Main menu

Background

စီးပွားရေးသတင်း

သြင်္ကန်နားနီးလို့ ပြည်မြေပဲဆန် အဝယ်လိုက်ပြီး ဈေးပြန်မြင့်တက်

Wed, 03/29/2017 - 14:32 -- journal_editor

ယခုတစ်ပတ် ပြည်ဈေးကွက်မှာ မြေပဲဆန်ဈေးပြန်တက်လာတာ တွေ့ရပါ တယ်။ ပြည်ဈေးကွက် ကံမမြို့နဲ့ပေါက်ခေါင်းမြို့ဘက်မှ တစ်နေ့လျှင်အိတ် ၅၀၀ ခန့် ဝင်ရောက်လျက်ရှိနေပါတယ်။ ရန်ကုန်ဝယ်လက်များက ဝယ်ယူနေ သဖြင့် ဈေးအမြင့်မှာ ရှိနေပါတယ်။ လုံးဆန်(အဖြူ)ကို ရန်ကုန်ဝယ်လက်များက ဝယ်ယူမှု ရှိသလို လုံးဆန်(အနီ)ကို မြေပဲလှော်သမားများက ဝယ်ယူမှုရှိခြင်း၊ ဆီကြိတ်မြေပဲ ဆန်ကို မြို့တွင်းဆီ စက်များက သြင်္ကန်ရက်အတွက် ဆီကြိတ်ရန် ကြိုတင်ဝယ်ယူမှု ရှိနေသဖြင့် ဈေးမြင့်လာတာဖြစ်ပါတယ်။ ယခုတစ်ပတ် မြေပဲဆန်ဈေးများမှာ ဆီကြိတ်မြေပဲဆန်တစ်ပိဿာလျှင် ကျပ် ၁၆၀၀၊ လုံးဆန်(အဖြူ) တစ်ပိဿာလျှင် ကျပ် ၂၅၅၀ နှင့် လုံးဆန်(အနီ) တစ်ပိဿာလျှင် ကျပ် ၂၄၅၀ ဖြင့် ယခ

ပြည်တွင်း ကျောက်မျက်လုပ်ငန်းရှင်များအား ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်းအသား ကျောက်များရောင်းချ

Wed, 03/29/2017 - 14:32 -- journal_editor

    သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ကျင်းပရေး ဗဟိုကော်မတီက ပြည်တွင်းကျောက် မျက်လုပ်ငန်းများ ပုံမှန် လည်ပတ်နိုင် ရေး၊ ကျောက်စိမ်းအချောထည်လုပ်ငန်း များ ဖွံ့ဖြိုးရေး၊ ကျောက်စိမ်းအသား ကျောက်များ တရားမဝင် ရောင်းချမှု လျော့နည်းရေး၊ ကျောက်စိမ်းအချော ထည်များ ပြည်ပဈေးကွက်သို့ တိုးမြှင့် ရောင်းချနိုင်ရေး စသည့် ရည်ရွယ်ချက် များဖြင့် မြန်မာနိုင်ငံသား ကျောက် မျက်လုပ်ငန်းရှင်များအား မြန်မာကျပ် ငွေဖြင့် ရောင်းချမည့်၂၀၁၇ ခုနှစ် ကျောက်မျက်ရိုင်းများနှင့် ကျောက်စိမ်း အသားကျောက်များရောင်းချပွဲကို မတ် ၁၉ ရက်မှ ၂၄ ရက်အထိ နေပြည်တော် မဏိရတနာ ခန်းမတွင် ကျင်းပခဲ့သည

ကယားပြည်နယ်အတွင်းသို့ အခြားမြို့များမှ ဆန်များ ပုံမှန်တင်သွင်းနေ

Wed, 03/22/2017 - 15:27 -- journal_editor

ကယားပြည်နယ်ဒေသတွင်းမှထွက်ရှိသော ဆန် စပါးသည် ကယားပြည်နယ်ရှိ   လူဦးရေအတွက် မလုံ လောက်သောကြောင့် အခြားမြို့နယ်များမှ ဆန်များ တင် သွင်းနေရကြောင်းနှင့် ကယားပြည်နယ်မှထွက်ရှိသော ဆန် ကိုလည်း မန္တလေးမြို့သို့ အဓိကတင်ပို့ကြောင်း သိရှိရပါ တယ်။ ကယားပြည်နယ်သို့  ဆန်တင်သွင်းရာတွင်လည်း ရန်ကုန်မြို့၊ မန္တလေးမြို့၊ ရွှေဘိုမြို့တို့မှ အများဆုံး တင်သွင်း ကြပြီး ယခင် ဖေဖော်ဝါရီလအတွင်းက ရန်ကုန်မြို့မှ ဆန် အိတ် ၈၃၆၀ ၊ မန္တလေးမြို့မှ ဆန်အိတ် ၂၇၁၀ နှင့်ရွှေဘိုမြို့မှ ဆန်အိတ် ၆၂၀ စုစုပေါင်းအိတ်ပေါင်း ၁၁၆၉၀ အိတ်၊ တန် ချိန်အားဖြင့် ၅၈၇ တန်ရှိရာ တစ်ရက်လျှင် ၂၁ တန်နှုန်းခန့် တင်သွင်းလာသည်ကို  ဆန်စီးဝင်မှုစာရင်းအရ သိရှိ

ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီစိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်း

Wed, 03/22/2017 - 15:25 -- journal_editor

ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီများ အများ အပြားစိုက်ပျိုးလုပ်ကိုင်ကြပါသည်။ ဆားလင်းကြီးမြို့နယ်တွင် ဆောင်းကြက်သွန်နီ စိုက်ဧကသုံးသိန်းကျော်ရှိပါသည်။ပျိုးထောင်ဆဲ ကာလတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ခင်းများပျက် စီးဆုံးရှုံးခဲ့ရသော်လည်း မတ်လကုန်နှင့် ဧပြီလဆန်းပိုင်းတွင် ထွက်ရှိမည့် ဆောင်း ကြက်သွန်နီစိုက်ခင်းများမှာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း  သိရှိရပါသည်။ ယခင်နှစ်က ဆောင်းရာသီစိုက်ြကေက်သွန်နီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၃၅၀ခန့် ရှိပြီး ယခုနှစ်ဆောင်းကြက်သွန်နီထွက်ပေါ်ချိန်တွင် တစ်ပိဿာလျှင်ကျပ် ၆၀၀မှ ကျပ် ၇၀၀ခန့်ရရှိရန် မျှော်မှန်းထားကြောင်း ကြက်သွန်စိုက်တောင်

ဒီတစ်ပတ် ဒီဇယ်ရော ဓာတ်ဆီ

Wed, 03/22/2017 - 15:22 -- journal_editor

ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ၄ရက်အထိသီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၂၀၆၄၁၅၅ တန်ဖိုးရှိ ဒီဇယ် ၄၄၈၂၅ ဒသမ ၉၀၂ တန်နဲ့ ကန်ဒေါ်လာ ၂၀၉၀၆၉၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၈၆၂ဒသမ၆၆၇တန်ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် အဆင့်မြင့်ဒီဇယ်၊ (၉၂)နဲ့ (၉၅)တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ဓာတ်ဆီတင်သွင်းမှုမရှိခဲ့ဘဲ ယခုတစ်ပတ်မှသာ တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ ဒီဇယ်တန်ချိန် ၅၀၇၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ ဒီဇယ်တန်ချိန် ၅၉၇၀ ကျော် တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရော်ဘာဈေးနှုန်း ကျဆင်းသော်လည်း ပြည်တွင်းရော်ဘာဈေးနှုန်းငြိမ်သက်

Fri, 03/17/2017 - 14:30 -- journal_editor

   ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၃ ရက်အထိ သီတင်းပတ် အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၉၂၄ သန်းဖိုးရှိ ရော်ဘာတန် ၂၀၁၃ တန်ခန့် တင်ပို့ခဲ့တဲ့အနက်RSS1 ၁၁၆ တန်ကျော် ၊RSS3  ၁၅၄၈ တန်ကျော်၊MSR 20 ၃၃၂ တန်နဲMSR 50 ၁၆ တန် ဖြစ်ပါတယ်။ အလားတူ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၆၉၆ သန်းဖိုးရRSS1 ၄၃၄ တန်ခန့်နRSS3၁၇ တန်ကျော်၊ မြိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၂၀၆ သန်းဖိုးရMSR 20 ၀ ၁၂၅ တန်ကျော် တင်ပို့ခဲ့ရာ စခန်းအားလုံးမှ စုစု ပေါင်း တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂၆ သန်း ဖိုးနဲ့ တန်ချိန်၂၅၈၉ ကျော်ဖြစ် ပါတယ်။ ယခင်တစ်ပတ်က ၄၃၈၂ တန်ကျော် တင်ပို့ခဲ့တ

မြန်မာနိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်းအရ ကျွမ်းကျင်ပညာရှင်များက စီမံကိန်းကျေးရွာများသို့ ကွင်းဆင်းလေ့လာမည်

Fri, 03/17/2017 - 14:22 -- journal_editor

မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန် နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်  တင်ပို့ရောင်းချသူများအသင်း (ဗဟို) သည်  Winrock International  အဖွဲ့အစည်း၏   ကူညီပံ့ပိုးမှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ဖရဲ၊ သခွား မွှေး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး စီမံကိန်းကိုUSAID၏ ရန်ပုံငွေဖြင့် ]]မြန်မာနိုင်ငံ  အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံ ကိန်း ၂၀၁၇-၁၈ စီမံကိန်း}}အစီအစဉ် ကို ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာ နိုင်ငံ အပူပိုင်းဒေသ ဖရဲ၊ သခွားမွှေး တန်ဖိုးမြှင့် ကွင်းဆက်စီမံကိန်း Up- grading Value Chain for Melon in Dry Zone, Myanmar Project)  ရုံးခန်း

