မြေသြဇာဈေးကွက် အရောင်းအေး
ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေ သြဇာ၁၄၄၈၄တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ ၁၅၇၃၅ တန် ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၂၅၀ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ ၂၄၄၅၈ တန်ကျော်ရှိခဲ့ပြီး၊ ယခင် တစ်ပတ်အဝင်မှာ ၃၇၄၆၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၀၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ မကွေးနဲ့ တောင်ကြီးမှာ ဈေးနည်းနည်းကျ လာတယ်လို့သိရပါတယ်။