ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှု တိုးတက်
ရိဒ်ကုန်သွယ်ရေးစခန်းမှ မေလအတွင်း ကုန်သွယ်မှုပမာဏ ဆောင် ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၃ သန်းဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ် ဆုံးကာလဖြစ်တဲ့ ဧပြီလနဲ့နှိုင်းယှဉ်ပါက
အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၂ သန်း ပိုမိုဆောင်ရွက်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပိုမိုရခြင်းမှာ လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်များ၊
စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ မုန့်မျိုးစုံ၊ အချိုရည်၊ ဆပ်ပြာမှုန့်၊ ငါးသေတ္တာ၊ စောင်၊ အမျိုးသမီးစီးဖိနပ်၊ အမျိုးသမီး ဝတ်တီရှပ်တို့ ပိုမိုတင်ပို့နိုင်ပြီး ဓာတ်မြေသြဇာများ တင်သွင်းမှုပိုမိုခဲ့သဖြင့် ကုန်သွယ်မှု










