Main menu

Background

အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်

ရန်ကုန်ကားဈေးကွက် အေးသည်ထက်အေးလာ

Tue, 07/26/2016 - 15:55 -- journal_editor

ဇူလိုင်လနှောင်းပိုင်း  ရန်ကုန်ကားဈေးကွက်၏ အခြေ အနေမှာ ယခင်တစ်ပတ်များထက်ပင်  ဈေးအေးသည်ထက် အေးနေပြီး အရောင်းအဝယ်များလည်း နည်းပါးကာ ကား ပွဲစားတန်းနေရာများနှင့်  အရောင်းစင်တာများတွင်ပါမူ  လူ အဝင်အထွက် ကျဲနေကြောင်း သိရသည်။ရန်ကုန်ကားဈေးကွက်အတွင်း  ကားအရောင်းအဝယ် နည်းပါးသွားပြီး  ဈေးကွက်အေးနေသော်လည်း  ရန်ကုန်ရှိ ဆိပ်ကမ်းများတွင် ကားအဝင်များသိသိသာသာလျော့ကျခြင်း မရှိဘဲ  ဆက်လက်  ဝင်ရောက်လျက်ရှိကြောင်း၊    ယင်းသို့ အရောင်းအဝယ်ပါးသော်လည်း  ကားများ ဆက်လက်ဝင် ရောက်နေရခြင်းမှာ ရန်ကုန်ကားဈေးကွက်အတွင်းသို့  ဖရီး ပါမစ်ကားများ နယ်လိုင်စင်ဖြင့်   မှတ်ပုံတင်ပြီးစီးနင်းနေ ကြသည့်  သဘောပင်ဖြစ်ပြီး၊ ရန်ကုန်အနီးတစ်ဝ

ရန်ကုန်ကားဈေးကွက်အဝယ်နည်းပြီး အရောင်းအဝယ်အေးနေ

Wed, 06/29/2016 - 11:09 -- journal_editor

        ဇွန်လနှောင်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ နယ်အဝယ်များဆင်းသော်လည်း ဈေးကွက် ပြန်အေးသွားကြောင်း၊ ယခင်တစ်ပတ်က ဖရီးပါမစ်သာမက  စလစ်ကပ်ကား ဈေးကွက်ပါ  အရောင်းအဝယ်ရှိနေ ရာမှ ယခုတစ်ပတ်တွင် အမေးသာရှိ၍ အရောင်းအဝယ် ပြန်နည်းသွား ကြောင်း သိရသည်။

ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ကားပါကင်ထောက်ခံချက်ရယူရန် မလိုဘဲ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသွားမည်

Tue, 06/21/2016 - 11:40 -- journal_editor

          ကုန်စည်ပို့ဆောင်ရေးနှင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ကား ပါကင်ခွင့်ပြုချက်ရယူရန် မလိုဘဲ မော်တော်ယာဉ်များကို တင်သွင်း ခွင့်ပြုသွားမည်ဖြစ်ကြော င်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့၏ ညှိနှိုင်းချက်များအရ သိရသည်။ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရာတွင် အသုံးပြုသော ယာဉ် များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးယာဉ်ယန္တရားများ၊ လယ်ယာ လုပ်ငန်းခွင်သုံးယာဉ်ယန္တရား များတင်သွင်းရာတွင် လုပ်ငန်းလုပ်ကိုင် သောကုမ္ပဏီအများစုမှာ စီးပွားရေး အချက်အခြာကျသော ရန်ကုန် မြို့တွင် ရု

