Main menu

Background

အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်

ကားဈေးတန်းမာနေသော်လည်း အရောင်းအဝယ်အေးနေ

Wed, 05/17/2017 - 14:19 -- journal_editor

ရန်ကုန်မြို့    ကားဈေးကွက် အတွင်း မေလဒုတိယပတ်  အခြေအနေ မှာ ကားဈေးတန်းများမာနေသော်လည်း အရောင်းအဝယ်ထင်သလောက်မဖြစ် ဘဲ ဈေးကွက်အေးစက်နေကြောင်း သိရ သည်။ရန်ကုန်မြို့ကားဈေးကွက် သာမက မန္တလေးဈေးကွက်နှင့် ဝယ်လိုအား ရှိသည့်  အခြားနယ်ဈေးကွက်များမှာပါ ကားဈေးတန်းများ  မာနေသော်လည်း အဝယ်များအေးနေကြောင်း ယခင်ရှိပြီး၊  သုံးပြီး အက္ခရာနိမ့်ကားဟောင်းများသာ အရောင်းအဝယ်     အနည်းငယ်ရှိ ကြောင်း၊  ရန်ကုန်ကားဈေးကွက်မှာမူ ရန်ကုန်လိုင်စင်  ကားဟောင်းများသာ အဝယ်ရှိပြီး၊    နယ်လိုင်စင်ထွက်ကား သစ်များမှာ လက်ရှိအမြင့်ဈေးတန်းများ နှင့်ပင်ရှိနေပြီး ဝယ်ယူသူများမှာလည်း လတ်တလော နယ်လိုင်စင်နှင့်ပတ်သက် ၍ ကြားရသော သတင်းများကြောင့်

ဈေးတန်းမြင့်တက်မည့် အခြေအနေကြောင့် အဝယ်များရှိလာ

Wed, 03/08/2017 - 13:32 -- journal_editor

      ရန်ကုန်မြို့ကားဈေးကွက် မတ်လ ဆန်းပိုင်း အခြေအနေမှာ ယခင်လများ ကဲ့သို့ပင်  ကားတစ်စီးအတွက် ထပ်မံ တိုးမြှင့်ကောက်ခံသွားမည့် အခွန်ဆိုင် ရာကိစ္စရပ်များသတင်းကြောင့် အင်ဂျင် ပါဝါသေးကားလေးများ အဝယ်ရှိလာ သလို စလစ်ကပ်ကားများလည်း အရောင်း အဝယ်ဖြစ်လာကြောင်း သိရသည်။

ထည့်သွင်းကောက်ခံသွားမည့် မော်တော်ယာဉ်အခွန်ကိစ္စများကြောင့် စလစ်ဈေးတန်းမြင့်တက်ပြီး အရောင်းအဝယ်ရှိလာ

Fri, 02/24/2017 - 10:51 -- journal_editor

          ရန်ကုန်မြို့ ကားဈေးကွက်အတွင်းသာမက မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ တောင်ကြီး စသည့်နယ်မြို့ကြီးများ၏ ဈေး ကွက်များတွင် လာမည့်ဘတ်ဂျက်နှစ်အတွင်း မော်တော်ယာဉ် နှင့်ပတ်သက်သည့် အခွန်တိုးမြှင့်ကောက်ခံ မည့် သတင်းများကြောင့် အရောင်းအဝယ်အေးနေရာမှ ဈေးကွက်အနည်းငယ် ပြန်လည်လှုပ်ရှားလာကြောင်းသိရသည်။ ရှေ့လာမည့် ဘတ်ဂျက်နှစ်အတွင်း ကားများနှင့်ပတ်သက်၍ အထူးကုန်စည်ခွန်  ကောက်ခံပေးသွင်းသွားရ မည် ဖြစ်သဖြင့် စလစ်ကပ်ကားများလည်း ဝင်ငွေခွန်ပေးဆောင်ရမည့်သတင်းများကြောင့် ရန်ကုန်နှင့်နယ်မြို့များရှိ ကားဈေး ကွက်များအတွင်း ယာဉ်ဟောင်းအပ်နှံစလစ်များ ဈေးတန်းတက်သွားသလို ယခုနှစ် ဧပြီ ၁ ရက်မတိုင်မီ လုပ်ဆောင်ရန်အတွက် ဝယ်ယူ

