ဘရာဇီးငှက်ပျော တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာ
ကလေးမြို့ လှိုင်သာယာအမှတ်(၁)ရပ်ကွက်ရှိ ဦးအောင်သန်းဦး၏လစ်လပ်နေသော မြေနေရာများတွင်တစ်ပိုင်တစ်နိုင် စိုက်ခင်းအဖြစ် ဘရာဇီးငှက်ပျောပင်များ စိုက်ပျိုးထားကြောင်း သိရှိရ သည်။ငှက်ပျောပင်ပေါက်များကို မန္တလေးမှ မှာယူရပြီး တစ်ပင်လျှင် ကျပ် ၁၀ဝ၀ ပေးရ ကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပေပတ်လည် ကျင်း တူး၍ ခုနစ်ပေခြား စိုက်ပျိုးရကြောင်း၊ ပထမဦးစွာ မြေအောင်း ပိုးသတ်ဆေး၊ အမြစ်ပွားဆေးရည်များ ထည့်ပြီးနောက် ကြက်ချေးတစ်ဆနှင့် ဖွဲပြာနှစ်ဆရောမွေပြီး ကျင်းထဲသို့ နှပ်ထားကာ ရေလောင်းပြီး နှစ်ရက်ကြာမှ ငှက်ပျောပင်ပေါက်များ စတင် စိုက်ပျိုးသည်။ ဘရာဇီးငှက်ပျောပင်သည်ရေကြိုက်သော် လည်း ရေဝပ်ခြင်းကို မကြိ