ဇန်နဝါရီလက ဗီယက်နမ်နိုင်ငံ၏ ပြည်ပသို့ ဆန်တင်ပို့မှု တိုးတက်ခဲ့
၂၀၂၀ပြည့်နှစ် ဇန်နဝါရီလတွင် ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ဆန် တင်ပို့မှုတွင် ပြီးခဲ့သောလနှင့် နှိုင်းယှဉ် ပါက တန်ဖိုးအားဖြင့် ၃၉ ရာခိုင်နှုန်းနှင့် အရေအတွက်အားဖြင့် ၁၂ ရာခိုင်နှုန်း တိုးတက်မှုတို့ဖြင့် ဆန်တန်ချိန် ၅၆၀ဝ၀ဝ တန် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၀ ဒသမ ၃ သန်းရရှိခဲ့ကြောင်း အထွေ ထွေအကောက်ခွန်ဌာန၏ ပြောကြား ချက်အရ သိရှိရသည်။ ဗီယက်နမ်နိုင်ငံသည် Tet ပွဲတော် မတိုင်ခင်က အခြားနိုင်ငံများထက် ပိုမို ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းများကြောင့် ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံများသို့ ဆန်တင်ပို့ရန် ပြည်တွင်း စီးပွားရေး လုပ်ငန်းများက စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ သင်္ဘောပေါ်ရောက် (FOB) ဈေးနှုန်း