လွန်ခဲ့သည့်သုံးလအတွင်း စင်ကာပူတွင် လစာအဖြတ်ခံရသော လုပ်သားနှစ်သိန်းနီးပါးရှိ
မတ် ၁၂ ရက်မှစ၍ သုံးလတာကာလအတွင်း အလုပ်ရှင်ပေါင်း ၄၈၀ဝ ကျော်က ကုန်ကျစရိတ် သက်သာရေး အစီအမံများကို လူအင်အားဝန်ကြီး ဌာနသို့တင်ပြခဲ့ရာ ကုမ္ပဏီဝန်ထမ်းများ၏ လစာ များကိုလည်း ထိခိုက်မှုရှိခဲ့ကြောင်း Straitstimes သတင်းတွင် ဖော်ပြသည်။ ယခုအချိန်ထိ တင်ပြခဲ့သော အစီရင်ခံစာ အားလုံးကိုကြည့်ပါက လစာအလျှော့ခံရသော အလုပ်သမားစုစုပေါင်း ၁၈၇၀ဝ ရှိပြီး အများစုမှာ ကိုဗစ်-၁၉ ၏ ပြင်းပြင်းထန်ထန် ဂယက်ရိုက်ခံရ သောလုပ်ငန်းကဏ္ဍမှ ဖြစ်သည်ကိုတွေ့ရကြောင်း ဇွန် ၂၄ ရက်က ထုတ်ပြန်သော ဝန်ကြီးဌာန၏ကြေညာချက်အရ သိရသည်။ အိမ်ဖော်များကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ထိခိုက်ခံရသော အလုပ်သမားအရေ အတွက်မှာ စုစုပေါင်းလု