မြန်မာ့ဒူးရင်းသီး တရုတ်ဈေးကွက်သို့ GACC နည်းလမ်းဖြင့် တရားဝင်တင်ပို့နိုင်ရေး စီစဉ်
ပြည်တွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးများကို တရုတ်ဈေးကွက်သို့ တရားဝင် GACC နည်းလမ်းဖြင့် တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ဒူးရင်းသီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနှင့် စိုက်ပျိုး ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဒူးရင်းသီးအား တရုတ်ဈေးကွက်သို့ တင်ပို့နိုင်ရေးအတွက် လိုအပ် သည့် အထောက်အထားGeneral Administration of Customs of China(GACC)) ရရှိရန် လိုအပ်လျက်ရှိကြောင်း သိရ သည်။