နန့်ဖာလုံဈေးကွက်တွင် အုန်းသီးစိမ်း ဈေးကောင်းရ

Fri, 03/17/2017 - 13:51 -- journal_editor

    အုန်းသီးစိမ်းကို ကသည်းလူမျိုး များ အဝယ်များ၊ အစားများတဲ့အတွက် နန့်ဖာလုံဈေးမှာ အုန်းသီးစိမ်းတွေ ဈေး ကောင်းရနေပါတယ်။ ကလေး၊ တမူး၊ ကလေးဝမြို့နယ်အတွင်း ကျေးရွာများ မှာ အုန်းသီးစိမ်းတစ်လုံးလျှင်  အလုံး အရွယ်အစားပေါ်  မူတည်ပြီး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ ခန့် ဈေးရှိပါတယ်။ နန့်ဖာလုံဈေးမှာတော့ အုန်းသီးစိမ်း တစ်လုံးလျှင် ရူပီး ၅၀ (မြန်မာငွေကျပ် ၁၀၀၀ ခန့်) ရှိပါတယ်။အုန်းသီးခြောက် ကတော့ သီတင်း ကျွတ်၊ တန်ဆောင်မုန်း လရောက်မှသာ ဈေးကွက်ရှိပါတယ်။ ဟိန္ဒူလူမျိုးများက အုန်းသီးခြောက်ကို မိမိသက်စေ့ ဝယ် ယူပြီး မိဘ၊ ဘိုးဘွားများကို ကန်တော့ ခြင်း၊ မြစ်အတွင်း အုန်းသီးခြောက်ရေ မျှောသည့်ပွဲများ နှစ်စဉ်ကျင်းပခြင်းတို့ ကြ

အိန္ဒိယပဲရက်သတ္တပတ်

Wed, 03/15/2017 - 14:10 -- journal_editor

မတ် ၆ ရက်က ထုတ်ပြန်ခဲ့သော အဂရီဝပ်ချ် ၏ ပဲမျိုးစုံရက်သတ္တပတ် အစီရင်ခံစာတွင် ပဲမျိုးစုံ နှင့်ပတ်သတ်သော သတင်းများကို ဖော်ပြထားရာ ပဲမျိုးစုံ ကုန်သေတ္တာတင်သွင်းမှု အခြေအနေနှင့် ပဲမျိုးစုံ ထုတ်လုပ်မှုနှင့်ပတ်သက်၍ အစိုးရ၏ ကြို တင်ခန့်မှန်းချက် စသည့် အချက်အလက်များကို  ဖော်ပြရာတွင် ယခင်ရက်သတ္တပတ်က   ဖော်ပြခဲ့ သည့်အတိုင်း ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ရရှိ ထားသော သတင်းအချက်အလက်များကိုသာ ဆက် လက်ဖော်ပြ ထားသည်။ ယခုရက်သတ္တပတ် တွင် ဖြစ်ပေါ်လျက်ရှိသော ပဲမျိုးစုံထုတ်လုပ်မှုနှင့် ဈေးနှုန်း အခြေအနေတို့ကိုမူ အောက်ပါအတိုင်း တွေ့ရှိရသည်။

တင်ဒါစနစ်ဖြင့် ဂျုံတန်ချိန်တစ်သိန်းကျော် ဝယ်ယူရန် ဂျပန်နိုင်ငံက ကမ်းလှမ်း

Thu, 03/09/2017 - 13:13 -- journal_editor

လူစားသုံးနိုင်သည့် အရည်အသွေး မီဂျုံတန် ချိန် ၁၁၃၁၆၇ တန်ကို အမေရိ ကန်ပြည်ထောင် စုနှင့် သြစတြေးလျနိုင်ငံမှ တင်ဒါစနစ်ဖြင့် ဝယ်ယူ ရန် ဂျပန်နိုင်ငံက ကမ်းလှမ်းထားကြောင်း ရိုက်တာ သတင်းတွင် ဖော်ပြသည်။ ဂျုံများကို အမေရိကန် ပြည်ထောင်စုမှ ဂျုံဖြူ၊ ဆောင်းရာသီ စိုက်ဂျုံနှင့် နွေဦးရာသီစိုက်ဂျုံဟူ၍ အမျိုးအစား အသီးသီးခွဲ၍ ဝယ်ယူသွား မည်ဖြစ်သည်။ သြစတြေးလျ နိုင်ငံမှ ဂျုံများကိုမူ သြစတြေးလျ အနောက်ပိုင်း ဒေသမှ ထွက်ရှိသော Australia Standard White အမျိုး အစားကို တန်ချိန် ၂၇၇၅၀ ဝယ်ယူသွားမည် ဖြစ်သည်။ ကျန်ဂျုံ ပမာဏကို အမေရိကန် ပြည်ထောင်စုမှ မှာယူ တင်သွင်းမည်ဖြစ်သည်။သင်္ဘောတင်ရက်ကို အမေရိကန် ပြည်ထောင် စု ဂျုံများ အတွ

Pages

Subscribe to RSS - စီးပွားရေးသတင်း