Background
စီးပွားရေးသတင်း
ဒသမအကြိမ် မြန်မာ-ဗီယက်နမ် ကုန်သွယ်ရေးပူးတွဲကော်မတီ အစည်းအဝေးကျင်းပ
ကုက္ကိုလ်သစ်ခွဲသားများ ပြည်ပသို့တင်ပို့ခွင့်မပြုကြောင်းသတင်းလွှာ(၅/၂၀၁၉)
ယခုတစ်ပတ် ရော်ဘာတန်ချိန် ၁၀၀၀ ကျော်တင်ပို့
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ ဂျပန်၊ ကိုရီယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့တင်ပို့ပြီး တရုတ်နိုင်ငံသို့ Synthetic ရော်ဘာ အမျိုးအစားတန်ချိန် ၅၀၀ ကျော်၊ဂျပန်နိုင်ငံသို့ MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီယားနိုင်ငံသို့ TSR-20 အမျိုးအစား တန်ချိန် ၂၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား တန်ချိန် ၆၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။
GAC မော်တာမြန်မာ၏ ကားသစ်နှစ်စီး စတင်မိတ်ဆက်
စံချိန်တင်မြင့်တက်နေရာမှ ပြန်ကျလာခဲ့သည့် ပြည်တွင်းရွှေဈေး
ယခုတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တန်ချိန် ၇၀၀၀၀ ကျော်ဝင်
မန္တလေး ကြက်သွန်နီဈေးနှုန်း ဈေးကွက်အခြေအနေ
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် တစ်ပတ်အတွင်း ကြက်သွန်နီ ဈေးကွက်အခြေအနေမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။ မန္တလေးဈေးကွက်တွင် ယခုတစ် ပတ် ကြက်သွန်နီ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၉၀၀၊ အလတ်စ ကျပ် ၈၀၀ ၊ အနိမ့်စကျပ် ၇၀၀၊လက်လီဈေးနှုန်း များမှာ ထိပ်စ ကျပ် ၁၂၀၀၊ အလတ်စကျပ် ၁၀၀၀၊ အနိမ့်စ ကျပ် ၈၀၀ ဖြင့် နေ့စဉ် ကုန် ချိန် ပိဿာ ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ဝင်ရောက်မှုရှိနေကြောင်းသိရသည်။
ပြည်ဈေးကွက်တွင် မိုးနှမ်းပေါ်စဈေးပြန်အေးသွား
ဟင်္သာတ မတ်ပဲဈေး အနည်းငယ်ပြန်တက် ပဲတီစိမ်းမျိုး အဝယ်လိုက်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတကုန်စည်ဒိုင်တွင် စက်တင်ဘာလ ပထမပတ်က တစ်တင်းလျှင် ကျပ် ၂၃၇၀၀ ထိ ကျဆင်းခဲ့သော မတ်ပဲသည် ဒုတိယပတ်တွင် ဈေးအနည်းငယ်ပြန်တက်လာခဲ့ရာ စက်တင်ဘာ ၁၂ ရက် တွင် ကျပ်၂၄၇၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။ ဖွဲနုပေါင် ၇၀ တစ်အိတ် လျှင် ကျပ် ၁၀၅၀၀ ဈေးဖြင့်လည်းကောင်း၊ ပဲငါးပိ (ဆီတိုးလုံးကြီး) တစ်တင်း လျှင် ၂၀၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ အစေ့ထုတ်ပြောင်း တစ်တင်း လျှင် ကျပ် ၉၃၀၀ ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိသည်။










