လာမည့် ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိနေ
လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် လေးသိန်းခန့် တင်ပို့ရန် ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်းမှ သိရသည်။ပြည်ပနိုင်ငံများသို့ မြန်မာ့ရော်ဘာများ တင်ပို့ ရာတွင် တရုတ်နိုင်ငံက အဓိကဝယ်လက်ဖြစ်ပြီး နှစ်စဉ် ၇၅ ရာခိုင်နှုန်းခန့် တရုတ်ဈေးကွက်သို့ တင်ပို့ ရောင်းချနေခြင်းဖြစ်သည်။ ထို့ပြင် စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန် အစရှိသည့် နိုင်ငံ များသို့လည်း တင်ပို့လျက်ရှိပြီး နိုင်ငံအလိုက် တန်ချိန် အနည်းငယ်စီ ဝယ်ယူကြကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ပြည်ပသို့ ရော်ဘာတ