အခုရာသီဟာ ရော်ဘာရွက်ေြွကချိန်ဖြစ်တဲ့အတွက် သဘာဝ အရ ရော်ဘာစေး အထွက်နည်းလို့ ခြံတွေဟာ ပုံမှန် ၂ ပတ်က ၄ ပတ် အစေးခြစ်နားကြပေမယ့် ဈေးကောင်းရလို့ အခိုျ့ခြံရှင်များက ၂ ပတ်လောက် ပဲ နားကြတယ်လို့ သိရပါတယ်။ ၂ဝဝ၉ ဒီဇင်ဘာလ ကုန်ပိုင်းကစပြီး တဖြည်း ဖြည်းတိုးလာတဲ့ ရော်ဘာဈေးဟာ ၂ဝ၁ဝ ဇန်နဝါရီ ပထမပတ် နောက် ပိုင်းရက်မှာ RSS- 3 တစ်ပေါင် ၁၁၅ဝ ကျပ် RSS-5 တစ်ပေါင် ၁၁ဝဝ ကျပ်ဖြစ်ပေါ်ခဲ့သလို၊ ဇန်နဝါရီ ဒုတိယ ပတ်မှာ RSS- 3 တစ်ပေါင် ၁၂ဝဝ ကျပ်၊ RSS-5 တစ်ပေါင် ၁၁၅ဝ ကျပ် ကို ဆက်လက် မြင့်တက်လာပါတယ်။ ဇန်နဝါရီ ပထမ ၁ဝ ရက်မှာ မွန်ပြည်နယ်က ရန်ကုန် မန္တလေးမြို့များကို ရော်ဘာ တန်ချိန် ၆၆၁ တန် တင်ပို့ခဲ့ ကြောင်းသိရပါတယ်။ ငြိမ်းမြတ်ကျော်
Background