ထန်းလျက် စားသောက်ကုန်များကို အမေရိကန်အပါအဝင် ပြည်ပနိုင်ငံအချို့သို့ တင်ပို့ရောင်းချလျက်ရှိ
ထန်းလျက်ကို အခြေခံသည့် စားသောက်ကုန်များကို ပြည်ပ နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း မန္တလေးတိုင်းဒေသ ကြီး၊ ညောင်ဦးမြို့နယ်ရှိ ထန်းလျက်စားသောက်ကုန်လုပ်ငန်းမှ သိရ သည်။
အဆိုပါ ထန်းလျက်ကို ဆီးထန်းလျက်၊ချင်းထန်းလျက်၊ မန် ကျည်း ထန်းလျက်၊ အုန်းထန်းလျက်၊ ရှားစောင်းလက်ပပ် ထန်းလျက် စသည်ဖြင့် ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်ကြောင်း အဆိုပါ စားသောက်ကုန်လုပ်ငန်းပိုင်ရှင် ဦးမိုးဇော်က ဇန်နဝါရီ ၁၂ ရက်တွင် ပြောသည်။