ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပိုမိုတင်ပို့
သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၈ သန်းတန်ဖိုးရှိ ဆန် ၈၂၃၈ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၁၇ တန် လျော့နည်းခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၇၉၇ တန်၊ ဧည့်မထဆန်တန် ၉၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၆တန်ခန့်၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၃၅၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။