တရားမဝင် ရှောင်ကွင်းလမ်းမှ အကောက်ခွန်မဲ့ သယ်ဆောင်လာသော တစ်ဖက်နိုင်ငံထွက် အာလူးများ ဖမ်းဆီးရမိ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနအနေဖြင့် တရုတ်ပြည်မှ စိုက်ပျိုး ထွက်ရှိသည့် အာလူး၊ ကြက်သွန်ဖြူများ အား မိမိနိုင်ငံအတွင်းသို့ တရားဝင် တင်သွင်းခွင့်ပြုထားခြင်း မရှိသကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှလည်း ယခု နှစ်ဆောင်းရာသီပေါ်ချိန်တွင် တရုတ် နိုင်ငံဘက်မှ ထွက်ရှိသည့် အာလူးများ ကို ပြည်တွင်းဈေးကွက်သို့ တရားမဝင် လမ်းကြောင်းများမှ အလုံးအရင်းတင်း သွင်းလျက်ရှိကြောင်း၊ ပြည်တွင်းအာလူး စားသုံးမှုဖူလုံစေရန် ရာသီအလိုက် မိုးကြိုအာလူး၊ ဆောင်းအာလူး၊ နွေ အာလူး စသည်တို့ကို ရှမ်းပြည်နယ် တောင်ပိုင်းတွင် အများဆုံးစိုက်ပျိုးခဲ့ သော်လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီကျေ