ပျားရည်ကုန်စည် တင်ပို့မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ သတ်မှတ်ချက်လုပ်ထုံးလုပ်နည်းများ
တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ပျားရည် ကုန်ပစ္စည်း တင်ပို့သည့် ကုန်သွယ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အကူးအပြောင်းကာလ ၁၈ လကို စီစဉ်ပေး ထားပါကြောင်း၊ အကူးအပြောင်းကာလ ၁၈ လမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်မှ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၈ ရက် အထိဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမှ တရုတ်သို့တင်ပို့ရောင်း ချမည့် ပျားရည်၏အစားအစာ ဘေးကင်းလုံခြုံရေး စီမံ ခန့်ခွဲမှုစနစ်၏ စစ်ဆေးအကဲဖြတ်ခြင်း၊ တင်ပို့သည့် ပျား ရည်ကုန်စည်များ အန္တရာယ် ရှိ/မရှိစိစစ်ခြင်း လုပ်ငန်းတို့ ကို အဆိုပါ အကူးအပြောင်းကာလ ၁၈ လအတွင်း ပြီးစီး အောင် ဆောင်ရွက်ရမည့်အပြင် ပျားရည်ကုန်စည် ကျန်း မာရေးသက်သေခံလက်မှတ်ကို တရုတ်နိုင်ငံမှ သက်










