မြန်မာ့နာနတ်သီးများ တရုတ်သို့ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး ညှိနှိုင်းနေ
၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ် သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှ တရားဝင် တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင် တင်ပို့ နိုင်ဖို့လုပ်နေရာမှ အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရာ