Main menu

Background

အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်

စလစ်ဈေးတန်းတည်ငြိမ်နေပြီး ကားငယ်ဈေးကွက် အနည်းငယ်လှုပ်ခတ်လာ

Wed, 07/15/2015 - 21:05 -- journal_editor

ဇူလိုင်လ၏ ဒုတိယရက်သတ္တပတ် ရန်ကုန်မြို့    ကားဈေးကွက်၏ အခြေ အနေမှာ  အေးနေဆဲဖြစ်ပြီး ဝက်ဂွန် ကားအနည်းငယ်နှင့် တစ်နှစ် နှစ်နှစ် ခန့်ပြည်တွင်းသုံးပြီး   ကားငယ်များ၊  ဖရီးပါမစ်ကားလေးများ အနည်းငယ် အရောင်းအဝယ်ရှိကြောင်း သိရသည်။ရန်ကုန်  ကားဈေးကွက်အတွင်း ယာဉ်ဟောင်းအပ်နှံစလစ်ဈေးနှုန်းများ အတက်အကျမရှိသော်လည်း  စလစ် ဈေးကွက်အရောင်းအဝယ်  အေးနေ ကြောင်းသိရသည်။  ယခု အချိန် သည် ဒေါ်လာဈေးနှုန်းများပြန်လည်ကျဆင်း နေသော်လည်း  အတက်အကျမငြိမ် သေးသဖြင့်ကားလောကအတွင်း ရင်းနှီးမြှုပ်နှံသူများ၊  အထူးသဖြင့်တစ်ပိုင်တစ်နိုင်သမားများအား ဈေး ကွက်စောင့်ကြည့် လျက် ရှိနေကြသည်။ ထို့အပြင် ပြည်ပကား လေလံဈေးကွက် တွင်လည်း လေလံဈေးများ

ရန်ကုန်စတော့အိတ်ချိန်းတွင်ပါဝင်မည့်ကုမ္ပဏီများကို ယခုလအတွင်း ထုတ်ပြန်ကြေညာမည်

Wed, 07/15/2015 - 21:04 -- journal_editor

ရန်ကုန်စတော့အိတ်ချိန်းတွင်ပါဝင် ဆောင်ရွက်ကြမည့်ကုမ္ပဏီများအား ယခု လအတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
''စတော့အိတ်ချိန်းမှာ ပါဝင်ဆောင်ရွက်ကြမယ့်ကုမ္ပဏီတွေရဲ့ အမည်စာရင်း ကို ဒီလထဲမှာ ကြေညာသွားမှာပါ။ အရင်တုန်းက ဇွန်လထဲမှာ ကြေညာမယ်လို့ ပြောခဲ့ပေမယ့် စတော့အိတ်ချိန်းမှာ ပါဝင်ကြမယ့်ကုမ္ပဏီတွေရဲ့ အရည်အချင်းက အရေးကြီးပါတယ်။ စတော့အိတ်ချိန်းကို စတင်နိုင်ဖို့အတွက် လုပ်ဆောင်နေတာ မှာ ခုချိန်မှာ  အဆင်သင့်ဖြစ်နေပါပြီ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။

HAGL မြန်မာစင်တာတွင် အိမ်ခန်းများကို နှစ် ၇၀ အငှားစာချုပ်ဖြင့် ရောင်းချပေးလျက်ရှိ

Wed, 07/15/2015 - 21:03 -- journal_editor

ရန်ကုန်မြို့တွင် နှစ်ရှည်စာချုပ် ချုပ်ဆို၍  ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ဗီယက်နမ်အခြေ စိုက် MNC  အိမ်ခြံမြေဈေးကွက်ဆိုင်ရာ လုပ်ငန်းစုတစ်ခုဖြစ်သည့်  Hoang Anh Gia Lai(HAGL)    မြန်မာ စင်တာမှLake Suites  အိမ်ခန်းများကို နှစ် ၇၀ အငှားစာချုပ်ဖြင့် ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါHAGL မြန်မာ၏ တစ် ပေပတ်လည်ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၂၃၀ခန့်ရှိကြောင်း သိရသည်။ ယင်းစင်တာမှ Lake Suites  အိမ်ခန်း များကို B.O.T.ွှ စနစ်ဖြင့် ရောင်းချပေး မည်ဖြစ်သည်။

အရောင်းအဝယ်ပါးသေ်ာလည်း ကားဈေးကွ့်တစ်ခုလုံးခြုံပြီး ဈေးတက်မှုရှိလာ

Wed, 06/17/2015 - 20:57 -- journal_editor

     ဇွန်လဒုတိယပတ်အတွင်း  ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ  ယခင်ရက်သတ္တပတ်များနည်းတူ ယာဉ်ဟောင်းအပ်နှံစလစ်ဈေးတန်း မာ နေပြီး အရောင်းအဝယ်များလည်း အေးနေကြောင်း သိရသည်။
ကားဈေးကွက်တစ်ခုလုံးတွင် အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက် ပြီး အက္ခရာအနိမ့်ကားလေးများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း၊ စလစ်ကပ်များထဲတွင်လည်း နံပါတ်ထွက်ပြီးကားများကိုသာ ရွေးချယ်ဝယ်ယူမှု ရှိလာကြောင်း သိရသည်။

Pages

Subscribe to RSS - အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်