ပြည်ဆန်/စပါးဈေး ငြိမ်သော်လည်း နွေဆန် အရောင်းအဝယ်သွက်
ပြည်ခရိုင်အတွင်း ပြည်ဈေးကွက်နှင့်အနီးတစ်ဝိုက်ရှိ ဒေသဈေးကွက်များတွင် ဧပြီ၊ မေလများအတွင်း ဆန်၊ စပါးဈေးနှုန်းများ ဈေးငြိမ်လျက်ရှိကြောင်း သိရပါတယ်။ ယခုမေလစတုတ္ထပတ်အတွင်းမှစ၍သဲကုန်းမြို့နယ်မှ အစောဆုံး ထွက်ရှိလာသော နွေစပါးများ ပြည်ဈေးကွက်သို့ ဝင် ရောက်လာတာ တွေ့ရပါတယ်။ ဆန်ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ ဒီနှစ်ပေါ်စ နွေစပါးဟာ အရည်အသွေး ကောင်းမွန်သဖြင့် ဝင်ရောက်လာသမျှ ဝယ်လက်အဆွဲများပြီး အေ ရာင်းသွက်၍ ဈေးကောင်းရရှိကြောင်းလည်း သိရပါတယ်။ ပြည်ဈေးကွက်မှ အောင်လံ၊ ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်၊ မင်းတုန်းစတဲ့မြို့နယ်များမှ တစ်ရက်ကြိတ်ခွဲရသမျှ အရောင်းအဝယ်အကုန်ဖြစ်ကာ ရန်ကုန်ဝယ်လက် အဝယ်ရှိ သလောက် မတင်ပို့နိုင်သေးက