Main menu

Background

စီးပွားရေးသတင်း

ယခုတစ်ပတ် ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲတင်ပို့မှု လျော့ကျ

Thu, 08/01/2019 - 14:33 -- journal_editor

ဇူလိုင်၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ   ကုန်သွယ်ရေးစခန်းများမှ  အမေရိ ကန်ဒေါ်လာတစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၅၂၇၀ ကျော် တင်ပို့ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဆန်တင်ပို့မှု များမှာ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တန်ချိန် ၄၈၆၀ တန်ချိန်ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  တန်ချိန် ၃၆၀ကျော်နှင့်   လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၄၀ ကျော်တင်ပို့ခဲ့သည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၅၅၀ ကျော်ပိုမိုတင်ပို့နိုင်ကြောင်း သိရသည်။ ယခု တစ်ပတ် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဆန်ကွဲတန်ချိန် ၂၀ ကျော်တင်ပို့ခဲ့သည်။

အရည်အသွေးအာမခံသည့် ပန်းနုရောင်ဆုံဆိ

Thu, 08/01/2019 - 14:28 -- journal_editor

ပန်းနုရောင်ဆုံဆီ ထုတ်လုပ်မှုကို  သမစလမ်း၊ စက်မှုဇုန် မုံရွာမြို့၌  ၂၀၁၃ ခုနှစ်ကတည်းက  ထုတ်လုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။ ပန်းနုရောင်ဆုံဆီကနွားဖြင့်ကြိတ်သည့် မိရိုးဖလာနည်း ကိုလည်း မပယ်ရှားဘဲ စက်ဖြင့်ပြောင်းလဲကြိတ်ခဲ့ကြောင်း၊ ယခင်က မြေပဲသာမက နှမ်းဆီ၊ ကြယ်ပဲဆီနှင့် မုံညှင်းဆီတို့ကိုပါ ထုတ်လုပ် ရောင်းချခဲ့ကြောင်း၊ ထိုဆီများမှာ ဈေးနှုန်းများပြားကာ အရောင်း အဝယ် မဖြစ်သဖြင့် ဆက်လက်ရောင်းချခြင်းမပြုတော့ဘဲ မြေပဲဆီ တစ်မျိုးတည်းကိုသာ လက်လီရောင်းချနေကြောင်း သိရပါတယ်။
ဆီကြိတ်တဲ့  ကျည်ပွေ့ကို   ရှားသားနဲ့ပြုလုပ်ပြီး ဆီဆုံကို

ကျော့မင်းကျေးရွာဒေသထွက်ကုန် ဂျုံရိုးဦးထုပ်လုပ်ငန်း

Thu, 08/01/2019 - 14:21 -- journal_editor

    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ကျော့မင်းကျေးရွာ၏အဓိကစီးပွားရေးလုပ်ငန်းမှာစိုက်ပျိုး ရေးလုပ်ငန်းဖြစ်ပြီး ဂျုံရိုးဦးထုပ်လုပ်ငန်းမှာအသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းအဖြစ် ကျေးရွာတစ်ရွာလုံးနီးပါးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့နာနတ်သီးများ တရုတ်သို့ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး ညှိနှိုင်းနေ

Thu, 07/25/2019 - 15:28 -- journal_editor

      ၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး  ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက   ညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ် သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှ တရားဝင် တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင်  တင်ပို့ နိုင်ဖို့လုပ်နေရာမှ  အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရာ

