Main menu

Background

စီးပွားရေးသတင်း

တရုတ်နိုင်ငံသို့ သရက်သီးများ စတင်တင်ပို့

Wed, 04/26/2017 - 15:17 -- journal_editor

       သြင်္ကန်ကာလဖြစ်တဲ့ ဧပြီ ၈ ရက် မှ ၁၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၂၂၄ သန်း တန်ဖိုးရှိ သရက်သီး တန် ၆၆၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီး အများဆုံးထွက်ရှိ တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တန်ချိန် ၂၅၀၀ မှ ၃၀၀၀ ကြား ထွက်ရှိနေပြီး ယင်းတို့ကို မူဆယ်(၁၀၅) မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချနေကြောင်း  သရက်စိုက် တောင်သူများက ပြောပါတယ်။ မြန်မာ နိုင်ငံတွင် သရက်စိုက် ဧကခုနစ်သောင်းကျော်ရှိပြီး  စိန်တစ်လုံး သရက် တစ် ဧက စိုက်တဲ့ခြံက တစ်နှစ်ကို ပျမ်းမျှ တစ်တန်ခွဲထွက်သလို ရင်ကွဲသရက် တစ်ဧကစိုက်ခင်းကတော့ တစ်နှစ်ကို ပျမ်းမျှ သုံးတန်လောက် ထွက်ရှိတယ်လိ

ကိုယ်ပိုင်ကုန်အမှတ်တံဆိပ်ထူထောင်ရာတွင် ဗီယက်နမ်အက်စ်အမ်အီးတို့ အထောက်အပံ့လိုအပ်

Wed, 04/26/2017 - 15:03 -- journal_editor

       ဗီယက်နမ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ငွေအရင်းအနှီး၊ စီမံခန့် ခွဲမှု၊ နည်းပညာနှင့် ကုန်အမှတ်တံဆိပ် ထူထောင် ရေးတို့ကို ဆောင်ရွက်ရာတွင် အကန့်အသတ်များ ရှိနေသည့်အတွက် ကမ္ဘာ့ဈေး ကွက်ကြီးနှင့် ပေါင်းစည်းရန် ဆောင်ရွက်သည့်အခါ  ဗီယက်နမ်ရှိ အသေးစားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း (အက်စ်အမ်အီး) အတွက် ထောက်ပံ့ကူညီမှုများ လိုအပ်နေကြောင်း ဗီယက်နမ်လက်လီရောင်းချသူ များအသင်း (Vietnam  Retailars Association -VRA) က ပြောသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရရှိ

Mon, 04/24/2017 - 12:06 -- journal_editor

         ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် စီးပွားရေး ဖွံဖြိုးတိုး တက်ရေးအတွက် စီးပွားရေး မူဝါဒ  ၁၂ ရပ် ချမှတ် ဆောင်ရွက် လျက်ရှိရာ  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း ယင်းစီးပွားရေး မူဝါဒများနှင့်အညီ လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနှင့် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံရရှိတဲ့အတွက် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ  ၂၉  ဘီလီယံရရှိခဲ့ပါတယ်။ ယခင်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာသန်း ၅၀၀ ခန့်နဲ့ သွင်းကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀၀ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားနိုင်ငံသံအမတ်ကြီး H.E. Dr. Enno Drofenik ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ ဆုံ

Fri, 04/07/2017 - 14:19 -- journal_editor

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သြစတြီးယားသံအမတ်ကြ H.E. Dr. Enno Drofenik ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား မတ် ၂၈ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ (၁) ၌ လက်ခံ တွေ့ဆုံသည်။

ပြည်တွင်းငွေလဲနှုန်းများ ငြိမ်သက်လျက်ရှိ

Fri, 04/07/2017 - 13:27 -- journal_editor

       ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ငြိမ်သက်လျက်ရှိနေ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ကျဆင်းခဲ့သည့် ငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင် ငြိမ် သက် လျက်ရှိသော်လည်း  အရောင်းအဝယ်မှာမူ ပုံမှန်အတိုင်းဖြစ်နေကြောင်း သိရသည်။ "ဒီတစ်ပတ်မှာ ဈေးကျလာတယ်။ ဈေးကျပေမယ့် အရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းပဲရှိနေပါတယ်။ လာမယ့် တစ်ပတ်ဆိုရင်တော့ သြင်္ကန်နား နီးလာတဲ့ အတွက် အရောင်းအဝယ် ကျသွားနိုင်သလို ဈေးလည်း ကျဆင်းသွားနိုင်တယ်လို့ ထင်ပါတယ်။ အခုရက်ပိုင်းမှာတော့ ဈေးက ငြိမ်နေပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပဲရှိနေပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြော

