ခရုကနေ ရွှေဖြစ်အောင် ဖန်တီးကြပါစို့
လူသားတို့အတွက် စားနပ်ရိက္ခာဖူလုံရေး ကြိုးပမ်းရင်းပင် စား သုံး၍ရသော သီးနှံပင်များလည်း တဖြည်းဖြည်းထွန်းကားလာခဲ့ပါ တယ်။ သီးနှံသစ်ပင်များနှင့်အတူ ပြိုင်တူမွေးဖွားပေါ်ပေါက်လာသော ဖွားဖက်တော်များမှာ သီးနှံသစ်ပင်များကို ၎င်းတို့၏ အစာအဖြစ် စားသောက်ကြသော ပိုးမွှားမျိုးစုံတို့ဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် သီးနှံ သစ်ပင်တို့ကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ရှိပါတယ်ဟု ဆိုပါတယ်။ မြန်မာနိုင်ငံ မှာတော့ သီးနှံသစ်ပင် များကို ဖျက်ဆီးစားသောက်သော ပိုးမွှားမျိုးစိတ်ပေါင်း ၁၀၀ ကျော် ရှိတယ်လို့ဆိုပါတယ်။ ကမ္ဘာတွင် ပိုးမွှားများဖျက်ဆီးစားသောက်မှု ကြောင့် သီးနှံများပျက်စီးဆုံးရှုံးရခြင်းဟာ (