ပင်ရင်းနိုင်ငံ အထောက်အထားထက် ထုတ်ကုန်အရည်အသွေးက ပိုမိုအရေးပါ

Thu, 07/25/2019 - 14:46 -- journal_editor

    ထုတ်ကုန်များကို အမှတ်တံဆိပ်တပ်ခြင်းနှင့်ပတ်သက်၍  ဗီယက်နမ်နိုင်ငံတွင် စည်းမျဉ်းဥပဒေများ ရှိထားပြီး ဖြစ်သော်လည်း  ထုတ်ကုန်များကို  Made in Vietnam ဟု အမှတ်တံဆိပ် တပ်ရာတွင်  စံနှုန်းသတ်မှတ်ချက်မရှိ သေးကြောင်း ဗီယက်နမ်နယူးစ်အေဂျင် စီသတင်းတွင်ဖော်ပြသည်။ ဟနွိုင်းမြို့၌  ဇူလိုင် ၁၇ ရက်က ကျင်းပသော နှီးနှောဖလှယ်ပွဲတစ်ခုတွင် ဗီယက်နမ် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (VCCI)  ရှိ ကူးသ န်းရောင်းဝယ်ရေးအထောက် အထား အသိအမှတ်ပြု လက်မှတ်များ  ထုတ်ပေးရေးစင်တာမှ  ညွှန်ကြားရေးမှူး ထရမ်သီသူဟောင်က  ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Marvel Fan များတွက် Marval ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်၌ ဖြန့်ချိ သွားမည်

Thu, 07/25/2019 - 14:41 -- journal_editor

    Marvel Fan များအတွက် Merval ထုတ်ကုန်များကို ပြည်တွင်း ဈေးကွက်၌ ဖြန့်ချိသွား မည်ဖြစ်ကြောင်း Miniso မှ သိရသည်။ အဆိုပါ ထုတ်ကုန်များကို ပြည်တွင်း ၌ နာမည်ရရှိလာသည့် Miniso Brand နှင့် Marvel Brand တို့ Fashion Accessories, Life Departments, IT Accessories များ စသည့် ပစ္စည်းအမျိုးအစား သုံးထောင်ကျော်ကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အခုလက်ရှိမှာကတော့ ထုတ်ကုန် ၃၀ဝဝ ကျော်ကို ထုတ် လုပ်ထားပေမယ့် နောက်ပိုင်းလည်း ထပ်ထုတ်သွားမှာပါ။ ဈေးနှုန်းတွေကိုလည်း ကျပ် ၂၅၀ဝ ကနေ  ကျပ် ၆၀ဝဝဝအထိ ပစ္စည်းအမျိုးအစားအစုံကို ရွေးချယ်နိုင်မှာပါ။ အခုမိတ်ဆက်တဲ့ ထုတ်ကုန်တွေ အကုန်လုံးက Made in China Factory ပါဟု  minis

သီတင်းနှစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် မုတ်သုံမိုး ပျမ်းမျှအောက် ရွာသွန်းမည်

Wed, 07/17/2019 - 11:41 -- journal_editor

       အိန္ဒိယနိုင်ငံတွင် လာမည့်သီတင်းနှစ်ပတ်အတွင်း မိုးရွာသွန်းမှု သည် ပျမ်းမျှရွာသွန်းမှုအောက် ကျဆင်းနိုင်သည့်အတွက် အလယ်ပိုင်း ဒေသနှင့် အနောက်ပိုင်းဒေသတို့တွင် စိုက်ပျိုးလျက်ရှိသော ပဲပုပ်နှင့် ဝါ ဂွမ်းစိုက်ပျိုးမှု အကြီးအကျယ် ကျဆင်းနိုင်ကြောင်း မိုးလေဝသဌာနမှ အရာရှိတစ်ဦးက ဇူလိုင် ၁၁ ရက်က ပြောသည်။  ထို့ကြောင့် နွေသီးနှံထုတ် လုပ်မှုအတွက် စိုးရိမ်မှုများမြင့်တက်နေသည်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးမြေ၏ ၅၅ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုအားထား နေရသည်။ အာရှ၌ တတိယအကြီးမားဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ထရီလီယံရှိ အိန္ဒိယ၏ စီးပွားရေးတွင် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းက ၁၅ ရာခိုင်နှုန်းပါဝင်နေသည့်အတွက်

