ယခုတစ်ပတ် ရော်ဘာတန်ချိန် ၁၀၀၀ ကျော်တင်ပို့
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၇ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၀၇၀ ကျော်တင်ပို့ခဲ့သည်။ ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ ဂျပန်၊ ကိုရီယား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံများသို့တင်ပို့ပြီး တရုတ်နိုင်ငံသို့ Synthetic ရော်ဘာ အမျိုးအစားတန်ချိန် ၅၀၀ ကျော်၊ဂျပန်နိုင်ငံသို့ MSR-20 အမျိုးအစား ၁၉၆ တန်၊ ကိုရီယားနိုင်ငံသို့ TSR-20 အမျိုးအစား တန်ချိန် ၂၁၀ ကျော်၊ မလေးရှားနိုင်ငံသို့ RSS-3 အမျိုးအစား တန်ချိန် ၆၀၊ ဗီယက်နမ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ကြောင်း သိရသည်။