ပြည် ပဲနီပြားသစ်များ ဆက်လက်ဝင်ရောက်ပြီး ဈေးလည်းပို

Fri, 04/07/2017 - 10:51 -- journal_editor

        မတ်လကုန် ရက်သတ္တပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲနီပြား သီးနှံပင် များဆက်တိုက်ဝင်လာပြီး ရွှေတောင်၊ ကျီးသဲဘက်နှင့်ပြည်အနီးတစ်ဝိုက်ဒေသ များမှ ဝင်ရောက်ခဲ့ပါတယ်။ ပဲဈေးမှာ ဈေးမြင့်လာပြီး တစ်တင်းကို ကျပ် ၂၅၅၀၀ ဖြင့် ယခင်တစ်ပတ်ကထက်ဈေးပို ရခဲ့ပါတယ်။ ပဲဟောင်းဈေးအနေဖြင့်လည်း ပဲနီပြားသီးနှံဟာ တစ်တင်းကျပ် နှစ်သောင်း အောက်လျော့နည်းရရှိခဲ့လို့ ပဲသစ်များ ဈေးကောင်းရနေတာကြောင့် ပဲစိုက် တောင်သူများ အနေဖြင့် ထွက်ရှိလာသမျှ ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ၂၀၁၆ မတ်လအတွင်း ပဲနီပြား ပဲသစ်ဈေးဟာ တစ်တင်း ကျပ် ၂၃၀၀၀ နဲ့လကုန် ပိုင်းမှာ အရောင်းအဝယ်ဖြစ်ခဲ့လို့ ယခုနှစ် မတ်လကုန်မှာ ယခင်နှစ်ထက် ဈေးပိုရနေတာကို လည်းတွေ့ရ

ကုန်သွယ်ရေးစခန်းများနဲ့ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်ပိုမိုတင်ပို့

Fri, 04/07/2017 - 10:42 -- journal_editor

        မတ် ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းတစ်ပတ်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၄၄၉  သန်းတန်ဖိုးရှိ   ဆန်တန်ချိန် ၂၃၉၁၀ တင်ပို့ခဲ့တဲ့အနက် မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေး ဇုန်မှ ငစိန်ဆန်တန် ၁၅၀၊ ဧည့်မထဆန် ၁၄၈၀၁ တန်၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၄၅ တန်၊ လွယ် ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၈၉၁၄ တန်တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ဆန် တန်ချိန် ၁၉၂၁၀ တင်ပို့ခဲ့တဲ့ အတွက် ယခုတစ်ပတ် ဆန်တင်ပို့မှု တန်ချိန် ၄၇၀၀ ပိုမိုခဲ့ပါ တယ်။

ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နှစ်လတ်စီမံကိန်း ( Medium Term Programme – MTP ) အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကျင်းပ

Fri, 04/07/2017 - 10:28 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် World Bank Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ေျဆာင်ရွက်နိုင်ရန်အတွက် ရေးဆွဲ ထားသော နှစ်လတ်စီမံကိန်း Medium Term Programme(MTP) Report ထုတ်ပြန်ခြင်း အခမ်းအနားကို မတ် ၃၀ ရက်က နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် နိုင်ငံ တော် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၇ နှစ် World Economic Forum အစည်းအဝေး၏ ထုတ်ဖော်ချက်များအရ ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ရမည့် အစီအစဉ်များတွင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ပူးပေါင်းညှိနှိုင်း

နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးအတွက် လမ်းစဉ်ချမှတ်ရန် အမေရိကန်နှင့်တရုတ်နိုင်ငံသမ္မတနှစ်ဦးတွေ့ ဆုံမည်

Wed, 04/05/2017 - 15:30 -- journal_editor

        လာမည့် သီတင်းပတ်တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်တို့ ပထမဆုံးအကြိမ်အဖြစ်  တွေ့ဆုံမည် ဖြစ်ရာ  ထိုတွေ့ဆုံပွဲတွင် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကိစ္စများ ချမှတ်နိုင် ရေးအတွက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အိန္ဒိယတူဒေးသတင်းတွင် ဖော်ပြသည်။ ဧပြီ ၆ ရက်နှင့် ၇ ရက်တို့တွင် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ် Mar-a-Lago တွင် တရုတ်နိုင်ငံသမ္မတရှီနှင့် တွေ့ဆုံဆွေးနွေး ရန် အမေရိကန်သမ္မတ ထရမ့်ကစီစဉ်ထားသည်။ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာလုပ်ရပ်များသည် တရားမျှတမှုမရှိဟုဆိုကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ထရမ့်က ဆုံးဖြတ်ထားသည့်အတွက် သမ္မတနှစ်ဦး ၏တွေ့

ဆန်သစ်အဝယ်လိုက်လို့ အရောင်းအဝယ်ကောင်း

Fri, 03/31/2017 - 15:19 -- journal_editor

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောနဲ့ ဆန်ကြမ်း(အသစ်) အရောင်းအဝယ်သွက်ပြီး ဈေးအနည်း ငယ်တက်လာကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါ တယ်။ ပေါ်ဆန်းဆန်များဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၁၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ်၃၀၀၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၃၄၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၂၈၅၀၀ နဲ့ လတ်စ တစ်အိတ် ကျပ်၂၇၅၀၀၊ ရွှေဘိုပေါ်ဆန်းအသစ်(ရှယ်) တစ်အိတ် ကျပ် ၃၆၀၀၀ မှ ကျပ် ၃၇၅၀၀ ဖြစ်ပြီး ပေါ်ဆန်းဆန်တစ်အိတ်ကိုကျပ်၅၀၀ မှ ကျပ် ၂၀၀၀ခန့်အထိ ဈေးတက်ကြောင်းသိရပါတယ်။

Pages

Subscribe to RSS - စီးပွားရေးသတင်း