ကားဈေးတန်းတက်လာသော်လည်း အရောင်းအဝယ်အေးလာသည့် ကားဈေးကွက်

Tue, 06/14/2016 - 15:40 -- journal_editor

             ဇွန်လလယ်ထဲ ရောက်ရှိလာသော ရန်ကုန် မြို့ကားဈေးကွက်မှာ အစပိုင်းကောင်းတော့မလိုနဲ့ ဈေးတန်းများ မာလာ ကာ အရောင်းအဝယ်   ပြန်လည်အေးသွားကြောင်း  သိရသည်။ ရန်ကုန်ကားဈေးကွက်ထဲတွင် ဖရီးပါ မစ် ကားများမှာ သြင်္ကန်ပွဲတော်ကာလပြီးကတည်းက   အကြားသတင်း  အမျိုး မျိုးနဲ့  ကားပါကင်နေရာ  ထောက်ခံချက်ကိစ္စများကြောင့် ဈေးကွက်ထဲတွင်  စောင့်ကြည့်သူများပြီး  အရောင်းအဝယ် နည်းနေရာမှ အခွန်ကောက်ခံမှု ကိစ္စ ထွက်ပေါ်လာပြီး ယခု ဇွန်၁ ရက်မှစ၍ ဖရီးပါမစ်ကားများအားကြိုတင်ဝင်ငွေခွန် စတင်ကောက်ခံလာသဖြင့်  အခွန်မူဝါဒအသက်ဝင် လာပြီဖြစ် ပြီး အင်ဂျင်ပါဝါ  ၁၃၀၀ စီစီနှင့်  အောက်ကားများ  ပါဝင်ကာ ရန်ကုန်ကားပါက င်ထောက်ခံချက်စနစ် ပြန

ရန်ကုန်ကားဈေးကွက် ကားလေး၊ ကားလတ်ဈေးတန်းတဖြည်းဖြည်း တက်လာ

Wed, 06/01/2016 - 13:51 -- journal_editor

ရန်ကုန်မြို့  ကားဈေးကွက်အတွင်း မေလကုန်ခါနီးအခြေအနေမှာ နွေ ရာသီအပူပြင်းဆုံး ကာလများထဲတွင် မိုးရွာလိုက်သည့်အတွက်  မိုးရွာခါစ ဈေးကွက်အတွင်း  ကားကြည့်သူများ အနည်းငယ်ကျဲ
သွားသော်လည်း နောက် ပိုင်းမိုးများသော်လည်း  ပြတ်တောင်း ပြတ်တောင်းရွာသည့်အချိန်များတွင် ကားရောင်းဝယ်ရေးစခန်းများနှင့် ကား အရောင်းစင်တာများတွင်ပါ ကားကြည့် သူများပြားလာပြီး

အသစ်တင်သွင်းလာသည့်ကားများ ဈေးတန်းမာသလို စလစ်ဈေးလည်း မြင့်တက်မှုရှိနေ

Thu, 08/13/2015 - 19:01 -- journal_editor

     သြဂုတ်လပထမပတ်၏ ရန်ကုန်ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်အေးနေဆဲဖြစ်ပြီး မိုးရာသီကာလအသုံးများကားအချို့သာ အရောင်းအဝယ် ရှိနေကြောင်းသိရသည်။ လကုန်ပိုင်း၌  မိုးရွာသွန်းမှုများပြားနေ ပြီး ဒေါ်လာဈေးနှုန်းသတ်မှတ်ချက်လည်း ယခင်ထက်စာလျင် မြင့်မားနေသဖြင့် ကားပွဲစားတန်းများတွင် ဈေးကွက်အေးနေပြီး အရောင်းပြခန်းများတွင် အမေးအဝယ်ရှိကြောင်းသိရသည်။ အသစ်သွင်းကားများအနေဖြင့် အရောင်း အဝယ်လုပ်ရာတွင် ဝယ်သူပေးသည့်ဈေးနှုန်းလိုက် မချနိုင်သဖြင့် အင်ဂျင်ပါဝါကြီးအသစ် တင်သွင်းလာသည့်ကားများ ယာဉ်နံပါတ် မထုတ်ရသေးသည့် ကားများအရောင်းအဝယ်ပါးနေကြောင်းသိရသည်။

Pages

Subscribe to RSS - အိမ်၊ ခြံ၊ မြေ၊ ကား ဈေးကွက်