မူဆယ်မှ တရုတ်တင်ပို့ သစ်သီးဝလံတင်ပို့မှု
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ၂၀၁၉ ရာသီတွင် သစ်သီးဝလံများ တင်ပို့လျက်ရှိရာ ဖရဲတင်ပို့မှုမှာ မေ ၁၈ ရက်အထိ ဆက်တိုက် နေ့စဉ်တင်ပို့ခဲ့သော်လည်း မေ ၁၈ ရက် နောက်ပိုင်းတွင် အနည်း ငယ်သာ တင်ပို့ခဲ့ပြီး နေ့စဉ်တင်ပို့ခြင်းမရှိပေ။ ဇွန်လတွင် ဖရဲကား ခုနစ် စီး၊ ၁၀၃ ဒသမ၅တန်နှင့်သခွားတစ်စီး ခုနှစ်တန် သာ တင်ပို့နိုင်ခဲ့သည်။ သရက်သီးတင်ပို့မှုမှာ ဧပြီလပထမပတ်တွင် စတင်ခဲ့ပြီး ဧပြီ၊ မေ၊ ဇွန်လအထိ လှိုင်လှိုင်တင်ပို့ နိုင်ခဲ့သည်။ မေလတွင်၂၁၆၇၈ တန်၊ ဇွန်လတွင် ၁၉၅၆၉ တန်၊ ဇူလိုင်လတွင် တင်ပို့မှုအနည်းငယ် လျော့နည်းစပြုလာသည်။သရက်သီးတင်ပို့နိုင် ခြင်းမှာ ဧပြီ၊ မေ၊ ဇွန်သရက်သီးရာသီ တစ်ခုလုံ