သစ်သီးဖျော်ရည်ကြောင့် ကင်ဆာဖြစ်မည့်အန္တရာယ် မြင့်မား

Wed, 07/17/2019 - 11:32 -- journal_editor

      ဆိုဒါအချိုရည်က အဝလွန်မည့်အန္တရာယ်ရှိရုံမျှမက ကင်ဆာဖြစ်မည့်  အန္တရာယ်ပါရှိကြောင်း  လေ့လာချက်တစ်ခုအရ သိရကြောင်း ဘလွန်းဘတ်သတင်းတွင် ဖော်ပြသည်။ အကြမ်းဖျင်းအာဖြင့် ကုတ်ဘူးတစ်ဘူး၏ သုံးပုံ တစ်ပုံရှိသော ဆိုဒါ  ၃ ဒသမ ၄ အောင်စကို နေ့စဉ်သောက်သုံးပါက တချို့သော ကင်ဆာအမျိုးအစားကို ဖြစ်နိုင်သော အန္တရာယ် ၁၈ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဗြိတိသျှဆေးပညာဂျာနယ်တွင်ဖော်ပြသည်။ ရင်သားအကျိ တ်ဖြစ်နိုင်ခြေမှာ ပိုမိုမြင့်မားပြီး ၂၂ ရာ ခိုင်နှုန်းရှိသည်။ အချိုရည်မပါသောအသီးဖျော်ရည်ကို အလားတူပမာဏအတိုင်း သောက်သုံးပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများ ကြောင်း သုတေသီများက တွေ့ရှိထားသည်။

ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ်လုပ်သည့် မိုးကုတ်ကျောက်မျက်များကို Limited Edition ဖြင့် ရောင်းချပေးသွားမည်

Wed, 07/17/2019 - 11:15 -- journal_editor

      ပြည်တွင်းရှိ ကျောက်မျက်ဈေးကွက်အတွင်း ကိုယ်ပိုင်ဒီဇိုင်းဖြင့် ထုတ် လုပ်ထားသည့် မိုးကုတ်ကျောက်မျက် ရတနာများကို Limited Edition ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မိုးကုတ်ဆူးလေ ကျောက်မျက်ရတနာ အရောင်းဆိုင်မှ သိရသည်။ ကျောက်မျက်ရတနာ ဝတ်ဆင် ကြသူများအနေဖြင့် ယခုနောက်ပိုင်းတွင် ကိုယ်ပိုင်ဒီဇိုင်းထွင်၍ ဝတ်ဆင်လာကြသလို ပန်းပွင့်ပုံစံဒီဇိုင်းများ၊ ဖန် စီဆန်ဆန်ဒီဇိုင်းများကိုလည်း ဝတ်ဆင်လာကြကြောင်း သိရသည်။

စီးတီးတက္ကစီမှတ်ပုံတင်ရန်နှင့် သက်တမ်းတိုးခြင်းလုပ်ငန်းများ စက်တင်ဘာလကုန်ထိ ဆောင်ရွက်ပေးမည်

Wed, 07/17/2019 - 11:06 -- journal_editor

       စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် ကျန်ရှိသော တက္ကစီယာဉ်များနှင့် စီးတီးတက္ကစီမှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများကို စက်တင်ဘာလကုန်ထိ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA)က လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ YRTA က စီးတီးတက္ကစီမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံ ချက်ဖြင့် ဆောင်ရွက်ခဲ့သောကာလအတွင်း တက္ကစီယာဉ် ပိုင်ရှင်များက စနစ်တကျ လာရောက်သတင်းပို့ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ သို့ရာတွင် စီးတီးတက္ကစီမှတ်ပုံတင်ပြုလုပ်ရန် နှင့်မှတ်ပုံတင်သက်တမ်းတိုးရန်အကြောင်း အမျိုးမျိုးကြောင့် ပျက်ကွက်ခဲ့သော တက္ကစီယာဉ်အသစ်များနှင့် စီးတီးတက္ကစီ ယာဉ်အချ

Pages

Subscribe to RSS - စီးပွားရေးသတင်း