တရုတ်သိပ္ပံပညာရှင်များက စူပါနွားများကို ပုံတူပွားဖန်တီးနိုင်ခဲ့
နွားနို့ပမာဏအမြောက်အမြား ထုတ်လုပ်ပေးနိုင်မည့် စူပါနွားဟု အမည်ပေးထားသည့် ပုံတူပွားဖန်တီးထားသော နွားသုံးကောင်ကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ပုံတူပွားနိုင်ခဲ့ပြီဖြစ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ဖန်တီးလိုက်သည့် အဆိုပါ စူပါနွားများသည် ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင် နို့ပမာဏအမြောက်အမြားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။