အတက်မြန်လာသည့် ကားဈေးကွက် လတ်တလောအရောင်းအဝယ်အေးပြီး ဈေးတန့်နေသည့် ပုံစံဖြစ်နေ

Thu, 02/09/2017 - 12:01 -- journal_editor

         ရန်ကုန်မြို့ကားဈေးကွက်အတွင်း ကားအရောင်းအဝယ် ဈေးတန်းများ အမြင့်ဆုံးမဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ မြင့်တက်လာချိန်တွင် ကားအဝယ်များလည်း နည်းပါးသွားကာ ကားအရောင်းစင်တာများနှင့် ကားပွဲစားတန်းများတွင်ပါ အရောင်းအဝယ်များ အေးစက်လာကာ ဈေးတန်းများမှာလည်း အတက်ဈေးနှင့်ပင်ရပ်တန့်နေသည့်ပုံစံဖြင့်တွေ့နေရကြောင်းသိရသည်။ နှစ်ဆန်းပိုင်း၏ ဒုတိယလပထမဆုံးပတ်တွင် သက်ဆိုင်ရာမှ ထု တ်ပြန်ခဲ့သည့် ကားတင်သွင်းခြင်း၏ ဆိပ်ကမ်းအရောက်ဈေးနှုန်း (စီအိုင်အက်ဖ်) သတ်မှတ်ပေးမှုကလည်း အများမျှော်လင့်နေကြပြီး ဖြစ်ပေါ်ချင်သည့် ဈေးတန်းတစ်ရပ် (အင်ဂျင်ပါဝါ ၁၃၅၀ စီစီအောက်  ကားများ ၅၀၀၀ ဒေါ်လာ) သတ်မှတ်ချက်ဖြစ်သော်လည်း တင်သွင်းခွင့

NISSANကုမ္ပဏီကSunny ဆီဒင်ကားသစ်ကို ကျပ်သိန်း ၂၀၀ ကျော်ဖြင့် ရောင်းချပေးမည်

Mon, 01/23/2017 - 14:22 -- journal_editor

 မြန်မာနိုင်ငံတွင် မော်တော်ယာဉ် များကို  တပ်ဆင်ထုတ်လုပ်ရောင်းချ လျက်ရှိသည့် NISSANကုမ္ပဏီက ၎င်းင်း၏  နောက်ဆုံးထုတ်လုပ်သည့် ှSunny  ကား အမျိုးအစားသစ်ကို ကျပ် ၂၀၆ သိန်းဖြင့် ရောင်းချပေး မည်ြ ဖစ် ကြောင်း NISSAN  ၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။NISSAN သည်  ၎င်းင်းထုတ်လုပ် ခဲ့သည့် ကားသစ်နှင့်ပတ်သက်၍ မိတ် ဆက်ပွဲအခမ်းအနားကို   နိုဗိုတယ်ဟို တယ်မက်စ်တွင် ဇန်နဝါရီ ၁၈ ရက်က ကျင်းပခဲ့သည်။Nissan  မှ မြန်မာနိုင်ငံတွင် တပ် ဆင်ထုတ်လုပ်မည့် မော်တော်ကားများ အတွက်  ပဲခူး၌  စက်ရုံတည်ဆောက် ထားပြီးဖြစ်သော်လည်း Sunny  ကား သစ်အတွက် ယင်းစက်ရုံသို့ မပြောင်း ရွှေ့မီ လှိုင်သာယာ၌ တပ်ဆင်ထုတ် လုပ်ခဲ့ခြင်းဖြစ်သည်။ ယင်းကာ

ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်များအား သတ်မှတ်

Fri, 12/09/2016 - 12:37 -- journal_editor

            ပြည်ပမှမော်တော်ယာဉ်များ တင်သွင်းခြင်းနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင် ထုတ် လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ကြေ ညာချက်တွင် ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များ၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်းရှိ ၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များ (ယင်း မော်တော်ယာဉ်များကို တင်သွင်း ရာတွင် ၂၀၁၅ ခုနှစ်မ

ကားဈေးကွက်တွင် စလစ်ကပ်ကားများ ဈေးပြန်မာလာ

Thu, 10/06/2016 - 12:42 -- journal_editor

      စက်တင်ဘာလကုန်ပိုင်း ရန်ကုန်ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်မှာ ယခင်ရက်သတ္တပတ်များ ထက် အေးသည်ထက်အေးလာပြီး ဂရိတ်စုံ၊ ကားစုံအပါအဝင် ဈေးကွက်တစ်ခုလုံးအေးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်အတွင်း တစ်ပတ်ထက်တစ်ပတ် အရောင်းအဝယ်အခြေအနေအေးလာပြီး ဈေးတန်းများလည်း မြင့်တက်နေသလို အဝယ်လည်းအေးနေကြောင်း၊ ဧပြီလကုန်ပိုင်းမှ စတင်ခဲ့သည့် ကားပါမစ် ထောက်ခံချက် ြ ပဿ  နာသည် အရင်းအမြစ်ဖြစ်နေကြောင်း ကားပါမစ်ပြန်လည် ခွင့်ပြုလာမည်ဟုယူဆပြီး ဈေးကွက်ကိုစောင့်ကြည့်နေရာမှ ဈေးတန်းများပြန်မာလာခဲ့ကြောင်း၊ အထူးသဖြင့်  ဖရီးပါမစ်ကားလေးများ ဈေးကွက်အတွင်း ထပ်မံဝင်ေ ရာက်ရန် အကန့်အသတ်များ ဖြစ်နေသဖြင့် နယ်လိုင်စင်ကားများ ဈေးကွက်

စလစ်ကပ်ကား အရောင်းအဝယ်အေးသော်လည်း ရန်ကုန်လိုင်စင်ကားလေးများ ဈေးအသာဖြင့် အရောင်းအဝယ်ရှိနေ

Fri, 09/23/2016 - 13:09 -- journal_editor

ယခုလ ဒုတိယပတ်အတွင်း ရန်ကုန်မြို့ကားဈေးကွက်၏ အခြေအနေ မှာ ယခင်လများထက်ပင် အရောင်းအဝယ် အေးလာသော်လည်း နံပါတ်ထွက် ပြီး ရန်ကုန်လိုင်စင်ပေါက် ကားဟောင်းများ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ကားအရောင်းအဝယ် လုပ်ငန်း အတော်များများနှင့်  စင်တာများ သည် ရန်ကုန်အခြေစိုက်များသဖြင့် ကားဈေးကွက်သည် ရန်ကုန်ဈေးကွက်မှာသာ အခြေခံသည့်သဘောဖြစ်နေပြီး ရန်ကုန်ရှိ ဖရီးပါမစ်ကားဈေးကွက် ယခုကဲ့သို့ ရပ်တန့်သည့်အခြေအနေ ဖြစ်ပေါ်သွားခဲ့သည်။ မေလကုန်ပိုင်းက စလစ်ကပ် ကားများ ဈေးပေါလာပြီး အရောင်းအဝယ် ကောင်းခဲ့သော်လည်း ယခုကာလ တွင် လိုက်ထရပ်အပ်ကားများနှင့် ပတ်သက်သည့် မူဝါဒ တစ်ရပ်  ဇူလိုင်လ ကုန်ခန့်တွင် ထွက်ပေါ်လာပြီးနောက် စလစ်ဈေးများ သ

အရောင်းအဝယ်အေးသထက်အေးလာသော ကားဈေးကွက်

Thu, 08/25/2016 - 16:00 -- journal_editor

      သြဂုတ်လ တတိယပတ်အခြေအနေမှာ ယခင်ရက် သတ္တပတ်များကဲ့သို့ပင် ကားအရောင်းအဝယ်များ  အေးစက် နေကာ ယခုရက်သတ္တပတ်တွင် မေးမြန်းလာသူပင်နည်းပါး သွားကြောင်း ဈေးကွက်သတင်းရပ်ကွက်မှ သိရ သည်။ လူအများစောင့်မျှော်နေသည့် ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့်မူဝါဒများ (ရန်ကုန်တိုင်းဆိုလျှင် ကားပါကင် ထောက်ခံချက်အပေါ် အစားထိုးမည့် အစီအမံများ)အား သက်ဆိုင်ရာမှ အကြောင်းအရာတစ်စုံတစ်ခု မထုတ်ြ ပန် သေးသည့်အတွက် ကားဈေးကွက်ရောင်းပန်းဝယ်ပန်းအေးကာ အခြေအနေစောင့်ကြည့်နေကြသည့် သဘောသာဖြစ် နေကြောင်း ဈေးကွက်တွင်းရှိ ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။

Pages

Subscribe to RSS - အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်