မွေးမြူရေး ရေထွက်ကုန်များကို တရုတ်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့မည်
ပြည်တွင်းမှ မွေးမြူရေး ရေထွက်ကုန်များကို တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC)နည်းလမ်းဖြင့် တရုတ် နိုင်ငံသို့ တရားဝင် တင်ပို့တော့မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေနှင့် ယခင်က သဘာဝ ရေထွက်ကုန်များကိုသာ တင်ပို့ခဲ့ခြင်းဖြစ်ပြီး စက် တင်ဘာလအတွင်း နှစ်နိုင်ငံဆွေးနွေးမှု သဘော တူညီချက်များအရ မွေးမြူရေး ရေထွက်ကုန်များ ကိုပါ တရုတ်နိုင်ငံသို့ တရားဝင်GACC နည်းလမ်း ဖြင့် တင်ပို့နိုင်ပြီဖြစ်ကြောင်း သိရသည်။