ပြည်တွင်းကုန်သည်များ ကုန်သွယ်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက် လေ့လာမှု အားနည်း
ပြည်တွင်းရှိ ကုန်သည်အချို့နှင့် ကုန်သွယ်မှု ပြုလုပ်နေသူအချို့သည် ကုန်သွယ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်လေ့လာမှု အားနည်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ေ ရးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုးက ဇွန် ၂၄ ရက်တွင် ပြောသည်။ ယင်းသို့ သတင်းအချက်အလက် လေ့လာမှု အားနည်းခြင်းကြောင့် ကုန်သွယ် ဘက် နိုင်ငံများ၏ ဆိပ်ကမ်းမှ ကုန်ပစ္စည်းများ ပြန်လည်သယ်ယူမှု ရှိသဖြင့် ဆုံးရှုံးမှု များ ဖြစ်ပေါ်နေရသည် ဟု ဆိုသည်။"ကုန်သွယ်မှု သတင်းအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံက ကုန်သည်တွေ လေ့လာမှု အားနည်းတယ်။ အာဆီယံ ၁၀ နိုင်ငံ ကုန်သွယ်မှု သတင်းဝက်ဘ်ဆိုက်ရှိတယ်။ ကမ္ဘာ့ ကုန်သွယ်







