတွင်း ဟန်ချင်ကျွန်းသို့ သွားရောက်လေ့လာရာတွင် ၎င်းကျွန်းပေါ်ရှိ ကွမ်တုံး-မကာအို တရုတ်တိုင်းရင်းဆေးသိပ္ပံနှင့် နည်းပညာလုပ်ငန်း ဇုန် Guangdong Macao Traditional Chinese Medicine Science and Technology Industrial Park- GMTCM Park ၏ Management Team မှ မြန်မာနိုင်ငံရှိ တရ

စစ်ကိုင်း နိုင်ငံတကာကုန်စည်ပြပွဲ၂၀၂၀ ကျင်းပမည်

Tue, 12/24/2019 - 13:37 -- journal_editor

     စစ်ကိုင်းမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊  စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် စစ်ကိုင်းခရိုင် ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SDCCI) တို့ ပူး ပေါင်း၍ စစ်ကိုင်း International Trade Fair 2020 ကုန်စည် ပြပွဲကြီးကို စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲတွင် မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဗီယက် နမ်၊ ဂျပန်၊ အင်္ဂလန် စသည့်နိုင်ငံတို့၏ ကုမ္ပဏီများမှ အဆင့်မြင့် လူသုံးကုန်၊  အလှကုန်၊ စားသောက်ကုန်၊  ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ၊ တိုင်းရင်းဆ

ထပ်မံကျဆင်းနေသည့် ပြည်တွင်းငွေလဲနှုန်း

Tue, 12/24/2019 - 13:11 -- journal_editor

     ပြည်တွင်းငွေလဲဈေးနှုန်းမှာ ဈေးကျနေသည်ဆိုသော်လည်း ၁၅၀ဝ ကျပ် ဝန်းကျင်၌သာ အတက်အကျဖြစ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ၂၀ရက်တွင် ရည်ညွှန်းငွေလဲနှုန်း ကို အမေရိကန်တစ်ဒေါ်လာလျှင် ၁၄၉၉ ကျပ်  သတ်မှတ်ထားပြီး ဈေးကွက်အနေ အထားအရကြည့်ပါကလည်း ဈေးထပ်မံကျဆင်းနေကြောင်းသိရသည်။ 'အခုက ရွှေဈေးရောငွေဈေးပါ အကျဘက်ကို  ဦးတည်နေတယ်။  အားလုံး ကလည်း စောင့်ကြည့်အနေအထားမှာဖြစ်နေတယ်။ ပိုဆိုးတာက  ကုန်သွယ်ရေး ဆိုင်ရာ တင်းမာမှုတွေ ဆက်တိုက်ဖြစ်လို့ စီးပွားရေးတိုးတက်မှုနှုန်းကို ထိမယ်ဆိုရင် ဈေးကထပ်ကိုကျဦးမှာပဲ။ ဈေးကျတာမှာလည်း ဝုန်းခနဲကျတာမဟုတ်ဘဲ တအိအိ နဲ့ဖြစ်နေလို့သာ မသိသာတာ။ ကုန်သည်တွေအ

အလားအလာရှိသော ရေထွက်ပို့ကုန်

Tue, 12/24/2019 - 13:06 -- journal_editor

      မြန်မာနိုင်ငံသည် မြစ်ချောင်းအင်းအိုင် ပေါများရုံမက ရှည်လျားသည့် ကမ်းရိုးတန်းကိုလည်း ပိုင်ဆိုင်ထားပြီး ရေ အရင်းအမြစ်နှင့် ရေသယံဇာတပြွေါကယ်ဝသော နိုင်ငံတစ် နိုင်ငံဖြစ်သည့်အားလျော်စွာ ရေထွက်ပစ္စည်းများကို နှစ်စဉ် ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ပင်လယ်ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၂၉၆ ဒသမ ဝ၇၀ သန်းနှင့် နယ်စပ်ဒေသမှ အမေရိကန်ဒေါ်လာ ၄၃၅ ဒသမ ၈၈၁ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၃၁ ဒသမ ၉၅၁ သန်း တင်ပို့ဆောင်ရွက်နိုင်ခဲ့သည်။ ရေထွက်ပစ္စည်းများ ကို ပင်လယ်ရေကြောင်းထက် နယ်စပ်ဒေသကတစ်ဆင့် ပိုမို တင်ပို့လာနိုင်ပြီး မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှအဆိုပါ နှစ်မှာ အမေရိကန်ဒေါ်လာ ၁

ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ လာမည့်နှစ်အတွင်း ဝင်ရောက်ရန်ရှိဟုဆို 

Tue, 12/24/2019 - 12:59 -- journal_editor

     ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် မိုင်းသတ္တုတူးဖော် ရေး လုပ်ငန်းများကို လာမည့် ၂၀၂၀ ခုနှစ်အတွင်း ဝင်ရောက် ရန်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။ ဒီဇင်ဘာ ၁၇ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန၌ ပြုလုပ်သည့် သတင်းမီဒီယာတွေ့ဆုံပွဲတွင် ယင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ "အခု လာမယ့်နှစ်မှာတော့ ပြီးခဲ့တဲ့နှစ်က ကျန်နေတဲ့ လုပ်ငန်းမျိုးတွေဖြစ်တဲ့ မိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လာမယ်လို့ ခန့်မှန်းတယ်။ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက လည်း အသေးစိတ်စိစစ်နေတဲ့အပိုင်း ဖြစ်ပါတယ်။ ရင်းနှီး မြှ

ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အား Update ပြုလုပ်ရန် အသိပေးကြေညာ

Tue, 12/24/2019 - 12:57 -- journal_editor

     ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ကုမ္ပဏီ များ အက်ဥပဒေ ၁၉၁၄၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက် ဥပဒေတို့အရ ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများမှ ပြည်ပနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အလို့ငှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်  မှတ်ပုံတင်လက်မှတ် များအား ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ အဆိုပါကုမ္ပဏီများအနေဖြင့် ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သော မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအသစ်ပါပြဋ္ဌာန်းချက် အရ အီလစ်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO)ဖြင့်  ပြန်လည်မှတ်ပုံတင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန် ကြားမှုဦးစီးဌာနက သတ်မှတ်ထားရာ ပို့ကုန်သွင်းကုန်လုပ်ငန်း ရှင်မှတ်ပု

Pages

Subscribe to RSS - စီးပွားရေးသတင်း