နိုင်ငံ GDP သည် ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာ
မြန်မာနိုင်ငံ၏ GDP သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် သော “Myanmar- Japan- US Forum Fostering Responsible Investment Forum” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။










