နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ တစ်ဘီလီယံကျော်ခွင့် ပြု
ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၃၂၈ သန်းကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၀၈၅ ခုကို ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