ဘိလပ်မြေဈေးကွက်အရောင်းသွက်
ဧပြီလ၃၀ ရက်မှ မေလ ၆ ရက် အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်းမှ ဘိလပ်မြေတန်ချိန် ၈၃၀၀ ကျော်အဝင်ရှိခဲ့ပြီးယခင်သီတင်းပတ်က တင်သွင်းခဲ့တဲ့ တန်ချိန်၄၇၅၀ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာ တန်ချိန် ၃၅၀၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါ တယ်။ ဧပြီလ ၁၅ ရက်မှ ၂၁ရက်အထိ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၄၈၀၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ် အဝင်မှာ တန်ချိန် ၁၇၃၉၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၇၄၄၀ကျော် အဝင်ပိုခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းလမ်းရော နယ်စပ်လမ်းမှပါဘိလပ်မြေအဝင်ပိုခဲ့ပါတယ်။