ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြု
ရာသီပေါ် သီးနှံများကို ကာလသတ်မှတ်၍ နယ်စပ်ဒေသများမှ တင်သွင်းခွင့် ပြုမည်ဖြစ်ပြီး ယင်း သို့ ခွင့်ပြုပေးရာတွင် ပြည်တွင်း စိုက်ပျိုးထွက်ရှိမှုအပေါ် မူတည်၍ ပြောင်းလဲ သတ်မှတ်သွားမည်ဖြစ်ကြောင်း ကုန်သွ ယ်ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ရာသီပေါ်သီးနှံများ ပြည်ပမှ တင်သွင်း ခြင်းအတွက် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ပြီး သွင်းကုန်လိုင်စင် လျှောက် ထားရန် လိုအပ်သော သီးနှံများ တင်သွင်းမှုနှင့် ပတ် သက်၍ စိုက်ပျိုးရေး ဦးစီးဌာန၏ တင်သွင်းခွင့် ထောက်ခံချက် လက်မှတ်နှင့်အတူ သွင်းကုန်လိုင်စင် လျှောက်ထားရ မည်ဖြစ်ကြောင်း သိရသည်။